ယူနူစ် · 87/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ ۝٨٧
Wa awhainaaa ilaa Moosaa wa akheehi an tabaw wa aa liqawmikuma bi Misra bu yootanw waj`aloo bu yootakum qiblatanw wa aqeemus Salaah; wa bashshiril mu`mineen
📖 မြန်မာဘာသာ
၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 85-89 — စူရာ ယူနူစ်

85فَقَالُوا عَلَى اللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلْقَوْمِ الظَّالِمِينَ
ထိုအခါ နဗီတမန်တော်မူစာ၏ အမျိုးသားတို့က (အို-နဗီတမန်တော်မူစာ၊) ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထားကြပါပြီ ဟုပြောဆိုပြန်ကြားခဲ့ပြီး (အလ္လာဟ်အရှင်မြတ်အထံတော်၌) အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်(ဟုပန်ကြားခဲ့ကြလေသည်။)
86وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ
ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ(ဟူ၍ဆုပန်ခဲ့ကြလေသတည်း။)
87وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ
၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။
88وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَن سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
89قَالَ قَدْ أُجِيبَت دَّعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — ယူနူစ် 87

စူရာ ယူနူစ် အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏…

စူရာ အာယာသ် 87/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers