အလ်-ဟဂ်ျ · 15/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ ۝١٥
Man kaana yazunnu allai yansurahul laahu fid dunyaa wal aakhirati fal yamdud bisababin ilas samaaa`i summal yaqta` falyanzur hal yuzhibanna kaiduhoo maa yagheez
📖 မြန်မာဘာသာ
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက် လိုအပ်သော ဝေါဟာရများ:
  • يَظُنُّ: ထင်မြင်သည်၊ ယုံကြည်သည်။
  • لَن يَنصُرَهُ: အလ္လာဟ်အရှင်မြတ်သည် သူ့ကို ကူညီမည်မဟုတ်။
  • بِسَبَبٍ: ကြိုးဖြင့်။
  • إِلَى السَّمَاءِ: မိုးကောင်းကင်သို့ (ဤနေရာတွင် အိမ်၏မျက်နှာကြက်ကို ဆိုလိုသည်)။
  • لْيَقْطَعْ: ဖြတ်လိုက်ပါစေ (မိမိကိုယ်ကို ကြိုးဆွဲချ၍ သတ်လိုက်ပါစေ)။
  • كَيْدُهُ: သူ၏အကြံအစည်၊ သူ၏လုပ်ရပ်။
  • مَا يَغِيظُ: သူ၏စိတ်ပျက်မှု၊ ဒေါသထွက်မှု။
  1. ဤအာယသ်တော်၏အနက်အဓိပ္ပာယ်:

အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်မုဟမ္မဒ်(ဆွ)ကို ဤလောကီဘဝနှင့် နောင်တမလွန်ဘဝတွင် ဧကန်အမှန်ကူညီမည်ဖြစ်သည်။ ဤလောကီဘဝတွင် သာသနာကိုအောင်မြင်စေခြင်းဖြင့်လည်းကောင်း၊ နောင်တမလွန်ဘဝတွင် အဆင့်အတန်းမြင့်မားစေခြင်းဖြင့်လည်းကောင်း၊ သူ့ကိုငြင်းပယ်သူများကို အပြစ်ဒဏ်ပေးခြင်းဖြင့်လည်းကောင်း ကူညီမည်ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ဦးသည် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို ကူညီမည်မဟုတ်ဟု ထင်မြင်ယုံကြည်ပါက၊ သူသည် မိမိအိမ်၏မျက်နှာကြက်တွင် ကြိုးတစ်ချောင်းကိုချည်ပြီး ထိုကြိုးဖြင့် မိမိကိုယ်ကိုဆွဲချ၍ သတ်လိုက်ပါစေ။ ထို့နောက် သူ၏ထိုလုပ်ရပ်သည် သူ၏စိတ်ထဲရှိ ဒေါသထွက်မှု၊ စိတ်ပျက်မှုကို ဖယ်ရှားနိုင်သလားဆိုတာ ကြည့်လိုက်ပါစေ။ အမှန်မှာ မည်သူပင်ငြင်းပယ်နေပါစေ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်ကို ဧကန်အမှန်ကူညီမည်ဖြစ်သည်။

ဤအာယသ်တော်သည် အလွန်ပြင်းထန်သောသတိပေးချက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူများအတွက် အရှင်မြတ်သည် မိမိတမန်တော်ကို ကူညီမည်ဖြစ်ကြောင်း စိတ်ချယုံကြည်စေရန် သွန်သင်ပေးသည်။ ငြင်းပယ်သူများအတွက်မူ သူတို့၏ငြင်းပယ်မှုသည် အလ္လာဟ်အရှင်မြတ်၏အစီအစဉ်ကို မည်သို့မျှမတားဆီးနိုင်ကြောင်း ထင်ရှားစေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သောအကျိုးကျေးဇူးများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်နှင့် သာသနာကို ဧကန်အမှန်ကူညီမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။
  • ငြင်းပယ်သူများ၏အကြံအစည်များသည် အလ္လာဟ်အရှင်မြတ်၏အစီအစဉ်ကို မည်သည့်အခါမျှ မတားဆီးနိုင်ကြောင်း သိရှိရသည်။
  • စိတ်ပျက်မှု၊ ဒေါသထွ


📜 အာယာသ် 13-17 — စူရာ အလ်-ဟဂ်ျ

13يَدْعُو لَمَن ضَرُّهُ أَقْرَبُ مِن نَّفْعِهِ ۚ لَبِئْسَ الْمَوْلَىٰ وَلَبِئْسَ الْعَشِيرُ
(အမှန်စင်စစ်) ထိုသူသည် အကြင်အရာကို ဟစ်ခေါ်လျက်ရှိပေသည်။ ထိုအရာ၏ အကျိုးယုတ်စေမှုသည် ၎င်း၏ အကျိုးဖြစ်စေခြင်းထက် ပိုမို၍ပင်နီးကပ်လျက်ရှိပေသည်။စင်စစ်(ထိုသူဟစ်ခေါ်လျက်ရှိသောအရာမှာမူကား)အလွန်ယုတ်ညံ့သော ကြည့်ရှုထောက်မသူ၊ ၎င်းပြင် အလွန်ယုတ်ညံ့သောအဆွေခင်ပွန်းပင် ဖြစ်ပေသတည်း။
14إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۚ إِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်တော်မူသောကိစ္စကို(ပြီးမြောက်အောင်) ပြုလုပ်တော်မူပေသည်။
15مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى السَّمَاءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُ مَا يَغِيظُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင် ထိုသူသည် ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်တန်းဆွဲချိတ်ရမည်။ ထို့နောက် ၎င်းသည်(ယင်းအကူအညီကို)ဖြတ်တောက် (ရပ်စဲစေ)ရမည်။(တစ်နည်း)ထိုသူသည် ကြိုးတစ်ချောင်းကို(ယူကာ)မိမိလည်ပင်းကို ချည်၍ (အိမ်)ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းပြီးနောက်(မိမိလည်မျိုကို)ညှစ်သတ်ရမည်။ တစ်ဖန် မိမိကြံစည်ချက်သည်(မိမိအား) အမျက်ထွက်စေသောကိစ္စကို ပျောက်လွင့်စေသလောဟု စဉ်းစားဆင်ခြင်၍ ကြည့်ရပေမည်။
16وَكَذَٰلِكَ أَنزَلْنَاهُ آيَاتٍ بَيِّنَاتٍ وَأَنَّ اللَّهَ يَهْدِي مَن يُرِيدُ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ထင်ရှားလှစွာသော သက်သေလက္ခဏာ အာယတ်တော်များအဖြစ် ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပေသတည်း။
17إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئِينَ وَالنَّصَارَىٰ وَالْمَجُوسَ وَالَّذِينَ أَشْرَكُوا إِنَّ اللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့တို့သည်လည်းကောင်း၊ ရေ၀တီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ န(ဆ်)ရာနီတို့သည်လည်းကောင်း၊ မဂျူစီ မီးကိုးကွယ်သူတို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
15အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 15

စူရာ အလ်-ဟဂ်ျ အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ထိုရစူလ်တမန်တော်(မုဟမ္မဒ်) အား (ဤ)ပစ္စက္ခ မျက်မှောက်လောကတွင်လည်းကောင်း၊ နောင်တမလွန်တွင်လည်းကောင်း၊ အလျင်း အကူအညီပေးတော်မူမည်မဟုတ်ဟု ထင်မြင်ယူဆလျှက်ရှိလျှင်…

စူရာ အာယာသ် 15/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers