وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَن سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ ٨٨
🔤 Transliteration
Wa qaala Mosaa Rabbanaaa innaka aataita Fir`awna wa mala ahoo zeenatanw wa amwaalan fil hayaatid dunyaa Rabbanaa liyudillo `ansabeelika Rabbanat mis `alaaa amwaalihim washdud `alaa quloobihim falaa yu`minoo hatta yarawul `azaabal aleem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
🌐 Additional reference in ภาษาไทย
၁။ ကလိမဟ်များ၏ အဓိပ္ပာယ်
ဇီနသန် (زِينَةً ) — တန်ဆာဆင်ယင်မှု၊ လောကီပစ္စည်းဥစ္စာများဖြင့် အလှဆင်ထားသည့် အရာများ။ မလာအဟူ (مَلَأَهُ ) — ဖိရ်အောင်န်၏ အကြီးအကဲများ၊ မှူးမတ်အသိုင်းအဝိုင်းများ။ အသ်သွမိစ် (اطْمِسْ ) — ဖျက်ဆီးပစ်ပါ၊ ပျောက်ကွယ်သွားစေပါ၊ အရာဝတ္ထုများ၏ သဲလွန်စကို ဖျောက်ဖျက်ပစ်ပါ။ အရှ်ဒုဒ် (وَاشْدُدْ ) — တင်းကျပ်စေပါ၊ တံဆိပ်ခတ်ပိတ်ပါ၊ ခိုင်မာစေပါ။ အလီမ် (الْأَلِيمَ ) — အလွန်နာကျင်ဖွယ်ဖြစ်သော၊ ပြင်းထန်စွာ ခံစားရဖွယ်ဖြစ်သော။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) က အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပန်ကြားခဲ့သည်။ သူက ဤသို့လျှောက်ထားသည် — အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ဖိရ်အောင်န်နှင့် သူ၏ အကြီးအကဲများကို လောကီဘဝတွင် တန်ဆာဆင်ယင်မှုအမျိုးမျိုးနှင့် ဥစ္စာဓနပစ္စည်းများကို ပေးသနားတော်မူခဲ့ပါသည်။ သို့သော် သူတို့သည် ထိုကျေးဇူးများကို အရှင်မြတ်အား ကျေးဇူးတင်ခြင်းအတွက် အသုံးမပြုကြဘဲ၊ ထိုပစ္စည်းဥစ္စာများကို အရှင်မြတ်၏ လမ်းတော်မှ လူများကို လမ်းလွဲစေရန်အတွက်သာ အသုံးချကြပါသည်။ ထို့ကြောင့် အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ သူတို့၏ ဥစ္စာဓနများကို ဖျက်ဆီးပစ်တော်မူပါ၊ သူတို့ မည်သည့်အကျိုးကိုမျှ မခံစားရအောင် ပျောက်ကွယ်စေတော်မူပါ။ ထို့အပြင် သူတို့၏ စိတ်နှလုံးများကို တင်းကျပ်စွာ ပိတ်ထားတော်မူပါ၊ သူတို့သည် နာကျင်ဖွယ်ပြင်းထန်သော ပြစ်ဒဏ်ကို မျက်မြင်တွေ့ရသည့်အချိန်အထိ သက်ဝင်ယုံကြည်ခြင်းသို့ မရောက်ရှိကြပါစေနှင့်။
ဤဆုတောင်းချက်သည် တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) က ဖိရ်အောင်န်နှင့် သူ၏အသိုင်းအဝိုင်းကို သတိပေးနှိုးဆော်ပြီးနောက်၊ သူတို့သည် ယုံကြည်ခြင်းသို့ ရောက်ရှိရန် မည်သည့်လမ်းစဉ်မျှ မရှိတော့ကြောင်း အလ္လာဟ်အရှင်မြတ်၏ အသိပညာတော်ဖြင့် သိရှိတော်မူသောကြောင့် ထိုသို့ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရေနစ်မြုပ်ခြင်း ဟူသော ပြင်းထန်နာကျင်ဖွယ် ပြစ်ဒဏ်ကို မျက်မြင်တွေ့ရသည့်အခါမှသာ ယုံကြည်လာကြမည်ဖြစ်သော်လည်း ထိုအချိန်တွင် သူတို့၏ ယုံကြည်ခြင်းသည် အကျိုးမရှိတော့ပေ။
၃။ ဤအာယသ်တော
وَقَالَ مُوسَىٰ رَبَّنَآ إِنَّكَ ءَاتَيۡتَ فِرۡعَوۡنَ وَمَلَأَهُۥ زِينَةً وَأَمۡوَٰلًا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا رَبَّنَا لِيُضِلُّواْ عَن سَبِيلِكَۖ رَبَّنَا ٱطۡمِسۡ عَلَىٰٓ أَمۡوَٰلِهِمۡ وَٱشۡدُدۡ عَلَىٰ قُلُوبِهِمۡ فَلَا يُؤۡمِنُواْ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ ٨٨
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 86-90 — စူရာ ယူနူစ်
86 وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ
ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ(ဟူ၍ဆုပန်ခဲ့ကြလေသတည်း။)
87 وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ
၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။
88 وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَن سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
89 قَالَ قَدْ أُجِيبَت دَّعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။
90 ۞ وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدْوًا ۖ حَتَّىٰ إِذَا أَدْرَكَهُ الْغَرَقُ قَالَ آمَنتُ أَنَّهُ لَا إِلَٰهَ إِلَّا الَّذِي آمَنَتْ بِهِ بَنُو إِسْرَائِيلَ وَأَنَا مِنَ الْمُسْلِمِينَ
ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တို့၏နောက်သို့ ဖစ်ရ်အောင်န် နှင့် ထိုဖစ်ရ်အောင်န်ဗိုလ်ခြေဗိုလ်ပါ တို့သည် မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သော အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ပါပြီ။ ထို့ပြင် ကျွန်တော်မျိုးသည် မုစ်လင်မ်အမိန့်တော်ကို လိုက်နာသောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါပြီဟု ပြောဆိုခဲ့လေသတည်း။
ဘာသာပြန် — ယူနူစ် 88 စူရာ ယူနူစ် အာယာသ် 88 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင်…
စူရာ အာယာသ် 88/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 86–90. မြန်မာဘာသာ: ภาษาไทย.