قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَٰنَ ۖ أَيًّا مَّا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَٰلِكَ سَبِيلًا ١١٠
🔤 Transliteration
Qulid`ul laaha awid`ur Rahmaana ayyam maa tad`oo falahul asmaaa`ul Husnaa; wa laa tajhar bi Salaatika wa laa tukhaafit bihaa wabtaghi baina zaalika sabeela
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အရှင်မြတ်၏ နာမတော်များနှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ။ اللَّه (အလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ နာမတော်၊ အနန္တတန်ခိုးတော်ရှင်၊ ကိုးကွယ်ထိုက်သော တစ်ဆူတည်းသော အရှင်ဖြစ်သည်။الرَّحْمَٰن (အရ်ရဟ်မာန်) — အလွန်သနားကြင်နာတော်မူသော အရှင်၊ ဤသည်လည်း အလ္လာဟ်အရှင်မြတ်၏ နာမတော်တစ်ခု ဖြစ်သည်။الْأَسْمَاءُ الْحُسْنَىٰ (အလ်အစ္စမာအုလ်ဟုစ်နာ) — အကောင်းမြတ်ဆုံးသော နာမတော်များ၊ အရှင်မြတ်၏ ဂုဏ်တော်များကို ဖော်ပြသည့် မြင့်မြတ်သော နာမတော်များ ဖြစ်သည်။تَجْهَرْ (တဂျ်ဟရ်) — ကျယ်လောင်စွာ ဖတ်ရွတ်ခြင်း၊ အသံထွက်၍ ဖတ်ခြင်း။تُخَافِتْ (တုခါဖိတ်) — အလွန်တိုးတိတ်စွာ ဖတ်ခြင်း၊ အသံမထွက်စေဘဲ ဖတ်ခြင်း။ဤအာယတ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ အို—တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ အသင်သည် “ယာ အလ္လာဟ်၊ ယာ ရဟ်မာန်” ဟု ခေါ်ဆိုကိုးကွယ်ခြင်းကို ငြင်းပယ်သော သင့်လူမျိုးတို့အား ပြောပါလေ—အလ္လာဟ်ဟူသော နာမတော်ဖြင့်ဖြစ်စေ၊ အရ်ရဟ်မာန်ဟူသော နာမတော်ဖြင့်ဖြစ်စေ ခေါ်ဆိုကိုးကွယ်ကြပါ။ မည်သည့်နာမတော်ဖြင့် ခေါ်ဆိုသည်ဖြစ်စေ၊ သင်တို့သည် တစ်ဆူတည်းသော အရှင်မြတ်ကိုသာ ခေါ်ဆိုနေကြခြင်း ဖြစ်သည်။ အကြောင်းမှာ အကောင်းမြတ်ဆုံးသော နာမတော်များသည် အရှင်မြတ်အတွက်သာ ဖြစ်တော်မူ၏။ ထို့ကြောင့် မည်သည့် နာမတော်ဖြင့်မဆို အရှင်မြတ်ကို ခေါ်ဆိုကိုးကွယ်နိုင်သည်။
ထို့နောက် အရှင်မြတ်သည် တမန်တော်မြတ်အား သွန်သင်တော်မူသည်မှာ—သင်၏ ဆွလာသ်ဝတ်ပြုမှုတွင် ကုရ်အာန်ဖတ်ရွတ်ရာ၌ အလွန်ကျယ်လောင်စွာ ဖတ်ရွတ်ခြင်းကို မပြုလုပ်ပါနှင့်။ အကြောင်းမှာ မုရှ်ရိက်များ (အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ) ကြားသွားပြီး ကုရ်အာန်ကို ကဲ့ရဲ့ရှုတ်ချနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် အလွန်တိုးတိတ်စွာလည်း ဖတ်ရွတ်ခြင်းကို မပြုလုပ်ပါနှင့်။ အကြောင်းမှာ သင့်နှင့်အတူ ဆွလာသ်ဝတ်ပြုနေသော အပေါင်းအဖော်များ မကြားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျယ်လောင်ခြင်းနှင့် တိုးတိတ်ခြင်း နှစ်ခုကြားတွင် အလယ်အလတ်ဖြစ်သော လမ်းကို ရှာယူပါလေ။
ဤအာယတ်တော
قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيًّا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلًا ١١٠
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 108-111 — စူရာ အလ်-အစ်ရာ
108 وَيَقُولُونَ سُبْحَانَ رَبِّنَا إِن كَانَ وَعْدُ رَبِّنَا لَمَفْعُولًا
၎င်းပြင် ထိုသူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ကတိသည် အမှန်မလွဲဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်ဟု (ဝန်ခံ)လျှောက်ထား ကြကုန်၏။
109 وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًا ۩
၎င်းပြင် ထိုသူတို့သည် ငိုကြွေးလျက် မျက်နှာအောက်ချကြကုန်၏။ ၎င်းပြင် ယင်းကုရ်အာန် ကျမ်းတော်သည်ထိုသူတို့၌ ချစ်ကြောက်ရိုသေမှုကို ပိုမိုတိုးပွားစေပေသတည်း။
110 قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَٰنَ ۖ أَيًّا مَّا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَٰلِكَ سَبِيلًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။
111 وَقُلِ الْحَمْدُ لِلَّهِ الَّذِي لَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُ شَرِيكٌ فِي الْمُلْكِ وَلَمْ يَكُن لَّهُ وَلِيٌّ مِّنَ الذُّلِّ ۖ وَكَبِّرْهُ تَكْبِيرًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောဆို (ထောပနာပြု) ပါလေ။ ချီးမွမ်းထောပနာအပေါင်း တို့သည် အကြင် အလ္လာဟ်အရှင်မြတ် နှင့်သာထိုက်၏။ထိုအရှင်မြတ်သည် သားသမီးတစ်ဦးတစ်ယောက်မျှလည်းပြုလုပ်တော်မမူခဲ့ချေ။ ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင်ဖက်စပ်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိပေ။ ထို့ပြင်ဂုဏ်သရေ သိမ်ငယ် မှုကြောင့် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ ၎င်းပြင် အသင်သည် ထိုအရှင်မြတ်၏ ကြီးကဲမြင့်မြတ်တော်မူကြောင်းကိုလည်း ချီးကျူးကြေညာပါလေ။
ဘာသာပြန် — အလ်-အစ်ရာ 110 စူရာ အလ်-အစ်ရာ အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊…
စူရာ အာယာသ် 110/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 108–111. မြန်မာဘာသာ: ภาษาไทย.