وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا ٣٤
🔤 Transliteration
Wa laa taqraboo maalal yateemi illaa billatee hiya ahsanu hattaa yablugha ashuddah; wa awfoo bil`ahd, innal `ahda kaana mas`oolaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
မာလ်လ်ယာသီမ် (مَالَ الْيَتِيمِ ): အဖ ကွယ်လွန်သွားသော ကလေးငယ်များ၏ ပိုင်ဆိုင်မှု၊ ဥစ္စာပစ္စည်း။ ဗိလ်လသီ ဟိယာ အဟ်စန် (بِالَّتِي هِيَ أَحْسَنُ ): အကောင်းဆုံးဖြစ်သော နည်းလမ်း၊ အကောင်းဆုံးဖြစ်သော အပြုအမူဖြင့်။ ယဗ်လုဂျ် အရှုဒ္ဒဟု (يَبْلُغَ أَشُدَّهُ ): သူ၏ အရွယ်ရောက်ခြင်း၊ ပညာဉာဏ်ရင့်သန်ခြင်း အဆင့်သို့ ရောက်ရှိခြင်း။ အူဖူး ဗိလ်အဟ်ဒ် (أَوْفُوا بِالْعَهْدِ ): ကတိကဝတ်များကို ပြည့်စုံစွာ ဖြည့်ဆည်းခြင်း။ မַס်အူလာ (مَسْئُولًا ): မေးမြန်းခြင်းခံရမည့်အရာ၊ တာဝန်ခံရမည့်အရာ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား အဖ ကွယ်လွန်သွားသော ကလေးငယ်များ၏ ပိုင်ဆိုင်မှုများကို မချဉ်းကပ်ရန်၊ ဆိုလိုသည်မှာ ထိုပိုင်ဆိုင်မှုများကို မည်သည့်နည်းဖြင့်မျှ ထိခိုက်နစ်နာစေခြင်း၊ ဖျက်ဆီးခြင်း၊ လွဲမှားစွာ အသုံးပြုခြင်းမပြုရန် အမိန့်ပေးတော်မူခဲ့သည်။ သို့သော် ထိုကလေးငယ်များ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ဥပမာ ထိုပိုင်ဆိုင်မှုများကို ကြီးထွားတိုးပွားစေရန် ရင်းနှီးမြှုပ်နှံခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုလုပ်နိုင်သည်။ ဤသို့ ဆောင်ရွက်ရာတွင် ကလေးငယ်သည် အရွယ်ရောက်၍ ပညာဉာဏ်ရင့်သန်လာပြီး မိမိပိုင်ဆိုင်မှုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သော အဆင့်သို့ ရောက်ရှိသည်အထိ ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကတိကဝတ်များကို ပြည့်စုံစွာ ဖြည့်ဆည်းရန် အမိန့်ပေးတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့် ဖြစ်စေ၊ လူသားများအချင်းချင်း ဖြစ်စေ၊ မည်သူနှင့်မဆို ကတိကဝတ်ပြုထားပါက ထိုကတိကဝတ်ကို ဖြည့်ဆည်းရမည်။ အကြောင်းမှာ ကတိကဝတ်သည် ကိယာမသ်နေ့တွင် မေးမြန်းခြင်းခံရမည့်အရာ ဖြစ်သည်။ ကတိကဝတ်ကို ဖြည့်ဆည်းခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ဆုလာဘ်များ ချီးမြှင့်တော်မူမည်။ ဖျက်ဆီးခဲ့ပါက အပြစ်ဒဏ် ပေးတော်မူမည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သ
وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ بِٱلۡعَهۡدِۖ إِنَّ ٱلۡعَهۡدَ كَانَ مَسۡـُٔولًا ٣٤
ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 32-36 — စူရာ အလ်-အစ်ရာ
32 وَلَا تَقْرَبُوا الزِّنَا ۖ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا
ထို့ပြင် အသင်တို့သည် ကာမေသုမိစ္ဆာစာရ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ဧကန်မလွဲ ယင်းကာမေသုမိစ္ဆာစာရသည် အလွန်စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည့်ပြင်အလွန် ဆိုးဝါးလှသော လမ်းစဉ်လည်း ဖြစ်ပေသတည်း။
33 وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَن قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِف فِّي الْقَتْلِ ۖ إِنَّهُ كَانَ مَنصُورًا
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။
34 وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا
ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။
35 وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။
36 وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
ထို့ပြင်တစ်ဝအသင်သည်မိမိမသိသောအကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။
ဘာသာပြန် — အလ်-အစ်ရာ 34 စူရာ အလ်-အစ်ရာ အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။…
စူရာ အာယာသ် 34/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.