အလ်-ဗကရ · 172/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ وَاشْكُرُوا لِلَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ ۝١٧٢
Yaaa ayyuhal lazeena aamanoo kuloo min taiyibaati maa razaqnaakum washkuroo lillaahi in kuntum iyyaahu ta`budoon
📖 မြန်မာဘာသာ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
  • طَيِّبَاتِ (သွိုင်းယိဗာသ်) — သန့်ရှင်းစင်ကြယ်သော၊ ခွင့်ပြုထားသော (ဟလာလ်) ဖြစ်သော အရာများ။
  • رَزَقْنَاكُمْ (ရဇက္နာကွမ်) — ငါအရှင်မြတ်သည် သင်တို့အား ပေးသနားတော်မူခဲ့သည်။
  • وَاشْكُرُوا (ဝါရှ်ကုရူ) — ကျေးဇူးတင်ကြပါ။
  • إِن كُنتُمْ إِيَّاهُ تَعْبُدُونَ (အင်ကွမ်တွမ် ဣယျာဟု တအဗ်ဗုဒူန) — အကယ်၍ သင်တို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်သူများ ဖြစ်ကြပါလျှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အား ပေးသနားတော်မူခဲ့သော သန့်ရှင်းစင်ကြယ်၍ ခွင့်ပြုထားသော (ဟလာလ်) အစားအသောက်များကို စားသုံးကြပါ။ ကာဖိရ်များကဲ့သို့ ခွင့်ပြုထားသော သန့်ရှင်းသည့်အရာများကို တားမြစ်ခြင်း၊ မသန့်ရှင်းသည့်အရာများကို ခွင့်ပြုခြင်း မပြုလုပ်ကြပါနှင့်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ပေးသနားတော်မူခဲ့သော ကြီးမားလှသည့် ဂုဏ်ကျေးဇူးတော်များအတွက် နှလုံးသားဖြင့်လည်းကောင်း၊ လျှာဖြင့်လည်းကောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့်လည်းကောင်း ကျေးဇူးတင်ကြပါ။ အကယ်၍ သင်တို့သည် အရှင်မြတ်၏ အမိန့်တော်ကို အမှန်တကယ် လိုက်နာသူများ၊ နာခံသူများ ဖြစ်ကြပါလျှင်၊ အရှင်မြတ်တစ်ပါးတည်းကိုသာလျှင် ခဝပ်ကိုးကွယ်သူများ ဖြစ်ကြပါလျှင်၊ ထိုအရှင်မြတ်အား မည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ခြင်း မပြုဘဲ ခဝပ်ကိုးကွယ်ကြပါ။ ကျေးဇူးတင်ခြင်း၏ အဓိပ္ပာယ်မှာ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်တော်မူချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကျေးဇူးတင်ခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းထားသော သန့်ရှင်းစင်ကြယ်၍ ခွင့်ပြုထားသည့် အစားအသောက်များကို စားသုံးခွင့်ပြုထားတော်မူသည်။ အစ္စလာမ်သည် လူသားတို့အား ချိုမြိန်သော၊ အရသာရှိသော၊ သန့်ရှင်းသော အစားအသောက်များကို စားသုံးခွင့်ပြုထားသည်။
  • အစ္စလာမ်သည် ကြည်ညိုဖွယ်ရာကောင်းသော၊ လူသားတို့၏ သဘာဝနှင့် ကိုက်ညီသော ဘာသာတရားဖြစ်သည်။ ခွင့်ပြုထားသည့်အရာများကို ခွင့်ပြုပြီး၊ တားမြစ်ထားသည့်အရာများကို တားမြစ်ထ


📜 အာယာသ် 170-174 — စူရာ အလ်-ဗကရ

170وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို �ွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။
171وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ
ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့် တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော်ကို မနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။
172يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ وَاشْكُرُوا لِلَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။
173إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنزِيرِ وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ဝက်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ သ ပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချ တားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာနိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူးသူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
174إِنَّ الَّذِينَ يَكْتُمُونَ مَا أَنزَلَ اللَّهُ مِنَ الْكِتَابِ وَيَشْتَرُونَ بِهِ ثَمَنًا قَلِيلًا ۙ أُولَٰئِكَ مَا يَأْكُلُونَ فِي بُطُونِهِمْ إِلَّا النَّارَ وَلَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ သောကျမ်းဂန်လာ တရားဒေသနာအနည်းငယ်မျှသော အဖိုး အခဖြင့် လဲလှယ်ရောင်းချစားသုံးသောသူများသည် မိမိတို့၏ ဝမ်းတွင်း သို့ အခြား (တစ်စုံတစ်ရာ) စားသုံးကြသည်မမည်။ စင်စစ် အားဖြင့် မီးကိုသာ စားသုံးရာမည်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ထိုသူများအား (ချိုအေးသောစကားကို) ပြောကြားတော်မူမည် လည်းမဟုတ်၊ ထိုသူတို့အား (အပြစ်ဒုစရိုက်မှုများမှ) သန့်ရှင်းစေတော်မူမည် လည်းမဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့ခံစားရန် ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်လည်း အသင့်ရှိပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
172အာယာသ်

ဘာသာပြန် — အလ်-ဗကရ 172

စူရာ အလ်-ဗကရ အာယာသ် 172 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက်…

စူရာ အာယာသ် 172/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 170–174. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers