အလ်-အစ်ရာ · 35/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا ۝٣٥
Wa awful kaila izaa kiltum wa zinoo bilqistaasil mustaqeem; zaalika khairunw wa ahsanu taaweelaa
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အလ်-အစ်ရာ

33وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَن قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِف فِّي الْقَتْلِ ۖ إِنَّهُ كَانَ مَنصُورًا
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။
34وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا
ထိုမှတစ်ပါး အသင်တို့သည် ကောင်းမွန်သောနည်းလမ်းမှတစ်ပါး အဖမဲ့ကလေးသူငယ်များ၏ ဥစ္စာ ပစ္စည်း၏အပါးသို့ပင် ၎င်းတို့ လူလားမြောက် အရွယ် ရောက်သည်အထိမချဉ်းကပ်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည်(မိမိတို့ အချင်းချင်းတစ်ဖက်နှင့်တစ်ဖက်ထားရှိကြသော) ပဋိညာဉ်ကတိသစ္စာကို ကျေပွန်စွာဆောင်ရွက်ကြလေကုန်။ ဧကန်စင်စစ် ယင်းပဋိညာဉ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့် အမှုကိစ္စပင်ဖြစ်ချေသတည်း။
35وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ် အပြည့်ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်(အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း)မှန်ကန်သော (အလေး)ချိန်ခွင်ဖြင့် ချိန်တွယ်(၍ပေး)ကြလေကုန်။ ဤသည်ကား (အသင်တို့အဖို့ ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်း)အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။ (နောင်တမလွန်ဘဝ၏) အကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင် ဖြစ်ချေသတည်း။
36وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
ထို့ပြင်တစ်ဝအသင်သည်မိမိမသိသောအကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။
37وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَن تَخْرِقَ الْأَرْضَ وَلَن تَبْلُغَ الْجِبَالَ طُولًا
၎င်းပြင် အသင်သည် ပထဝီမြေပြင်ဝယ် ဟိတ်ဟန်ထုတ်၍ မလျှောက်လေနှင့်။ ဧကန်စင်စစ် အသင်သည်(ယင်းသို့လမ်းလျှောက်ခြင်းအားဖြင့်)ပထဝီမြေကိုလည်းအလျင်းထွင်းဖောက် (ခွဲ) နိုင်မည်မဟုတ်ပေ။ ထိုမှတစ်ပါးအသင်သည် မိမိကိုယ်လုံးကိုယ်ရပ် မြင့်မားခြင်းဖြင့် တောင်များကိုလည်း အလျင်းမီနိုင်မည် မဟုတ်ချေ။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 35

စူရာ အလ်-အစ်ရာ အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် (မိမိတို့ရောင်းချသောဝတ္ထုပစ္စည်း တစ်စုံတစ်ရာကို) တောင်း၊ တင်း၊ ခွက် (စသည့်ပမာဏ(ဖြင့်) ခြင်တွယ်၍(ရောင်းချ) သောအခါဝယ်…

စူရာ အာယာသ် 35/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers