အလ်-မုအ်မီနွန် · 26/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ ۝٢٦
Qaala Rabbin surnee bimaa kazzaboon
📖 မြန်မာဘာသာ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • ရဗ္ဗိ (رَبِّ): ကျွန်ုပ်၏အရှင်၊ ကျွန်ုပ်ကိုဖန်ဆင်းပြီး ပြုစုစောင့်ရှောက်တော်မူသောအရှင်။
  • အန်ဆွန်နီ (انصُرْنِي): ကျွန်ုပ်ကို ကူညီတော်မူပါ၊ ကျွန်ုပ်ဘက်မှ အောင်မြင်စေတော်မူပါ။
  • ဗိမာ (بِمَا): ကြောင့်၊ အတွက်။
  • ကဇ်ဇဗူနိ (كَذَّبُونِ): သူတို့သည် ကျွန်ုပ်ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်နူဟ် (အလိုင်ဟိစ်စလာမ်) သည် မိမိလူမျိုးတို့အား အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းနှင့် သတိပေးနှိုးဆော်ချက်များကို အချိန်ကြာမြင့်စွာ ဟောပြောခဲ့သော်လည်း သူတို့သည် မယုံကြည်ဘဲ ဆက်လက်ငြင်းပယ်ခဲ့ကြသည်။ ထိုအခါ သူသည် သူတို့၏လမ်းမှန်ရရှိရေးအတွက် မျှော်လင့်ချက် ကုန်ဆုံးသွားသောအခါ အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပြီး "အို ကျွန်ုပ်၏အရှင်မြတ်၊ ဤလူမျိုးတို့သည် ကျွန်ုပ်ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသောကြောင့် ကျွန်ုပ်ကို ကူညီတော်မူပါ၊ သူတို့အပေါ် အောင်မြင်ခွင့်ပေးတော်မူပါ" ဟု လျှောက်ထားခဲ့သည်။ ဤဆုတောင်းချက်သည် မိမိအတွက် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အမှန်တရားနှင့် အလ္လာဟ်အရှင်မြတ်၏ သတင်းစကား အောင်မြင်ရေးအတွက် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ဆုတောင်းချက်ကို လက်ခံတော်မူပြီး ငြင်းပယ်သူများကို ရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးတော်မူခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိထံ စိတ်ရင်းမှန်ဖြင့် ဆုတောင်းသော ကျွန်များ၏ ဆုတောင်းချက်ကို လက်ခံတော်မူကြောင်း သိရသည်။
  • အမှန်တရားအတွက် ကြိုးစားရာတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံဆုတောင်းခြင်းသည် အဖြေရှာနိုင်သော လမ်းဖြစ်သည်။
  • တမန်တော်များ၏ စိတ်ရှည်မှုနှင့် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်မှုသည် ကျွန်ုပ်တို့အတွက် စံပြဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို ငြင်းပယ်သူများကို ဤလောကတွင်သော်လည်းကောင်း၊ တမလွန်တွင်သော်လည်းကောင်း တရားစီရင်တော်မူမည်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာသူများအတွက် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းခြ


📜 အာယာသ် 24-28 — စူရာ အလ်-မုအ်မီနွန်

24فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنزَلَ مَلَائِكَةً مَّا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။ ၎င်းသည် အသင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်ချေသည်။ စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန်သို့ ရောက်စေရန်) အလိုရှိတော်မူခဲ့ပါလျှင် ကောင်းကင်တမန်များကိုသာ စေ လွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဤ (တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်ဟူသော)စကားကို မိမိတို့ ရှေးသူဟောင်းများဖြစ်သော ဘိုးဘေးတို့ထံမှ(တစ်ခါဘူးမျှပင်) မကြားခဲ့ဘူးကြချေ။
25إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ
(စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။
26قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။
27فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُم مُّغْرَقُونَ
ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။
28فَإِذَا اسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
26အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 26

စူရာ အလ်-မုအ်မီနွန် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား…

စူရာ အာယာသ် 26/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers