အလ်-ဗကရ · 265/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَمَثَلُ الَّذِينَ يُنفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِّنْ أَنفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِن لَّمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ۝٢٦٥
Wa masalul lazeena yunfiqoona amwaalahumub ti ghaaaa`a mardaatil laahi wa tasbeetam min anfusihim kamasali jannatim birabwatin asaabahaa waabilun fa aatat ukulahaa di`faini fa il lam yusibhaa waabilun fatall; wallaahu bimaa ta`maloona Baseer
📖 မြန်မာဘာသာ
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 263-267 — စူရာ အလ်-ဗကရ

263۞ قَوْلٌ مَّعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِّن صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
(ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ြွကယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
264يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُم بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှ�င်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။
265وَمَثَلُ الَّذِينَ يُنفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِّنْ أَنفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِن لَّمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။
266أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُ جَنَّةٌ مِّن نَّخِيلٍ وَأَعْنَابٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِن كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။
267يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِن طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُم مِّنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِآخِذِيهِ إِلَّا أَن تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ
အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့�ေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
265အာယာသ်

ဘာသာပြန် — အလ်-ဗကရ 265

စူရာ အလ်-ဗကရ အာယာသ် 265 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏…

စူရာ အာယာသ် 265/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 263–267. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers