يَوْمَ يُحْمَىٰ عَلَيْهَا فِي نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَٰذَا مَا كَنَزْتُمْ لِأَنفُسِكُمْ فَذُوقُوا مَا كُنتُمْ تَكْنِزُونَ ٣٥
🔤 Transliteration
Yawma yuhmaa `alaihaa fee naari jahannama fatukwaa bihaa jibaahuhum haazaa maa kanaztum li anfusikum fazooqoo maa kuntum taknizoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်�ားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက် يُحْمَىٰ عَلَيْهَا: ထိုဥစ္စာများကို မီးဖြင့် ပူလောင်စေသည်၊ မီးတောက်စေသည်။ فَتُكْوَىٰ: ထိုမီးဖြင့် အသားများ လောင်ကျွမ်းစေသည်၊ မီးနှင့်ထိစေသည်။ جِبَاهُهُمْ: သူတို့၏ နဖူးများ။ جُنُوبُهُمْ: သူတို့၏ နံဘေးများ။ ظُهُورُهُمْ: သူတို့၏ ကျောများ။ كَنَزْتُمْ: သင်တို့ သိုမှီးသိမ်းဆည်းထားခဲ့သည်။ تَكْنِزُونَ: သင်တို့ သိုမှီးလေ့ရှိသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ရှေးအာယသ်တော်များတွင် ဖော်ပြထားသော ရွှေငွေများကို သိုမှီးသိမ်းဆည်းထားပြီး အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မသုံးစွဲသောသူများ၏ အပြစ်ဒဏ်အကြောင်းကို ဆက်လက်ဖော်ပြထားခြင်း ဖြစ်သည်။
ထိုနေ့သည် ကိယာမသ်နေ့ ဖြစ်သည်။ ထိုနေ့တွင် သူတို့သိုမှီးသိမ်းဆည်းထားခဲ့သော ရွှေငွေများကို ဂျဟန်နမ်မီးထဲတွင် ပူလောင်စေပြီး မီးတောက်စေမည်။ ထိုရွှေငွေများ မီးနီမီးခိုးဖြစ်လာသောအခါ ထိုမီးဖြင့် သူတို့၏ နဖူးများ၊ နံဘေးများနှင့် ကျောများကို လောင်ကျွမ်းစေမည်။ ထိုအခါ သူတို့အား ကဲ့ရဲ့ပြစ်တင်သည့်အနေဖြင့် “ဤသည်ကား သင်တို့ကိုယ်တိုင် အတ္တအတွက် သိုမှီးသိမ်းဆည်းထားခဲ့သော ဥစ္စာများ ဖြစ်သည်။ သင်တို့ သိုမှီးသိမ်းဆည်းထားခဲ့သည့်အတွက် ယခု အပြစ်ဒဏ်ကို မြည်းစမ်းကြလော့” ဟု မိန့်တော်မူမည်။
ဆိုလိုသည်မှာ သူတို့သည် ဥစ္စာပစ္စည်းများကို သိုမှီးသိမ်းဆည်းထားပြီး ဇကာသ်ကဲ့သို့သော အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးများကို မပေးဆောင်ခဲ့ကြပေ။ ထို့ကြောင့် ထိုဥစ္စာများသည် သူတို့အတွက် မီးဖြစ်လာပြီး သူတို့၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေမည် ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ဥစ္စာပစ္စည်းများကို သိုမှီးသိမ်းဆည်းထားပြီး ဇကာသ်နှင့် အခြားသော တာဝန်များကို မပေးဆောင်ခြင်းသည် ကြီးလေးသော အပြစ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ပေးသနားတော်မူသော ဥစ္စာပစ္စည်းများကို ကိုယ်ကျိုးအတွက်သာ မသုံးစွဲဘဲ အရှင်မြတ်၏ လမ်းတော်တွင် သုံးစွဲခြင်းသည် ကယ်တင်ခြင်း၏ လမ်းဖြစ်သည်။ ဤအာယသ်တော်သည် အစ္စလာမ်ဘာသာ၏ စီးပွားရေးတရားမျှတမှုနှ
يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ ٣٥
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်�ားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 33-37 — စူရာ အတ်-တောင်ဘ
33 هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။
34 ۞ يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ كَثِيرًا مِّنَ الْأَحْبَارِ وَالرُّهْبَانِ لَيَأْكُلُونَ أَمْوَالَ النَّاسِ بِالْبَاطِلِ وَيَصُدُّونَ عَن سَبِيلِ اللَّهِ ۗ وَالَّذِينَ يَكْنِزُونَ الذَّهَبَ وَالْفِضَّةَ وَلَا يُنفِقُونَهَا فِي سَبِيلِ اللَّهِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ဧကန်စင်စစ် များစွာသော (ယဟူဒီ၊ ခရစ်ယာန်) ဓမ္မဆရာများသည်လည်းကောင်း၊ ဘုန်းကြီးရဟန်းများသည်လည်းကောင်း၊လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးကြကုန်၏။ ထို့အပြင်အကြင်သူတို့သည် ရွှေ၊ ငွေ၊(ရတနာပစ္စည်း)များကို စုဆောင်းသိုမှီး၍ ထားရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် ၎င်း(ရွှေ၊ငွေ၊ရတနာများ) ကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲကြသည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ခံကြရမည့်အကြောင်း သတင်းကောင်း ပြောကြားပါလေ။
35 يَوْمَ يُحْمَىٰ عَلَيْهَا فِي نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَٰذَا مَا كَنَزْتُمْ لِأَنفُسِكُمْ فَذُوقُوا مَا كُنتُمْ تَكْنِزُونَ
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်�ားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။
36 إِنَّ عِدَّةَ الشُّهُورِ عِندَ اللَّهِ اثْنَا عَشَرَ شَهْرًا فِي كِتَابِ اللَّهِ يَوْمَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ مِنْهَا أَرْبَعَةٌ حُرُمٌ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ ۚ فَلَا تَظْلِمُوا فِيهِنَّ أَنفُسَكُمْ ۚ وَقَاتِلُوا الْمُشْرِكِينَ كَافَّةً كَمَا يُقَاتِلُونَكُمْ كَافَّةً ۚ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထဝီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ‘ဒီန်’ သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘မွတ်ရှ်ရစ်က်’ အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
37 إِنَّمَا النَّسِيءُ زِيَادَةٌ فِي الْكُفْرِ ۖ يُضَلُّ بِهِ الَّذِينَ كَفَرُوا يُحِلُّونَهُ عَامًا وَيُحَرِّمُونَهُ عَامًا لِّيُوَاطِئُوا عِدَّةَ مَا حَرَّمَ اللَّهُ فَيُحِلُّوا مَا حَرَّمَ اللَّهُ ۚ زُيِّنَ لَهُمْ سُوءُ أَعْمَالِهِمْ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
လများကိုရွှေ့ဆိုင်းခြင်းသည် ကွဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ‘ကာဖိရ်’မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ‘ဟလာလ်’ ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ‘ဟရာမ်’ ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ်’ ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။(ရကူ)
ဘာသာပြန် — အတ်-တောင်ဘ 35 စူရာ အတ်-တောင်ဘ အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက်…
စူရာ အာယာသ် 35/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.