အန်-နဟ်လ် · 81/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ ۝٨١
Wallaahu ja`ala lakum mimmaa khalaqa zilaalanw wa ja`ala lakum minal jibaali aknaananw wa ja`ala lakum saraabeela taqeekumul harra wa saraabeela taqeekum baasakum; kazaalika yutimmu ni`matahoo alaikum la`allakum tuslimoon
📖 မြန်မာဘာသာ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • ظِلَالًا (ဇိလာလန်) — အရိပ်များ။ သစ်ပင်များ၊ အဆောက်အအုံများနှင့် အခြားအရာများမှ ရရှိသော အရိပ်များကို ဆိုလိုသည်။
  • أَكْنَانًا (အက်ကနာနန်) — ခိုလှုံရာများ၊ လိုဏ်ဂူများ၊ လျှို့ဝှက်ရာများ။ တောင်များအတွင်းရှိ ခိုလှုံနိုင်သော နေရာများကို ဆိုလိုသည်။
  • سَرَابِيلَ (ဆရာဗီလ) — အဝတ်အစားများ၊ အင်္ကျီများ။ ချည်သား၊ သိုးမွေးစသည့် အထည်အလိပ်များဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဆိုလိုသည်။
  • بَأْسَكُمْ (ဗအ်စကွမ်) — သင်တို့၏ စစ်ပွဲဘေး၊ ထိုးခုတ်မှုဘေး၊ ရန်သူ၏ တိုက်ခိုက်မှုဘေး။
  • تُسْلِمُونَ (တွတ်စ်လိမూఔန်) — သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်ရင်းမှန်ဖြင့် နာခံကြသည်၊ ကိုးကွယ်ကြသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းထားသော အရာများထဲမှ သစ်ပင်များ၊ အဆောက်အအုံများနှင့် အခြားအရာများကို သင်တို့အတွက် အရိပ်အဖြစ် ဖန်ဆင်းပေးထားတော်မူသည်။ ထို့အပြင် တောင်များအတွင်း၌ လိုဏ်ဂူများ၊ ခိုလှုံရာများကို သင်တို့အတွက် ဖန်ဆင်းပေးထားတော်မူသည်။ အအေးဒဏ်၊ အပူဒဏ်နှင့် ရန်သူ၏ဘေးမှ ခိုလှုံနိုင်ရန်အတွက်ဖြစ်သည်။ ထို့အပြင် ချည်သား၊ သိုးမွေးစသည့် အထည်အလိပ်များဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို သင်တို့အတွက် ဖန်ဆင်းပေးထားတော်မူသည်။ ထိုအဝတ်အစားများသည် အပူဒဏ်ကို ကာကွယ်ပေးသည်။ ထို့အပြင် စစ်မြေပြင်၌ သင်တို့၏ ရန်သူများ၏ ထိုးခုတ်မှုဘေးမှ ကာကွယ်ပေးသော သံချပ်အင်္ကျီများကိုလည်း ဖန်ဆင်းပေးထားတော်မူသည်။ ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် ယခင်က ပေးအပ်ခဲ့သော ဂုဏ်ကျေးဇူးများနှင့်အတူ သင်တို့အပေါ် မိမိ၏ ဂုဏ်ကျေးဇူးတော်ကို ပြည့်စုံစေတော်မူသည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ စိတ်ရင်းမှန်ဖြင့် နာခံကိုးကွယ်ကြရန်အတွက်ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ကိုးကွယ်ရာတွင် ပူးတွဲမထားရှိရန်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားလှသော ဂုဏ်ကျေးဇူးတော်များကို ဖော်ပြထားသည်။ အရိပ်များ၊ တောင်များအတွင်းရှိ ခိုလှုံရာများ၊ အဝတ်အစားများနှင့် စစ်ချပ်အင်္ကျီများသည် လူသားတို့၏ နေ့စဉ်ဘဝတွင်



📜 အာယာသ် 79-83 — စူရာ အန်-နဟ်လ်

79أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။
80وَاللَّهُ جَعَلَ لَكُم مِّن بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။
81وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
82فَإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။
83يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
81အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 81

စူရာ အန်-နဟ်လ် အာယာသ် 81 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့…

စူရာ အာယာသ် 81/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 79–83. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers