အလ်-ဗကရ · 13/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِن لَّا يَعْلَمُونَ ۝١٣
Wa izaa qeela lahum aaminoo kamaaa aamanan naasu qaalooo anu`minu kamaaa aamanas sufahaaa`; alaaa innahum humus sufahaaa`u wa laakil laa ya`lamoon
📖 မြန်မာဘာသာ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • အာမနူ (آمِنُوا) — ယုံကြည်ကြပါ။ ဤနေရာတွင် နှလုံးသားဖြင့် ယုံကြည်ခြင်း၊ လျှာဖြင့် ဝန်ခံခြင်း၊ ကိုယ်အင်္ဂါဖြင့် လိုက်နာကျင့်သုံးခြင်း သုံးမျိုးစလုံး ပါဝင်သော စစ်မှန်သည့် အီမာန်ကို ဆိုလိုသည်။
  • အန်-နာစ် (النَّاسُ) — လူများ။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဆွဟာဗာဟ်များနှင့် အဗ္ဗဒုလ္လာဟ် ဗင်န် စလာမ်ကဲ့သို့သော အစ္စလာမ်ကို လက်ခံသော ယုံကြည်သူများကို ဆိုလိုသည်။
  • အာစ်စုဖဟာ (السُّفَهَاءُ) — ပညာမဲ့သူများ၊ ဉာဏ်အမြော်အမြင်နည်းသူများ၊ အသိဉာဏ်ချို့တဲ့သူများ။
  • အလာ (أَلَا) — သတိပေးနှိုးဆော်သည့် စကားလုံး။ "သတိပြုပါ" ဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မုနာဖိက်များ (အယောင်ဆောင်ယုံကြည်သူများ) အား "ဆွဟာဗာဟ်များကဲ့သို့ စစ်မှန်စွာ ယုံကြည်ကြပါ" ဟု ပြောဆိုသောအခါ သူတို့က "ဉာဏ်အမြော်အမြင်နည်းသူများ ယုံကြည်သကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်ရမည်လော" ဟု ပြက်ရယ်ပြောင်လှောင်လျက် ငြင်းဆန်ပြောဆိုကြသည်။ သူတို့သည် ဤစကားကို အချင်းချင်းကြားတွင်သာ ပြောဆိုကြပြီး ယုံကြည်သူများ၏ ရှေ့တွင် မပြောဝံ့ကြပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဤအကြောင်းကို တမန်တော်မြတ်နှင့် ယုံကြည်သူများအား သတင်းပေးအသိပေးတော်မူခဲ့သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ပြန်လည်ချေပတော်မူသည်မှာ — အမှန်စင်စစ် ပညာမဲ့သူများ၊ ဉာဏ်အမြော်အမြင်ချို့တဲ့သူများသည် သူတို့သာလျှင် ဖြစ်ကြသည်။ သို့သော် သူတို့သည် ထိုအချက်ကို မသိရှိကြပေ။ သူတို့သည် မိမိတို့ လမ်းမှားတွင် ရှိနေကြောင်း၊ ဆုံးရှုံးမှုထဲတွင် နစ်မြုပ်နေကြောင်း နားမလည်ကြပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • စစ်မှန်သော အီမာန်သည် နှလုံးသား၊ လျှာနှင့် ကိုယ်အင်္ဂါ သုံးမျိုးစလုံး ပါဝင်ရမည် ဖြစ်သည်။ နှုတ်ဖြင့်သာ ယုံကြည်ဟန်ဆောင်ခြင်းသည် အီမာန်အစစ် မဟုတ်ပေ။
  • မိမိကိုယ်ကို ပညာရှိဟု ထင်မြင်ပြီး အခြားသူများကို ပညာမဲ့ဟု သတ်မှတ်ခြင်းသည် မာန်မာနကြီးခြင်း၏ လက္ခဏာဖြစ်သည်။ အမှန်တ


📜 အာယာသ် 11-15 — စူရာ အလ်-ဗကရ

11وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا فِي الْأَرْضِ قَالُوا إِنَّمَا نَحْنُ مُصْلِحُونَ
ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
12أَلَا إِنَّهُمْ هُمُ الْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
13وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِن لَّا يَعْلَمُونَ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
14وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။
15اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
13အာယာသ်

ဘာသာပြန် — အလ်-ဗကရ 13

စူရာ အလ်-ဗကရ အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့…

စူရာ အာယာသ် 13/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, November 9, 2026

Don't forget us in your sincere prayers