အလ်-အန်ဘီယာ · 78/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَدَاوُودَ وَسُلَيْمَانَ إِذْ يَحْكُمَانِ فِي الْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ الْقَوْمِ وَكُنَّا لِحُكْمِهِمْ شَاهِدِينَ ۝٧٨
Wa Daawooda wa Sulaimaana iz yahkumaani fil harsi iz nafashat feehi ghanamul qawmi wa kunnaa lihukmihim shaahideen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန်၏။ အကြင်အခါဝယ်အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဉ့်အချိန်တွင် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • ဟရ်စ် (الْحَرْث) — လယ်ယာမြေ၊ သီးနှံစိုက်ခင်း။ ဤနေရာတွင် စပျစ်ခြံ သို့မဟုတ် သီးနှံခင်းကို ဆိုလိုသည်။
  • နဖရှတ် (نَفَشَتْ) — သိုးအုပ်သည် ညအချိန်တွင် ထိန်းကျောင်းသူမပါဘဲ လွတ်လပ်စွာ ပျံ့နှံ့သွားပြီး ဝင်ရောက်ကျက်စားခြင်း။
  • ဂိုနမ် (غَنَم) — သိုးအုပ်။
  • ရှာဟိဒီးန် (شَاهِدِينَ) — အသိသက်သေများ၊ မြင်တွေ့သိရှိသူများ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စီရင်ဆုံးဖြတ်မှုကို အသိသက်သေဖြစ်တော်မူသည်၊ မည်သည့်အရာမျှ ကွယ်ပျောက်မနေကြောင်း ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို—ရစူလ်တမန်တော်) တမန်တော်ဒါဝူးဒ်နှင့် သားတော် စုလိုင်မာန်တို့၏ အဖြစ်အပျက်ကို သတိရပါ။ ထိုအခါ သူတို့နှစ်ဦးသည် လယ်ယာမြေနှင့် ပတ်သက်သော အမှုတစ်ခုကို စီရင်ဆုံးဖြတ်နေကြသည်။ အမှုသည် နှစ်ဦးအနက် တစ်ဦး၏ သိုးအုပ်သည် ညအချိန်တွင် အခြားတစ်ဦး၏ သီးနှံခင်းထဲသို့ ဝင်ရောက်ပျံ့နှံ့ပြီး ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ တမန်တော်ဒါဝူးဒ်သည် သိုးအုပ်ပိုင်ရှင်ထံမှ သိုးများကို သီးနှံပိုင်ရှင်အား လျော်ကြေးအဖြစ် ပေးအပ်ရန် စီရင်ခဲ့သည်။ ငါအရှင်မြတ်သည် သူတို့၏ စီရင်ဆုံးဖြတ်မှုကို အသိသက်သေဖြစ်တော်မူသည်။ သူတို့၏ စီရင်ချက်မှ မည်သည့်အရာမျှ ငါ့ထံမှ ကွယ်ပျောက်မနေပါ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နဗီတမန်တော်များကို ဉာဏ်ပညာနှင့် တရားစီရင်နိုင်စွမ်းဖြင့် ချီးမြှင့်တော်မူကြောင်း သိရှိရသည်။ တမန်တော်ဒါဝူးဒ်နှင့် စုလိုင်မာန်တို့သည် လူသားများ၏ အမှုအခင်းများကို တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်သူများဖြစ်ကြသည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိမြင်တော်မူသည်။ မည်သည့်စီရင်ဆုံးဖြတ်မှုမျှ အရှင်မြတ်ထံမှ ကွယ်ပျောက်မနေပါ။ ဤအချက်သည် အရှင်မြတ်၏ တန်ခိုးတော်နှင့် ဉာဏ်တော်ကို ယုံကြည်စိတ်ချစေသည်။
  • အမှုအခင်းများကို တရားမျှတစွာ စီရင်ဆုံးဖြတ်ခြင်းသည် အစ္စလာမ်၏ အရေးကြီးသော သွန်သင်ချက်တစ်ခုဖြစ်သည်။ ဤအဖြစ်အပျက်သည် ယုံကြည်သူများအတ


📜 အာယာသ် 76-80 — စူရာ အလ်-အန်ဘီယာ

76وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် (အို-နဗီတမန်တော်) နူဟ်(၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြန်လည်သတိရပါလေ။ တမန်တော်အိဗ်ရာဟီမ်မပွင့်မီ) ရှေးကာလကပင် ထိုနူဟ်သည် (ငါအရှင်မြတ်အား) ဟစ်ခေါ်ပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုနူဟ်၏ ဟစ်ခေါ်ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်၏ ဘက်တော်သားတို့အားလည်းကောင်း၊ ကြီးစွာသော ပူပင်သောက ဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့၏။
77وَنَصَرْنَاهُ مِنَ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူဟ်အားငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသော အမျိုးသားတို့ (၏ ဘေးအန္တရာယ်)မှကာကွယ်စောင့်ရှောက်တော် မူခဲ့၏။ ဧကန်မလွဲ ၎င်းတို့သည်အလွန်ဆိုးရွားသော အမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို နစ်မြုပ်စေတော် မူခဲ့ပေသတည်း။
78وَدَاوُودَ وَسُلَيْمَانَ إِذْ يَحْكُمَانِ فِي الْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ الْقَوْمِ وَكُنَّا لِحُكْمِهِمْ شَاهِدِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန်၏။ အကြင်အခါဝယ်အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဉ့်အချိန်တွင် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။
79فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
80وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّن بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَاكِرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
78အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 78

စူရာ အလ်-အန်ဘီယာ အာယာသ် 78 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည်…

စူရာ အာယာသ် 78/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 76–80. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 4, 2026

Don't forget us in your sincere prayers