အလ်-ဟဂ်ျ · 16/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
وَكَذَٰلِكَ أَنزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَن يُرِيدُ ۝١٦
Wa kazaalika anzalnaahu aayaatim baiyinaatinw wa annal laaha yahdee mai yureed
📖 မြန်မာဘာသာ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • وَكَذَٰلِكَ (ဝကသာလိက) — ထို့အတူ၊ ထိုနည်းတူစွာ။
  • أَنزَلْنَاهُ (အန်ဇလ်နာဟု) — ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။
  • آيَاتٍ بَيِّنَاتٍ (အာယာသင်ဗိုင်ယိနာသ်) — ထင်ရှားရှင်းလင်းသော သက်သေလက္ခဏာများ၊ အာယသ်တော်များ။
  • يَهْدِي (ယဟ်ဒီ) — လမ်းညွှန်တော်မူသည်၊ တရားလမ်းပြသတော်မူသည်။
  • مَن يُرِيدُ (မန်ယုရီဒု) — မည်သူကို အလိုရှိတော်မူသည်ကို။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ ကာဖိရ်များအတွက် ထင်ရှားသော သက်သေလက္ခဏာများကို ထူထောင်တော်မူသကဲ့သို့ပင်၊ ထိုနည်းတူစွာ အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်သို့ ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူခဲ့သည်။ ထိုကုရ်အာန်၏ အာယသ်တော်များသည် စကားလုံးအရရော၊ အဓိပ္ပာယ်အရပါ ထင်ရှားရှင်းလင်းလှသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသော သူအား ထိုကုရ်အာန်ဖြင့် တရားလမ်းမှန်ကို ညွှန်ပြတော်မူသည်။ အကြောင်းမှာ လမ်းညွှန်ပေးနိုင်သော အရှင်သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှ မရှိသောကြောင့် ဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်ဖြင့် မိမိအလိုရှိသော သူအား တရားလမ်းမှန်နှင့် ဖြောင့်မတ်သော လမ်းစဉ်သို့ ပို့ဆောင်ပေးတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ကြောင်း ထင်ရှားသော သက်သေတစ်ခုဖြစ်သည်။ အကြောင်းမှာ ထို ကျမ်းတော်၏ အာယသ်တော်များသည် အလွန်ရှင်းလင်းပြီး ပညာရှင်များနှင့် သာမန်လူများပါ နားလည်နိုင်သောကြောင့် ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို အတင်းအကြပ် လမ်းညွှန်တော်မူသည်မဟုတ်ဘဲ၊ မိမိအလိုတော်ရှိသော သူအား လမ်းညွှန်တော်မူသည်။ သို့သော် လူသားသည် စိတ်ရင်းမှန်ဖြင့် အမှန်တရားကို ရှာဖွေလိုပါက အရှင်မြတ်သည် သူ့အား လမ်းညွှန်တော်မူမည်ဖြစ်သည်။
  • ကုရ်အာန်သည် လူသားအားလုံးအတွက် လမ်းညွှန်ချက် ဖြစ်သည်။ ထိုကျမ်းတော်ကို


📜 အာယာသ် 14-18 — စူရာ အလ်-ဟဂ်ျ

14إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်တော်မူသောကိစ္စကို(ပြီးမြောက်အောင်) ပြုလုပ်တော်မူပေသည်။
15مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။
16وَكَذَٰلِكَ أَنزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَن يُرِيدُ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။
17إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئِينَ وَالنَّصَارَىٰ وَالْمَجُوسَ وَالَّذِينَ أَشْرَكُوا إِنَّ اللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့တို့သည်လည်းကောင်း၊ ရေ၀တီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ န(ဆ်)ရာနီတို့သည်လည်းကောင်း၊ မဂျူစီ မီးကိုးကွယ်သူတို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
18أَلَمْ تَرَ أَنَّ اللَّهَ يَسْجُدُ لَهُ مَن فِي السَّمَاوَاتِ وَمَن فِي الْأَرْضِ وَالشَّمْسُ وَالْقَمَرُ وَالنُّجُومُ وَالْجِبَالُ وَالشَّجَرُ وَالدَّوَابُّ وَكَثِيرٌ مِّنَ النَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ الْعَذَابُ ۗ وَمَن يُهِنِ اللَّهُ فَمَا لَهُ مِن مُّكْرِمٍ ۚ إِنَّ اللَّهَ يَفْعَلُ مَا يَشَاءُ ۩
ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လသည်လည်းကောင်း၊ ကြယ် နက္ခတ်များသည်လည်းကောင်း၊ တောင်များသည် လည်းကောင်း၊ သစ်ပင်များသည်လည်းကောင်း၊ တိရစ္ဆာန်များသည်လည်းကောင်း၊ မြောက်များစွာသော လူတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဦးချကြသည်ကို အသင်သည် မသိပါသလော။သို့ရာတွင် (လူတို့အနက်) မြောက်များစွာ သောသူတို့အပေါ်၌ပြစ်ဒဏ်သည် အတည်ဖြစ်လေပြီ။ စင်စစ်သော်ကား မည်သူအားမဆို အလ္လာဟ်အရှင်မြတ်သည် ဂုဏ်အသရေ ယုတ်ညံ့စေတော်မူပါလျှင်၊ ထိုသူအား (ဂုဏ်အသရေ) ချီးမြှင့်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကို ပြုလုပ်တော် မူပေသတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
16အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 16

စူရာ အလ်-ဟဂ်ျ အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 16/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers