အန်-နဟ်လ် · 80/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَاللَّهُ جَعَلَ لَكُم مِّن بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ ۝٨٠
Wallaahu ja`ala lakum min juloodil an`aami buyootan tastakhif foonahaa yawma za`nikum wa yawma iqaamatikum wa min aswaafihaa wa awbaarihaa wa ash`aarihaaa asaasanw wa mataa`an ilaa been
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • سَكَنًا (စကနန်) — အေးချမ်းစွာ နေထိုင်အနားယူရာ၊ စိတ်နှလုံးအေးချမ်းစေသော နေရာ။
  • جُلُودِ الْأَنْعَامِ (ဂျုလူဒိလ် အန်အမ်) — ကုလားအုတ်၊ နွား၊ သိုးစသည့် တိရစ္ဆာန်များ၏ အရေပြားများ။
  • بُيُوتًا (ဗုယူတန်) — နေအိမ်များ၊ တဲများ။
  • تَسْتَخِفُّونَهَا (တစ်သခ်ဖ်ဖူနဟာ) — သင်တို့သည် ၎င်းတို့ကို ပေါ့ပါးစွာ သယ်ဆောင်နိုင်ကြသည်။
  • ظَعْنِكُمْ (ဇအီနိကုမ်) — သင်တို့၏ ခရီးသွားခြင်း၊ ရွှေ့ပြောင်းခြင်း။
  • إِقَامَتِكُمْ (အိကမ သိကုမ်) — သင်တို့၏ တည်းခိုနေထိုင်ခြင်း။
  • أَصْوَافِهَا (အဆ်ွာဖိဟာ) — သိုးများ၏ သိုးမွှေး။
  • أَوْبَارِهَا (အောင်ဗာရိဟာ) — ကုလားအုတ်များ၏ အမွှေး။
  • أَشْعَارِهَا (အရှ်အာရိဟာ) — ဆိတ်များ၏ အမွှေး။
  • أَثَاثًا (အသာသန်) — အိမ်တွင်း အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ။
  • مَتَاعًا (မ သာအန်) — အကျိုးခံစားနိုင်သော ပစ္စည်းဥစ္စာ။
  • إِلَىٰ حِينٍ (အိလာ ဟီနင်) — သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သင်တို့၏ နေအိမ်များကို အေးချမ်းစွာ နေထိုင်အနားယူရာ နေရာများအဖြစ် ဖန်တီးပေးတော်မူခဲ့သည်။ ထို့အပြင် အရှင်မြတ်သည် ကုလားအုတ်၊ နွား၊ သိုးစသည့် တိရစ္ဆာန်များ၏ အရေပြားများမှ သင်တို့အတွက် တဲများ၊ ယာယီနေအိမ်များကို ဖန်တီးပေးတော်မူခဲ့သည်။ ထိုတဲများသည် သင်တို့ ခရီးသွားရွှေ့ပြောင်းချိန်၌လည်းကောင်း၊ တစ်နေရာရာတွင် တည်းခိုနေထိုင်ချိန်၌လည်းကောင်း သယ်ဆောင်ရလွယ်ကူပြီး ပေါ့ပါးလွယ်ကူစွာ ထူထောင်နိုင်ကြသည်။ ထို့အပြင် အရှင်မြတ်သည် သိုးများ၏ သိုးမွှေး၊ ကုလားအုတ်များ၏ အမွှေး၊ ဆိတ်များ၏ အမွှေးတို့မှ သင်တို့အတွက် အိမ်တွင်း အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖုံးအုပ်ရန် ပစ္စည်းများ၊ ခင်းရန် ပစ္စည်းများနှင့် အလှဆင်ရန် ပစ္စည်းများကို ဖန်တီးပေးတော်မူခဲ့သည်။ သင်တို့သည် ထိုအရာများကို သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ၊ ဆိုလိုသည်မှာ သေဆုံးချိန်အထိ အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ


📜 အာယာသ် 78-82 — စူရာ အန်-နဟ်လ်

78وَاللَّهُ أَخْرَجَكُم مِّن بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။
79أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။
80وَاللَّهُ جَعَلَ لَكُم مِّن بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။
81وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
82فَإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 80

စူရာ အန်-နဟ်လ် အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏…

စူရာ အာယာသ် 80/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 24, 2026

Don't forget us in your sincere prayers