အလ်-ကဟ်ဖ် · 51/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
۞ مَّا أَشْهَدتُّهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا ۝٥١
Maaa ash hattuhum khalqas samaawaati wal ardi wa laa khalqa anfusihim wa maa kuntu muttakizal mudilleena `adudaa
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • مَا أَشْهَدتُّهُمْ: ငါသည် သူတို့ကို သက်သေအဖြစ် မခေါ်ယူခဲ့ပါ၊ မတွေ့မြင်စေခဲ့ပါ။
  • خَلْقَ السَّمَاوَاتِ وَالْأَرْضِ: မိုးကောင်းကင်များနှင့် မြေကြီးကို ဖန်ဆင်းခြင်း။
  • خَلْقَ أَنفُسِهِمْ: သူတို့ကိုယ်တိုင်၏ ဖန်ဆင်းခြင်း။
  • عَضُدًا: ကူညီထောက်ပံ့သူ၊ အားကိုးရာမှီခိုရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား စွန့်လွှတ်၍ ရှိုင်သွာန်နှင့် သူ၏သားစဉ်မြေးဆက်များ၊ သို့မဟုတ် လမ်းလွဲစေသော ခေါင်းဆောင်များကို မိတ်ဆွေများအဖြစ် ယူဆောင်ထားသူများအား သတိပေးတော်မူသည်။ အရှင်မြတ်မိန့်တော်မူသည်မှာ ထိုသူများကို မိုးကောင်းကင်များနှင့် မြေကြီးကို ဖန်ဆင်းစဉ်အခါ ငါသည် သူတို့ကို မခေါ်ယူခဲ့ပါ၊ သူတို့ကို သက်သေမပြုခဲ့ပါ။ သူတို့ကိုယ်တိုင်၏ ဖန်ဆင်းခြင်းကိုလည်း သူတို့အား မတွေ့မြင်စေခဲ့ပါ။ အမှန်စင်စစ် ထိုအချိန်က သူတို့သည် မရှိသေးပါ။ ငါသည် ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် တစ်ပါးတည်းသာ ဖြစ်တော်မူသည်။ ငါသည် လမ်းလွဲစေသော ရှိုင်သွာန်များနှင့် လူသားများထဲမှ လမ်းမှားစေသူများကို ကူညီထောက်ပံ့သူများအဖြစ် မယူဆောင်ခဲ့ပါ။ ငါသည် မည်သည့်အကူအညီကိုမျှ မလိုအပ်ပါ။ သို့ဖြစ်ပါလျက် သင်တို့သည် ငါ၏အခွင့်အရေးကို ထိုသူများထံ လွှဲအပ်ပြီး သူတို့ကို ငါ့အပြင် မိတ်ဆွေများအဖြစ် မည်သို့ ယူဆောင်နိုင်သနည်း။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းအားလုံးတွင် တစ်ပါးတည်းဖြစ်တော်မူကြောင်း သိရှိစေသည်။
  • ရှိုင်သွာန်နှင့် လမ်းလွဲစေသူများကို အားကိုးခြင်းသည် အကျိုးမရှိကြောင်း သတိပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် မည်သည့်အကူအညီကိုမျှ မလိုအပ်ကြောင်း နားလည်စေသည်။
  • အစစ်အမှန်အားကိုးရာမှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။
  • အစ္စလာမ်ဘာသာသည် အလ္လာဟ်အရှင်မြတ်ကို တစ်ပါးတည်းကိုးကွယ်ခြင်း၏ အရေးပါမှုကို ထင်ရှားစေသည်။
  • ဤအာယသ်တော်ကို ဖတ်ရှုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်မှုကို သိရှိပြီး ယုံကြည်မှု တိုးပွားစ


📜 အာယာသ် 49-53 — စူရာ အလ်-ကဟ်ဖ်

49وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا
၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် ၎င်းတို့က ဪ-ကျွန်ုပ်တို့အကျိုးနည်းရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ ဟုပြောဆိုမြည်တမ်း ညည်းညူကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။
50وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِن دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။
51۞ مَّا أَشْهَدتُّهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။
52وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا
ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။
53وَرَأَى الْمُجْرِمُونَ النَّارَ فَظَنُّوا أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا عَنْهَا مَصْرِفًا
ထိုမှတစ်ပါး အပြစ်ရှိသူတို့သည် (ဂျဟန္နမ်ငရဲ)မီးကို တွေ့မြင်ကြသောအခါ ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာယင်းမီးထဲသို့ ကျဆင်းအံ့သောသူများပင် ဖြစ်ကြသည်ဟုယုံကြည်ကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ယင်းမီး(ဘေးမှ)လွဲရှောင်နိုင်ရန်နေရာတစ်စုံတစ်ခုကိုမျှတွေ့ရှိကြမည်မဟုတ်ပေ။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
51အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 51

စူရာ အလ်-ကဟ်ဖ် အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။…

စူရာ အာယာသ် 51/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers