وَقَالَ لِفِتْيَانِهِ اجْعَلُوا بِضَاعَتَهُمْ فِي رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَا إِذَا انقَلَبُوا إِلَىٰ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ ٦٢
🔤 Transliteration
Wa qaala lifityaanihij `aloo bidaa`atahum fee rihaalihim la`allahum ya`rifoonahaaa izan qalabooo ilaaa ahlihim la`allahum yarji`oon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စကားလုံးအဓိပ္ပာယ်များ ဖိတ်ယာန်ဟိ (فِتْيَانِهِ ): သူ၏လူငယ်အစေခံများ၊ ဝန်ထမ်းများ။ ဗိဒါအသာဟုမ် (بِضَاعَتَهُمْ ): သူတို့၏ကုန်ပစ္စည်း၊ သူတို့ယူဆောင်လာသော ငွေကြေး သို့မဟုတ် ကုန်ပစ္စည်း။ ရိဟာလိဟိမ် (رِحَالِهِمْ ): သူတို့၏ ခရီးဆောင်အိတ်များ၊ ပစ္စည်းထည့်သော အိတ်များ။ ယန်ကလဗူ (انقَلَبُوا ): သူတို့ပြန်သွားကြသောအခါ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူငယ်အစေခံများအား ဤသို့မိန့်ဆိုခဲ့သည်။ “သင်တို့သည် သူတို့၏ကုန်ပစ္စည်း (ငွေကြေး) ကို သူတို့၏ခရီးဆောင်အိတ်များထဲတွင် ပြန်ထည့်ထားကြပါ။ သူတို့သည် မိမိတို့အိမ်သို့ပြန်ရောက်သောအခါ ထိုကုန်ပစ္စည်းကို တွေ့မြင်သိရှိကြလိမ့်မည်။ ထိုအခါ သူတို့သည် ငါတို့ထံသို့ ပြန်လာကြလိမ့်မည်။”
ဤသည်မှာ တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်)၏ ပညာရှိသော ဆောင်ရွက်ချက်ဖြစ်သည်။ သူသည် သူ့ညီများထံမှ ကုန်ပစ္စည်းများကို လက်ခံယူပြီးနောက် ထိုကုန်ပစ္စည်းများကို သူတို့မသိလျှက် သူတို့၏အိတ်များထဲတွင် ပြန်ထည့်ပေးခဲ့သည်။ ဤသို့ပြုလုပ်ရခြင်းမှာ သူတို့အိမ်ပြန်ရောက်သောအခါ မိမိတို့၏ကုန်ပစ္စည်းများ ပြန်လည်ရရှိသည်ကို တွေ့မြင်ရလျှင် တမန်တော် ယူစုဖ်၏ ရက်ရောမှုနှင့် ကြီးမြတ်သော စိတ်ထားကို သိရှိကြလိမ့်မည်။ ထို့ကြောင့် သူတို့သည် ထိုကုန်ပစ္စည်းများကို အခမဲ့ရရှိသည်ကို သိရှိသောအခါ ရှက်ကြောက်ပြီး ပြန်လည်လာရောက်ကာ မိမိတို့၏ညီတော် (ဗင်ယာမိန်) ကို ခေါ်ဆောင်လာကြလိမ့်မည်။ ဤနည်းဖြင့် တမန်တော် ယူစုဖ်၏ ရည်ရွယ်ချက်မှာ သူ့ညီများကို ပြန်လည်ခေါ်ဆောင်လာစေရန်နှင့် သူတို့၏အမှန်တရားကို သက်သေပြရန်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အစ္စလာမ်သည် ရက်ရောမှု၊ ကြီးမြတ်သောစိတ်ထားနှင့် ခွင့်လွှတ်ခြင်း၏ ဘာသာတရားဖြစ်သည်။ တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် သူ့အပေါ် မကောင်းမှုပြုခဲ့သော ညီများကို ခွင့်လွှတ်ရုံသာမက သူတို့၏ကုန်ပစ္စည်းများကိုပါ ပြန်လည်ပေးအပ်ခဲ့သည်။
وَقَالَ لِفِتۡيَٰنِهِ ٱجۡعَلُواْ بِضَٰعَتَهُمۡ فِي رِحَالِهِمۡ لَعَلَّهُمۡ يَعۡرِفُونَهَآ إِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمۡ لَعَلَّهُمۡ يَرۡجِعُونَ ٦٢
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 60-64 — စူရာ ယူစူဖ်
60 فَإِن لَّمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِندِي وَلَا تَقْرَبُونِ
သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။
61 قَالُوا سَنُرَاوِدُ عَنْهُ أَبَاهُ وَإِنَّا لَفَاعِلُونَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီတော်အား ၎င်း၏ခမည်းတော်ထံ တောင်းခံကြပါမည်။ ကျွန်ုပ်တို့သည် ဧကန်မလွဲ (ဤအတိုင်းပင်)ပြုလုပ်ကြပါမည်ဟု ပြောဆိုဖြေကြားခဲ့ကြလေသတည်း။
62 وَقَالَ لِفِتْيَانِهِ اجْعَلُوا بِضَاعَتَهُمْ فِي رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَا إِذَا انقَلَبُوا إِلَىٰ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ
၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။ သို့မှသာလျှင် ၎င်းတို့သည် ထိုအရင်းအနှီး ပြုလုပ်သော မိမိတို့ပစ္စည်းကို အိမ်သူအိမ်သားတို့ထံ ပြန်လည်ရောက်ရှိသောအခါ မှတ်မိကြကုန်မည်။ သို့မှသာလျှင် ၎င်းတို့သည် ပြန်လာနိုင်ကြရာကုန်မည်သတည်း။
63 فَلَمَّا رَجَعُوا إِلَىٰ أَبِيهِمْ قَالُوا يَا أَبَانَا مُنِعَ مِنَّا الْكَيْلُ فَأَرْسِلْ مَعَنَا أَخَانَا نَكْتَلْ وَإِنَّا لَهُ لَحَافِظُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ခမည်းတော်ထံသို့ ပြန်လည်ရောက်ရှိခဲ့ကြသောအခါ (ဤသို့) လျှောက်ထားခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ရိက္ခာသည်ကျွန်တော်မျိုးတို့(အားရောင်းချခြင်း)မှ ပိတ်ထားပြီးဖြစ်လေသည်။ သို့ဖြစ်ပေရာ ခမည်းတော်သည် ကျွန်တော်မျိုးတို့နှင့်အတူ ကျွန်တော်မျိုးတို့၏ညီတော်(ဗင်န်ယာမီန်)အား စေလွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည်(ရိက္ခာကိုနောက်တစ်ဖန်)ခြင်တွယ်၍ယူခဲ့ကြပါမည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ထိုညီတော်အား ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းမည့်သူများလည်း ဖြစ်ကြပါသည်။
64 قَالَ هَلْ آمَنُكُمْ عَلَيْهِ إِلَّا كَمَا أَمِنتُكُمْ عَلَىٰ أَخِيهِ مِن قَبْلُ ۖ فَاللَّهُ خَيْرٌ حَافِظًا ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
(ထိုအခါ)ထိုခမည်းတော်သည် (ဤသို့) ပြန်ကြားခဲ့လေ၏။ ငါသည် အသင်တို့အပေါ်ဝယ် ယင်းညီတော်နှင့်ပတ်သက်၍ ယခင်က ၎င်း၏နောင်တော်(ယူဆွဖ်)နှင့်ပတ်သက်၍ယုံကြည်စိတ်ချဘိ သကဲ့သို့ပင် ယုံကြည်ရမည်သာဖြစ်သည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးစောင့်ရှောက်တော်မူသောအရှင်၊ ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသောအရှင်၊ ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — ယူစူဖ် 62 စူရာ ယူစူဖ် အာယာသ် 62 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုယူဆွဖ်က မိမိအစေအပါးတို့အား(ဤသို့)ပြောဆို အမိန့်ပေးခဲ့လေသည်။ အသင်တို့သည် ၎င်းတို့အရင်းအနှီး ပြုလုပ်သောပစ္စည်းကို ၎င်းတို့၏ ခရီးဆောင်ပစ္စည်းများတွင် (လျှို့ဝှက်စွာပြန်၍ထည့်)ထားကြလေကုန်။…
စူရာ အာယာသ် 62/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 60–64. မြန်မာဘာသာ: ภาษาไทย.