အလ်-ဗကရ · 171/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ ۝١٧١
Wa masalul lazeena kafaroo kamasalil lazee yan`iqu bimaa laa yasma`u illaa du`aaa`anw wa nidaaa`aa; summum bukmun `umyun fahum laa ya`qiloon
📖 မြန်မာဘာသာ
ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့် တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော်ကို မနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يَنْعِقُ (ယန်အိခ်) — ဆူပူအော်ဟစ်ခြင်း၊ သိုးဆိတ်စသည့် တိရစ္ဆာန်များကို ထိန်းကျောင်းသူက အော်ဟစ်ခေါ်ဆိုခြင်းကို ဆိုလိုသည်။
  • دُعَاءً (ဒုအာအ်) — ခေါ်သံ၊ အော်ဟစ်ခေါ်ဆိုသံ။
  • نِدَاءً (နိဒာအ်) — ဟစ်ခေါ်သံ၊ အသံကျယ်စွာ ခေါ်ဆိုသံ။
  • صُمٌّ (ဆွမ်မ်) — နားပင်းသူများ။
  • بُكْمٌ (ဗုကမ်) — စကားမပြောနိုင်သူများ၊ ဆွံ့အသူများ။
  • عُمْيٌ (အွမ်ယွန်) — မျက်စိကန်းသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကာဖိရ် (မယုံကြည်သူ) တို့၏ အခြေအနေကို ဥပမာတစ်ခုဖြင့် ရှင်းလင်းဖော်ပြထားခြင်း ဖြစ်သည်။ ဥပမာမှာ သိုးဆိတ်များကို ထိန်းကျောင်းသူတစ်ဦးသည် မိမိ၏ တိရစ္ဆာန်များကို အော်ဟစ်ခေါ်ဆိုသောအခါ တိရစ္ဆာန်များသည် သူ၏ အသံကို ကြားရုံသာ ကြားရပြီး စကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။ ထို့အတူ တမန်တော်မုဟမ္မဒ် (ဆွ) သည် ကာဖိရ်တို့အား အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်ရာတွင် သူတို့သည် ဖိတ်ခေါ်သံကို ကြားရသော်လည်း ထိုဖိတ်ခေါ်ချက်၏ အနှစ်သာရနှင့် အကျိုးကျေးဇူးကို နားလည်သဘောပေါက်ခြင်း မရှိကြပေ။

ထို့ကြောင့် သူတို့သည် အမှန်တရားကို အကျိုးရှိစွာ ကြားနာနိုင်ခြင်းမှ နားပင်းသကဲ့သို့ ဖြစ်နေကြသည်။ အမှန်တရားကို ပြောဆိုခြင်းမှ ဆွံ့အသကဲ့သို့ ဖြစ်နေကြသည်။ အမှန်တရား၏ သက်သေလက္ခဏာများကို မြင်တွေ့နိုင်ခြင်းမှ မျက်စိကန်းသကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် မိမိတို့၏ ဦးနှောက်နှင့် ဆင်ခြင်တုံတရားကို အသုံးမပြုကြသောကြောင့် အမှန်တရားကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အစ္စလာမ်သာသနာသည် လူသားတို့အား ဆင်ခြင်တုံတရားနှင့် နားလည်သဘောပေါက်မှုကို အသုံးပြုရန် ဖိတ်ခေါ်သည်။ မည်သည့်အရာကိုမျှ မစဉ်းစားဘဲ လိုက်နာခြင်းသည် တိရစ္ဆာန်များနှင့် တူညီနိုင်သည်။
  • ကုရ်အာန်သည် လူသားတို့အား အမှန်တရားကို ကြားနာရန်၊ မြင်တွေ့ရန်၊ ပြောဆိုရန်နှင့် ဆင်ခြင်ရန် ဖိတ်ခေါ်သော ကျမ်းတော်ဖြစ်သည်။
  • အစ္စလာမ်သာသနာသည် လူသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပြီး သူတို့အား တိရစ္ဆ


📜 အာယာသ် 169-173 — စူရာ အလ်-ဗကရ

169إِنَّمَا يَأْمُرُكُم بِالسُّوءِ وَالْفَحْشَاءِ وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန် လည်းကောင်း အမိန့်ပေးတိုက်တွန်း နှိုးဆော်သည် သာဖြစ်သည်။
170وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို �ွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။
171وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ
ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့် တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော်ကို မနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။
172يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ وَاشْكُرُوا لِلَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။
173إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنزِيرِ وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ဝက်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ သ ပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချ တားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာနိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူးသူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
171အာယာသ်

ဘာသာပြန် — အလ်-ဗကရ 171

စူရာ အလ်-ဗကရ အာယာသ် 171 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့်…

စူရာ အာယာသ် 171/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 169–173. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers