أَلَا إِنَّهُمْ هُمُ الْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ ١٢
🔤 Transliteration
Alaaa innahum humul mufsidoona wa laakil laa yash`uroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
🌐 Additional reference in ภาษาไทย
စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက် أَلَا (အလာ)။ ။ သတိပေးနှိုးဆော်သော စကားလုံးဖြစ်သည်။ နားထောင်သူအား အာရုံစိုက်စေရန် အသုံးပြုသည်။ الْمُفْسِدُونَ (အလ်မုဖ်စိဒူန)။ ။ ဖျက်ဆီးသူများ၊ ပျက်စီးစေသူများ ဟု အဓိပ္ပာယ်ရသည်။ يَشْعُرُونَ (ယရှ်အုရူန)။ ။ သူတို့သည် သိမြင်နားလည်ကြသည်၊ ခံစားသိရှိကြသည် ဟု အဓိပ္ပာယ်ရသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်အာယသ်တော်များတွင် ဖော်ပြခဲ့သော မုနာဖိကူန်များ (အယောင်ဆောင်သူများ) အကြောင်းကို ဆက်လက်ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် မိမိတို့၏ လုပ်ရပ်များကို ပြုပြင်ရေးလုပ်ဆောင်နေသည်ဟု ထင်မြင်ယူဆကြသော်လည်း အမှန်တကယ်တွင် သူတို့သည် ဖျက်ဆီးရေးကို လုပ်ဆောင်နေသူများဖြစ်ကြသည်။
အလ္လာဟ်အရှင်မြတ်သည် ဤနေရာတွင် အလွန်ထင်ရှားစွာ သတိပေးတော်မူထားသည်။ သူတို့သည် အမှန်တကယ် ဖျက်ဆီးသူများဖြစ်ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကိုသော်လည်းကောင်း၊ အခြားသူများကိုသော်လည်းကောင်း ဖျက်ဆီးနေကြသည်။ မိမိတို့ကိုယ်ကို ကုဖ်ရ် (မယုံကြည်မှု) ဖြင့် ဖျက်ဆီးနေကြပြီး အခြားသူများကို အီမာန် (ယုံကြည်မှု) လမ်းမှ တားဆီးပိတ်ပင်ခြင်းဖြင့် ဖျက်ဆီးနေကြသည်။
သို့သော် သူတို့သည် ထိုအချက်ကို နားမလည်ကြပေ။ သူတို့သည် မိမိတို့လုပ်ဆောင်နေသည့်အရာသည် မှန်ကန်သောအရာ၊ ကောင်းမွန်သောအရာဟု ထင်မြင်ယူဆနေကြသည်။ သူတို့၏ အတွင်းစိတ်တွင် ကုဖ်ရ်ကို လျှို့ဝှက်ထားခြင်းသည် အမှန်တရားနှင့် ကောင်းမှုဖြစ်သည်ဟု သူတို့ ထင်မှတ်နေကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏ ဖျက်ဆီးမှုကို သိမြင်နိုင်စွမ်းမရှိကြပေ။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အစ္စလာမ်သာသနာတော်သည် အမှန်တရားကို ရှင်းလင်းစွာ ဖော်ပြပေးသော သာသနာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျမ်းတော်မြတ်ကုရ်အာန်တွင် အမှန်တရားကို ထင်ရှားစွာ ဖော်ပြထားသည်။ လူသားတို့သည် မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ မိမိလုပ်ဆောင်နေသည့်အရာသည် အမှန်တကယ် ကောင်းမှုလား၊ ဖျက်ဆီးမှုလား ဆိုသည်ကို ဆင်ခြင်သုံးသပ်ရမည်။ အယောင်ဆောင်ခြင်း၊ လျှို့ဝှက်ခြင်းသည် ဖျက်ဆီးမှု၏ အရင်းအမြစ်ဖြစ်သည်။ ရိုးသားမှုနှင့် ပွင့်လင်းမှုသည် အစ
أَلَآ إِنَّهُمۡ هُمُ ٱلۡمُفۡسِدُونَ وَلَٰكِن لَّا يَشۡعُرُونَ ١٢
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 10-14 — စူရာ အလ်-ဗကရ
10 فِي قُلُوبِهِم مَّرَضٌ فَزَادَهُمُ اللَّهُ مَرَضًا ۖ وَلَهُمْ عَذَابٌ أَلِيمٌ بِمَا كَانُوا يَكْذِبُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စိတ်နှလုံးများ၌ (မနာလိုဝန်တို ဣဿာ၊ မစ္ဆရိယ ) တည်းဟူသော ရောဂါဝေနာသည် စွဲကပ် လျက်ရှိ၏။ သို့ဖြစ်လေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ရောဂါကို တိုးပွားစေတော်မူ၏။ ထိုမှတပါးတုံ ထိုသူများအဖို့ (ဆင်းရဲကြီးစွာ ခံစားရန်) ပြင်းပြနာကျင်ဘွယ်ကောင်းသော အပြစ်ဒဏ်ကိုလည်း အသင့်ထားရှိတော် မူလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် (မယုံကြည်ဘဲလျက် ကျွန်ုပ်တို့ယုံကြည်ကြပါ၏ ဟု) မဟုတ်မလျား မုသား ပြောဆိုလေ့ ရှိခြင်းကြောင့်တည်း။
11 وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا فِي الْأَرْضِ قَالُوا إِنَّمَا نَحْنُ مُصْلِحُونَ
ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
12 أَلَا إِنَّهُمْ هُمُ الْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
13 وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِن لَّا يَعْلَمُونَ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
14 وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။
ဘာသာပြန် — အလ်-ဗကရ 12 စူရာ အလ်-ဗကရ အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။…
စူရာ အာယာသ် 12/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.