وَاسْتَفْزِزْ مَنِ اسْتَطَعْتَ مِنْهُم بِصَوْتِكَ وَأَجْلِبْ عَلَيْهِم بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا ٦٤
🔤 Transliteration
Wastafziz manis tat`ta minhum bisawtika wa ajlib `alaihim bikhailika wa rajilika wa shaarik hum fil amwaali wal awlaadi wa `idhum; wa maa ya`iduhumush Shaitaanu illaa ghurooraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊ ခြေလျင် သူရဲဖြင့်လည်းကောင်း၊ထိုသူတို့အား ဝိုင်းဝန်းလော့။ ထိုမှတစ်ပါး အသင်သည် ဥစ္စာပစ္စည်းများ၌လည်းကောင်း၊ သားသမီးများ၌လည်းကောင်း၊ ထိုသူတို့နှင့် အတူဖက်စပ်ပါဝင်လော့။ ထို့ပြင် အသင်သည် ၎င်းတို့အား(မဟုတ်မမှန် သော)ကတိကိုပြုလော့။ စင်စစ်သော်ကားရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား ဖြားယောင်းသွေးဆောင်ခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ ကတိပေးသည်မဟုတ်ပေ။
🌐 Additional reference in ภาษาไทย
၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် وَاسْتَفْزِزْ — လှုံ့ဆော်ပါ၊ သွေးဆောင်ပါ၊ ပေါ့ဆစေပါ၊ လွဲမှားစေပါ။بِصَوْتِكَ — သင်၏ အသံဖြင့်၊ ဆိုလိုသည်မှာ သင်၏ လှုံ့ဆော်မှု၊ သွေးဆောင်မှုဖြင့်။وَأَجْلِبْ — စုရုံးပါ၊ စည်းရုံးပါ၊ အင်အားစုပါ။بِخَيْلِكَ وَرَجِلِكَ — သင်၏ မြင်းစီးသူရဲများနှင့် ခြေကျင်သူရဲများဖြင့်၊ ဆိုလိုသည်မှာ သင်၏ စွမ်းအားရှိသမျှ အားလုံးဖြင့်။وَشَارِكْهُمْ — သူတို့နှင့် ဖက်စပ်ပါ၊ ပါဝင်ဆက်စပ်ပါ။غُرُورًا — လှည့်ဖြားမှု၊ အလွယ်တကူ ယုံကြည်စေသော အတုအယောင် ကတိများ။၂) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က ရှိုင်တွာန်အား စကားပြောဆိုသည့် အခြေအနေကို ဖော်ပြထားခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ရှိုင်တွာန်အား “သင်တတ်နိုင်သမျှသော လူသားတို့အနက် မည်သူ့ကိုမဆို သင်၏ အသံဖြင့် လှုံ့ဆော်သွေးဆောင်လော့” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ ရှိုင်တွာန်သည် လူသားတို့အား အပြစ်ဒုစရိုက်ဆီသို့ ခေါ်ဆောင်ရန် လှုံ့ဆော်မှုများ၊ သွေးဆောင်မှုများကို ပြုလုပ်ခွင့်ရှိသည်။ ထို့နောက် “သင်၏ မြင်းစီးသူရဲများနှင့် ခြေကျင်သူရဲများဖြင့် သူတို့အပေါ် စုရုံးတိုက်ခိုက်လော့” ဟု မိန့်တော်မူသည်။ ဤသည်မှာ ရှိုင်တွာန်သည် မိမိ၏ စွမ်းအားရှိသမျှ အားလုံးကို အသုံးပြု၍ လူသားတို့အား လမ်းလွဲစေရန် ကြိုးပမ်းရမည်ဟု ဆိုလိုသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ် အလိုတော်ရှိပါက ရှိုင်တွာန်၏ ကြိုးပမ်းမှုများကို တားဆီးနိုင်စွမ်း ရှိတော်မူသည်။
ထို့နောက် “သူတို့၏ ဥစ္စာပစ္စည်းများနှင့် သားသမီးများတွင် သူတို့နှင့် ဖက်စပ်လော့” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ ရှိုင်တွာန်သည် လူသားတို့အား တရားမဝင်သော နည်းလမ်းများဖြင့် ဥစ္စာပစ္စည်း ရှာဖွေစေခြင်း၊ အတိုးကဲ့သို့သော ဟရာမ်နည်းလမ်းများဖြင့် စီးပွားရှာစေခြင်း၊ တရားမဝင်သော ဆက်ဆံမှုများဖြင့် သားသမီးများ ရရှိစေခြင်း၊ သားသမီးများကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများ၏ နာမည်များဖြင့် မှည့်ခေါ်စေခြင်း၊ သားသမီးများကို အစ္စလာမ်မှလွဲ၍ အခြ
وَٱسۡتَفۡزِزۡ مَنِ ٱسۡتَطَعۡتَ مِنۡهُم بِصَوۡتِكَ وَأَجۡلِبۡ عَلَيۡهِم بِخَيۡلِكَ وَرَجِلِكَ وَشَارِكۡهُمۡ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِ وَعِدۡهُمۡۚ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا ٦٤
ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊ ခြေလျင် သူရဲဖြင့်လည်းကောင်း၊ထိုသူတို့အား ဝိုင်းဝန်းလော့။ ထိုမှတစ်ပါး အသင်သည် ဥစ္စာပစ္စည်းများ၌လည်းကောင်း၊ သားသမီးများ၌လည်းကောင်း၊ ထိုသူတို့နှင့် အတူဖက်စပ်ပါဝင်လော့။ ထို့ပြင် အသင်သည် ၎င်းတို့အား(မဟုတ်မမှန် သော)ကတိကိုပြုလော့။ စင်စစ်သော်ကားရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား ဖြားယောင်းသွေးဆောင်ခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ ကတိပေးသည်မဟုတ်ပေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 62-66 — စူရာ အလ်-အစ်ရာ
62 قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
63 قَالَ اذْهَبْ فَمَن تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاؤُكُمْ جَزَاءً مَّوْفُورًا
ထိုအခါ အရှင်မြတ်က (အစ်ဗ်လီစ်) အသင်သွား၊(ကြိုက်ရာလုပ်)။ တစ်ဖန် မည်သူမဆို ယင်း(အာဒမ်၏သားမြေး)တို့အနက်မှ အသင်၏နောက်သို့ လိုက်ပါခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ လုံလောက်စွာသော အကျိုးပင် ဖြစ်ပေသတည်း။
64 وَاسْتَفْزِزْ مَنِ اسْتَطَعْتَ مِنْهُم بِصَوْتِكَ وَأَجْلِبْ عَلَيْهِم بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊ ခြေလျင် သူရဲဖြင့်လည်းကောင်း၊ထိုသူတို့အား ဝိုင်းဝန်းလော့။ ထိုမှတစ်ပါး အသင်သည် ဥစ္စာပစ္စည်းများ၌လည်းကောင်း၊ သားသမီးများ၌လည်းကောင်း၊ ထိုသူတို့နှင့် အတူဖက်စပ်ပါဝင်လော့။ ထို့ပြင် အသင်သည် ၎င်းတို့အား(မဟုတ်မမှန် သော)ကတိကိုပြုလော့။ စင်စစ်သော်ကားရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား ဖြားယောင်းသွေးဆောင်ခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ ကတိပေးသည်မဟုတ်ပေ။
65 إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ ۚ وَكَفَىٰ بِرَبِّكَ وَكِيلًا
ဧကန်စင်စစ် ငါအရှင်မြတ်၏ကျွန်(အစစ်အမှန်)တို့မူကား အသင်၌ ၎င်းတို့အပေါ်တွင် လုံးဝဩဇာ အာဏာရှိလိမ့်မည်မဟုတ်ပေ။ စင်စစ် အသင်(မုဟမ္မဒ်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင်(၎င်းတို့အား)ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။
66 رَّبُّكُمُ الَّذِي يُزْجِي لَكُمُ الْفُلْكَ فِي الْبَحْرِ لِتَبْتَغُوا مِن فَضْلِهِ ۚ إِنَّهُ كَانَ بِكُمْ رَحِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင်တို့ ထိုအရှင်မြတ်၏ကျေးဇူးတော်(ရိက္ခာတော်)ကို ရှာဖွေဆည်းပူးကြအံ့သောငှာရွက်သင်္ဘောများကို သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားစေတော်မူသောအရှင်တည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အသင်တို့အပေါ်ဝယ် အလွန်တရာသနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-အစ်ရာ 64 စူရာ အလ်-အစ်ရာ အာယာသ် 64 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (အစ်ဗ်လီစ်)၊ အသင်သည် ၎င်းတို့အနက်မိမိလက်လှမ်းမီသောသူတို့အား မိမိအသံဖြင့် စိတ်ထကြွစေလော့၊ ခြိမ်းခြောက်လှည့်ဖြားလော့။ ထို့ပြင် အသင်သည် မိမိမြင်းစီးသူရဲဖြင့်လည်းကောင်း၊…
စူရာ အာယာသ် 64/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 62–66. မြန်မာဘာသာ: ภาษาไทย.