အလ်-ဗကရ · 148/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝١٤٨
Wa likullinw wijhatun huwa muwalleehaa fastabiqul khairaat; ayna maa takoonoo yaati bikumullaahu jamee`aa; innal laaha `alaa kulli shai`in qadeer
📖 မြန်မာဘာသာ
ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 146-150 — စူရာ အလ်-ဗကရ

146الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِّنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။
147الْحَقُّ مِن رَّبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။
148وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။
149وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِن رَّبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိ�္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။
150وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌) ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိသူများလည်း ဖြစ်ကြအံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
148အာယာသ်

ဘာသာပြန် — အလ်-ဗကရ 148

စူရာ အလ်-ဗကရ အာယာသ် 148 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။…

စူရာ အာယာသ် 148/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 146–150. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers