အလ်-မုအ်မီနွန် · 27/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُم مُّغْرَقُونَ ۝٢٧
Fa awhainaaa ilaihi anis na`il fulka bi a`yuninaa wa wahyinaa fa izaa jaaa`a amrunaa wa faarat tannooru fasluk feehaa min kullin zawjainis naini wa ahlaka illaa man sabaqa `alaihil qawlu minhum wa laa tukhaat ibnee fil lazeena zalamooo innaahum mughraqoon
📖 မြန်မာဘာသာ
ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْفُلْكَ: သင်္ဘော၊ ရေယာဉ်။
  • بِأَعْيُنِنَا: ငါအရှင်မြတ်၏ စောင့်ကြည့်မှုဖြင့်၊ ငါအရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင်။
  • وَحْيِنَا: ငါအရှင်မြတ်၏ အမိန့်တော်၊ ညွှန်ကြားချက်။
  • أَمْرُنَا: ငါအရှင်မြတ်၏ အမိန့်တော် (ဤနေရာတွင် ပျက်စီးစေမည့် အမိန့်တော်ကို ဆိုလိုသည်)။
  • وَفَارَ التَّنُّورُ: မီးဖိုမှ ရေသည် ပွက်ပွက်ဆူထွက်လာသည်။ (ရေလွှမ်းမိုးမှု စတင်ကြောင်း သင်္ကေတ)။
  • فَاسْلُكْ: ထည့်သွင်း၊ သွတ်သွင်း။
  • زَوْجَيْنِ اثْنَيْنِ: အကောင်နှစ်ကောင်၊ အထီးတစ်ကောင် အမတစ်ကောင်။
  • أَهْلَكَ: သင့်မိသားစု၊ သင့်အိမ်သူအိမ်သား။
  • سَبَقَ عَلَيْهِ الْقَوْلُ: သူ့အပေါ် ပျက်စီးမည့် အမိန့်တော် ကျရောက်ပြီးဖြစ်သည်။
  • مُغْرَقُونَ: ရေနစ်မြုပ်ခြင်း ခံရမည့်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ထို့နောက် ငါအရှင်မြတ်သည် တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) ထံသို့ ဗျာဒိတ်တော် ပေးပို့တော်မူခဲ့သည်။ အဓိပ္ပာယ်မှာ သင်္ဘောကို ငါအရှင်မြတ်၏ စောင့်ကြည့်ကာကွယ်မှုအောက်တွင် ငါအရှင်မြတ်၏ ညွှန်ကြားချက်အတိုင်း ဆောက်လုပ်ပါ။ သင်္ဘောဆောက်လုပ်ရာတွင် မည်သည့်အမှားအယွင်းမှ မရှိစေရန် ငါအရှင်မြတ်သည် စောင့်ကြည့်ကာကွယ်ပေးတော်မူမည်။ ထို့နောက် ငါအရှင်မြတ်၏ ပျက်စီးစေမည့် အမိန့်တော် ရောက်လာပြီး မီးဖိုမှ ရေပွက်ပွက်ဆူထွက်လာသောအခါ (ရေလွှမ်းမိုးမှု စတင်သောအခါ)၊ သင်္ဘောထဲသို့ သတ္တဝါတိုင်းမှ အထီးတစ်ကောင် အမတစ်ကောင် စုံတွဲစီ ထည့်သွင်းပါ။ ထို့အပြင် သင့်မိသားစုကိုလည်း ထည့်သွင်းပါ။ သို့သော် သူတို့ထဲမှ ပျက်စီးမည့် အမိန့်တော် ကျရောက်ပြီးသားဖြစ်သူများ (ဥပမာ သင့်ဇနီးနှင့် သင့်သား) မပါဝင်ပါ။ မတရားပြုလုပ်သော သူများနှင့် ပတ်သက်၍ သူတို့ကို ကယ်တင်ပေးပါရန် ငါအရှင်မြတ်ထံ မတောင်းဆိုပါနှင့်။ အကြောင်းမှာ သူတို့သည် ရေနစ်မြုပ်ခြင်း ခံရမည့်သူများ ဧကန်အမှန်ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သစ္စာရှိကျေးကျွန်များကို စောင့်ကြည့်ကာကွယ်ပေးတော်မူသည်။ တမန်တော် နူ


📜 အာယာသ် 25-29 — စူရာ အလ်-မုအ်မီနွန်

25إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ
(စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။
26قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။
27فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُم مُّغْرَقُونَ
ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။
28فَإِذَا اسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။
29وَقُل رَّبِّ أَنزِلْنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيْرُ الْمُنزِلِينَ
ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ) "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်" ဟုလျှောက်ထားပန်ကြားပါလေ။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
27အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 27

စူရာ အလ်-မုအ်မီနွန် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည်…

စူရာ အာယာသ် 27/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers