وَيَا قَوْمِ مَن يَنصُرُنِي مِنَ اللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ ٣٠
🔤 Transliteration
Wa yaa qawmi mai yansurunee minal laahi in tarattuhum; afalaa tazak karoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
ယာ ကောင်မိ : အို ငါ၏လူမျိုး မန် ယန်ဆုရုနီ : ငါ့ကို မည်သူကူညီမည်နည်း မင်နလ္လာဟိ : အလ္လာဟ်အရှင်မြတ်ထံမှ အင်သွရဒ်သုဟုမ် : အကယ်၍ ငါသည် သူတို့ကို နှင်ထုတ်ခဲ့လျှင် အဖလာ တဇက္က�ူန : သင်တို့သည် သတိရတသ ဆင်ခြင်သုံးသပ်ကြသည်မဟုတ်လော ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
တမန်တော် နူဟ် (အလိုင်ဟိစ္စလာမ်) သည် မိမိလူမျိုးတို့အား ဤသို့ဆိုခဲ့သည်။ အို ငါ၏လူမျိုး၊ ငါသည် အီမာန်ယုံကြည်သူတို့ကို နှင်ထုတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ငါ့ကို မည်သူကာကွယ်ကူညီမည်နည်း။ ငါသည် သူတို့ကို မတရားသဖြင့် နှင်ထုတ်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်သည် ငါ့ကို အပြစ်ပေးတော်မူလျှင် မည်သူက ငါ့ကို ကယ်တင်နိုင်မည်နည်း။ သင်တို့သည် ဤအချက်ကို မစဉ်းစားမဆင်ခြင်ကြသလော။ သင်တို့အတွက် အကျိုးအရှိဆုံးနှင့် အကောင်းဆုံးသောအရာကို မသိရှိကြသလော။
၃။ ရရှိသော သင်ခန်းစာများနှင့် အကျိုးကျေးဇူးများ
အစ္စလာမ်သည် ယုံကြည်သူအားလုံးကို တန်းတူညီမျှစွာ ဆက်ဆံသည်။ ဆင်းရဲသော၊ အားနည်းသော ယုံကြည်သူများကို နှင်ထုတ်ခြင်းသည် မတရားမှုဖြစ်သည်။ ခေါင်းဆောင်များနှင့် ဒါအီများသည် မိမိတို့၏ လူမျိုးများကို ကရုဏာထားရမည်။ အားနည်းသူများကို စွန့်ပစ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ခံရနိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် တရားမှတ်တော်မူသော အရှင်ဖြစ်သည်။ မည်သူမျှ ကိုယ်တော်ထံမှ မလွတ်မြောက်နိုင်ပါ။ သတိရတသ ဆင်ခြင်သုံးသပ်ခြင်းသည် အီမာန်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ရမည်။ အစ္စလာမ်သည် လူသားအားလုံးအတွက် အကျိုးရှိသော၊ တရားမျှတသော လမ်းစဉ်ဖြစ်သည်။ ဤလမ်းစဉ်ကို လိုက်နာခြင်းဖြင့် ဤဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှုရရှိမည်။
وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ ٣٠
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 28-32 — စူရာ ဟူဒ်
28 قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي رَحْمَةً مِّنْ عِندِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَارِهُونَ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။
29 وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُم مُّلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။
30 وَيَا قَوْمِ مَن يَنصُرُنِي مِنَ اللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
31 وَلَا أَقُولُ لَكُمْ عِندِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ إِنِّي مَلَكٌ وَلَا أَقُولُ لِلَّذِينَ تَزْدَرِي أَعْيُنُكُمْ لَن يُؤْتِيَهُمُ اللَّهُ خَيْرًا ۖ اللَّهُ أَعْلَمُ بِمَا فِي أَنفُسِهِمْ ۖ إِنِّي إِذًا لَّمِنَ الظَّالِمِينَ
၎င်းပြင် ငါသည် မိမိထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များရှိသည်ဟူ၍လည်းကောင်း၊ ငါသည်အကွယ်၌ရှိသောအရာအားလုံးကို သိသည် ဟူ၍လည်းကောင်း၊အသင်တို့အား ပြောဆိုသည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ် ငါသည် ကောင်းကင်တမန်ဖြစ်သည်ဟူ၍လည်း ပြောဆိုသည် မဟုတ်ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်တွင်သေးသိမ်လျက်ရှိကြကုန်သောသူတို့နှင့် ပတ်သက်၍ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်ခြင်းကို အလျင်းချီးမြှင့်ပေးသနားတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းပြောဆိုသည်မဟုတ်ချေ။ ၎င်းတို့၏စိတ်နှလုံးတွင် ရှိသည်တို့ကိုအလ္လာဟ်အရှင်မြတ်ပင် အသိဆုံးသောအရှင်မြတ်ဖြစ်တော်မူပေသည်။ ဧကန်မလွဲ ငါသည် ထိုကဲ့သို့(ပြောမိခဲ့ပါ)လျှင်မတရား သောသူတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ပေမည်။
32 قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
(ထိုအခါ အမျိုးသားများက ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို-နူဟ်၊ ဧကန်မလွဲ အသင်သည် ကျွန်ုပ်တို့နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ တစ်ဖန် အသင်သည်(ယင်းကဲ့သို့)ကျွန်ုပ်တို့နှင့် အငြင်းအခုံ ပြုခြင်းကို အလွန်များမြောင် (ကျယ်ပြန့်)စေခဲ့ပြန်၏။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည်သစ္စာဝါဒီ မှန်ကန်စွာပြောဆိုသူဖြစ်ပါလျှင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော ပြစ်ဒဏ်ကို အသင်သည် ကျွန်ုပ်တို့ထံယူဆောင်ခဲ့လော့။
ဘာသာပြန် — ဟူဒ် 30 စူရာ ဟူဒ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည်…
စူရာ အာယာသ် 30/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.