အလ်-မုအ်မီနွန် · 28/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
فَإِذَا اسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ ۝٢٨
Fa izas tawaita ata wa mam ma`aka `alal fulki faqulil hamdu lillaahil lazee najjaanaa minal qawmiz zalimeen
📖 မြန်မာဘာသာ
တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • اسْتَوَيْتَ (အစ်စ်တဝိုင်သ): တည်ငြိမ်စွာ ထိုင်နေခြင်း၊ သင်္ဘောပေါ်တွင် ခိုင်မြဲစွာ တည်ရှိခြင်း။
  • الْفُلْكِ (အလ်ဖုလ်က်): သင်္ဘော၊ ရေယာဉ်။
  • نَجَّانَا (နဂျ္ဂျာနာ): ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည်။
  • الظَّالِمِينَ (အဇ်ဇွာလိမီန): မတရားသောသူများ၊ မိမိတို့ကိုယ်ကို မတရားပြုသော ကာဖိရ်များ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) အား အလ္လာဟ်အရှင်မြတ်က ဤသို့ မိန့်တော်မူခဲ့သည် — အကယ်၍ သင်နှင့်အတူ ပါလာသော မုအ်မင်န်များသည် သင်္ဘောပေါ်သို့ တက်ရောက်၍ ခိုင်မြဲစွာ တည်ငြိမ်သွားသောအခါ၊ ရေလွှမ်းမိုးမှုဘေးမှ လုံခြုံစွာ ရှိနေသောအခါ၊ ထိုအချိန်တွင် သင်သည် ဤသို့ ဆိုပါ — ချီးမွမ်းထောပနာအားလုံးသည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ထိုက်တန်ပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား မတရားသော ကာဖိရ်လူမျိုးတို့၏ ဘေးအန္တရာယ်မှ ကယ်တင်တော်မူခဲ့သည်။ ထိုလူမျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်ခြင်း၊ တမန်တော်ကို မဟုတ်မမှန်စွပ်စွဲခြင်းဖြင့် မိမိတို့ကိုယ်ကို မတရားပြုခဲ့ကြသူများ ဖြစ်ကြသည်။ ဤသည်မှာ ဘေးအန္တရာယ်မှ လွတ်မြောက်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် သင်ကြားပေးထားသော နည်းလမ်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သစ္စာရှိ ကျေးကျွန်များအား ဘေးအန္တရာယ်မှ ကယ်တင်တော်မူကြောင်း သိရှိရသည်။
  • ဘေးအန္တရာယ်မှ လွတ်မြောက်သောအခါ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းကျေးဇူးတင်ခြင်းသည် အီမာန်၏ အရသာကို ခံစားစေသည်။
  • မတရားသောသူများ၏ နောက်ဆုံးအကျိုးဆက်သည် ပျက်စီးခြင်းဖြစ်ကြောင်း သတိရစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များကို အမြဲတမ်း စောင့်ရှောက်ကယ်တင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။
  • ကျေးဇူးတင်ခြင်းသည် မုအ်မင်န်၏ အရည်အချင်းတစ်ရပ်ဖြစ်ကြောင်း သင်ယူရသည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် မိမိ၏ ဆက်ဆံရေးကို ခိုင်မြဲစေပြီး အစ္စလာမ်သာသနာတော်၏ အလှအပကို ထင်ရှားစေသည်။


📜 အာယာသ် 26-30 — စူရာ အလ်-မုအ်မီနွန်

26قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။
27فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُم مُّغْرَقُونَ
ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။
28فَإِذَا اسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။
29وَقُل رَّبِّ أَنزِلْنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيْرُ الْمُنزِلِينَ
ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ) "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်" ဟုလျှောက်ထားပန်ကြားပါလေ။
30إِنَّ فِي ذَٰلِكَ لَآيَاتٍ وَإِن كُنَّا لَمُبْتَلِينَ
ဧကန်မလွဲ ဤသည့်(အတ္ထုပ္ပတ္တိအကြောင်း) တွင် (အလ္လာဟ်အရှင်မြတ်၏များစွာသော)သက်သေလက္ခဏာများသည် ရှိကြပေသည်။ ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် စမ်းသပ်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 28

စူရာ အလ်-မုအ်မီနွန် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့…

စူရာ အာယာသ် 28/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers