အန်-နဟ်လ် · 76/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَضَرَبَ اللَّهُ مَثَلًا رَّجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّههُّ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَن يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٧٦
Wa darabal laahu masalar rajulaini ahaduhumaaa abkamu laa yaqdiru `alaa shai`inw wa huwa kallun `alaa mawlaahu ainamaa yuwajjihhu laa yaati bikhairin hal yastawee huwa wa many-yaamuru bil`adli wa huwa `alaa Siraatim MMustaqeem
📖 မြန်မာဘာသာ
ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား မည်သည့်နေရာသို့မဆို စေလွှတ်ခဲ့ပါလျှင် ထိုသူသည် တစ်စုံတစ်ရာ ကောင်းကျိုးကို ဆောင်ကြဉ်းလာသည်မရှိချေ။ ထိုသို့သောသူသည်(သူတစ်ပါးတို့အား)တရားမျှတမှုကို ညွှန်ကြားသည့်ပြင် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသောသူနှင့် တူညီနိုင်ပါမည်လော။ (အလျင်းမတူနိုင်ပေ)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 74-78 — စူရာ အန်-နဟ်လ်

74فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာ ပုံဆောင်ချက်များကို မခိုင်းနှိုင်းကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏။ သို့ရာတွင် အသင်တို့မူကား မသိကြချေ။
75۞ ضَرَبَ اللَّهُ مَثَلًا عَبْدًا مَّمْلُوكًا لَّا يَقْدِرُ عَلَىٰ شَيْءٍ وَمَن رَّزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် ဥပမာတစ်ရပ်ကို ခိုင်းနှိုင်းတော်မူခဲ့၏။ (ယင်းဥပမာကား)သူတစ်ပါးပိုင် ကျွန်တစ်ယောက်ရှိ၏။ ထိုကျွန်သည် မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခွင့်မရှိချေ။ ထို့ပြင် ငါအရှင်မြတ်က မိမိအထံတော်မှရိက္ခာပေါများစွာ ချီးမြှင့်ထားတော်မူသောသူတစ်ယောက်ရှိ၏။ထိုသူသည်ယင်းရိက္ခာများမှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ လှူဒါန်းသုံးစွဲ၏။ ၎င်းတို့သည် တူညီနိုင်ကြပါမည်လော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက်အများဆုံးသောသူတို့မှာ မသိနားမလည်ကြချေတကား။
76وَضَرَبَ اللَّهُ مَثَلًا رَّجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّههُّ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَن يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ
ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား မည်သည့်နေရာသို့မဆို စေလွှတ်ခဲ့ပါလျှင် ထိုသူသည် တစ်စုံတစ်ရာ ကောင်းကျိုးကို ဆောင်ကြဉ်းလာသည်မရှိချေ။ ထိုသို့သောသူသည်(သူတစ်ပါးတို့အား)တရားမျှတမှုကို ညွှန်ကြားသည့်ပြင် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသောသူနှင့် တူညီနိုင်ပါမည်လော။ (အလျင်းမတူနိုင်ပေ)။
77وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့အလျင်း မဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍လျင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
78وَاللَّهُ أَخْرَجَكُم مِّن بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
76အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 76

စူရာ အန်-နဟ်လ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား…

စူရာ အာယာသ် 76/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers