ယူစူဖ် · 24/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَن رَّأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ ۝٢٤
Wa laqad hammat bihee wa hamma bihaa law laaa ar ra-aa burhaana rabbih;; kazaalika linasrifa `anhu sooo`a walfa hshaaa`; innahoo min `ibaadi nal mukhlaseen
📖 မြန်မာဘာသာ
ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • هَمَّتْ بِهِ (ဟမ်းမားသ် ဗိဟိ) — သူမသည် သူ့အား (မကောင်းမှုကျူးလွန်ရန်) ရည်ရွယ်ခဲ့သည်။ "ဟမ်မ်" ဆိုသည်မှာ အမှန်တကယ် မကျူးလွန်ဘဲ အနီးစပ်ဆုံးရောက်ရှိသော စိတ်ဆန္ဒဖြစ်သည်။
  • هَمَّ بِهَا (ဟမ်းမား ဗိဟာ) — သူသည်လည်း သူမအား စိတ်ထဲတွင် ရည်ရွယ်ခဲ့သည်။ ဤသည်မှာ လူသားတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော စိတ်ကူးအတွေးအမြင်မျှသာဖြစ်ပြီး ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
  • بُرْهَانَ رَبِّهِ (ဗုရ်ဟာနာ ရဗ္ဗိဟိ) — သူ့အရှင်မြတ်၏ ထင်ရှားသော သက်သေလက္ခဏာ။
  • السُّوءَ وَالْفَحْشَاءَ (ဆူအာ ဝလ်ဖဟ်ရှာအ်) — မကောင်းမှုနှင့် ကာမကျူးလွန်မှု (ဇိနာ)။
  • الْمُخْلَصِينَ (အလ်မုခ်လဆွီးန်) — ရွေးချယ်ထားခြင်းခံရသော၊ စိတ်နှလုံးသန့်ရှင်းစွာ ကိုးကွယ်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ် (အလိုင်ဟိဆလာမ်) နှင့် ဘုရင်မကြီး၏ ဇနီးတို့အကြား ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် ဘုရင်မကြီး၏ဇနီးသည် သူ့အား မကောင်းမှုကျူးလွန်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။ တမန်တော် ယူစုဖ်၏ စိတ်ထဲတွင်လည်း လူသားသဘာဝအရ ထိုအတွေးမျိုး ဖြတ်သန်းခဲ့သည်။ သို့သော် သူသည် မိမိအရှင်မြတ်၏ ထင်ရှားသော သက်သေလက္ခဏာကို မြင်တွေ့ခဲ့ရသဖြင့် ထိုအတွေးကို ချက်ချင်းရုပ်သိမ်းပြီး မကောင်းမှုဘက်သို့ လုံးဝမလှမ်းခဲ့ပေ။ ဤသို့ သက်သေလက္ခဏာကို ပြသခြင်းသည် သူ့ထံမှ မကောင်းမှုနှင့် ကာမကျူးလွန်မှုကို ဖယ်ရှားပေးရန်အတွက်ဖြစ်သည်။ အမှန်စင်စစ် တမန်တော် ယူစုဖ်သည် အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်ထားသော စိတ်နှလုံးသန့်ရှင်းသူ ကျွန်များထဲမှ တစ်ပါးဖြစ်သည်။

ဤအာယသ်တော်သည် တမန်တော် ယူစုဖ်၏ စိတ်နှလုံး သန့်ရှင်းမှုနှင့် အလ္လာဟ်အရှင်မြတ်အပေါ် သစ္စာရှိမှုကို ထင်ရှားစွာ ဖော်ပြသည်။ လူသားတစ်ဦးအနေဖြင့် စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းလာနိုင်သော်လည်း အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော စိတ်ရှိပါက ထိုအတွေးကို ချက်ချင်းဖယ်ရှားပြီး မကောင်းမှုဘက်သို့ မလှမ်းတော့ပေ။ ဤသည်မှာ မုအ်မင်န်တစ်ဦး၏ စစ်မှန်သော အရည်အချင်းဖြစ်သည်။

**၃။



📜 အာယာသ် 22-26 — စူရာ ယူစူဖ်

22وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။
23وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَن نَّفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ထို့နောက် အကြင်မိန်းမသည် ယင်းယူဆွဖ်အား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့၍ မှူဆွယ်ခဲ့လေသည်။ ယင်းယူစုဖ်သည် ထိုမိန်းမ၏အိမ်တွင်(နေထိုင်လျက်ရှိခဲ့၏။) ၎င်းပြင် ထိုမိန်းမသည် တံခါးများကို (လုံခြုံစွာ)ပိတ်၍ (ယူဆွဖ်အား)လာပါလေ၊ (ကျွန်ုပ် အသင့်အဖို့အသင့်ရှိနေပြီ)ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့လေသည်။ (ထိုအခါ)ယင်းယူဆွဖ်က (ဤသို့)ပြောဆို(ငြင်းဆန်)ခဲ့လေသည်။ (ကျွန်ုပ်ဤပြစ်မှုကို ကျူးလွန်ခြင်းမှကင်းလွတ်ရန်) အလ္လာဟ်အရှင်မြတ်၏အကာအကွယ်ကို ယူလိုပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာပြုလုပ်ပေးသနား တော်မူခဲ့လေသည်။ ဧကန်အမှန် မတော်မတရား ကျူးလွန်သောသူတို့သည်အောင်မြင် ကြသည်မဟုတ်ပေ။
24وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَن رَّأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ
ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။
25وَاسْتَبَقَا الْبَابَ وَقَدَّتْ قَمِيصَهُ مِن دُبُرٍ وَأَلْفَيَا سَيِّدَهَا لَدَى الْبَابِ ۚ قَالَتْ مَا جَزَاءُ مَنْ أَرَادَ بِأَهْلِكَ سُوءًا إِلَّا أَن يُسْجَنَ أَوْ عَذَابٌ أَلِيمٌ
ထိုနောက် ၎င်းတို့နှစ်ဦးသည် တံခါးရှိရာသို့(ရှေ့နောက်)ပြေးခဲ့ကြလေသည်။ ၎င်းပြင် ထိုမိန်းမသည် ယင်းယူဆွဖ်၏အင်္ကျီကို နောက်မှ ဆုတ်ပစ်ခဲ့လေသည်။ ထို့နောက်၎င်းတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ခင်ပွန်းနှင့်တွေ့ရှိခဲ့လေသည်။ (ထိုအခါ) ယင်းမိန်းမက (ဤသို့)ပြောဆိုခဲ့လေသည်။အသင်၏ အိမ်သူအိမ်သားအား မကောင်းကြံသူ၌ အကျဉ်းချထားခြင်းခံရသည်မှတစ်ပါး၊ သို့မဟုတ် ပြင်းပြ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ပေးခြင်း(ကိုခံရသည်) မှတစ်ပါး၊ မည်သည့်ပြစ်ဒဏ်ရှိပါဦးမည်နည်း။
26قَالَ هِيَ رَاوَدَتْنِي عَن نَّفْسِي ۚ وَشَهِدَ شَاهِدٌ مِّنْ أَهْلِهَا إِن كَانَ قَمِيصُهُ قُدَّ مِن قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — ယူစူဖ် 24

စူရာ ယူစူဖ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော…

စူရာ အာယာသ် 24/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers