قَالَ إِنِّي أُرِيدُ أَنْ أُنكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَن تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِندِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّالِحِينَ ٢٧
🔤 Transliteration
Qaala innee ureedu an unkihaka ihdab nataiya haataini `alaaa an taajuranee samaaniya hijaj; fa in atmamta `ashran famin `indika wa maaa ureedu an ashuqqa `alaik; satajiduneee in shaaa`al laahu minas saaliheen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်
أُنكِحَكَ : သင့်အား ထိမ်းမြားလက်ထပ်ပေးအပ်သည်။ تَأْجُرَنِي : သင်သည် ကျွန်ုပ်အတွက် အလုပ်လုပ်ပေးသည် (အခကြေးငွေအဖြစ်)။ ثَمَانِيَ حِجَجٍ : ရှစ်နှစ်။ حِجَجٍ သည် حَجَّةٌ ၏ ဗဟုဝုစ်ဖြစ်ပြီး ဤနေရာတွင် "နှစ်" ဟု အဓိပ္ပာယ်ရသည်။ فَمِنْ عِندِكَ : ထိုအပိုသည် သင့်ဘက်မှ (သင့်စေတနာအလျောက်) ဖြစ်သည်။ أَشُقَّ عَلَيْكَ : သင့်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်၊ ခက်ခဲစေသည်။ الصَّالِحِينَ : သူတော်ကောင်းများ၊ ကတိသစ္စာကို ဖြည့်ဆည်းသူများ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
(ရှုအိုင်ဗ်ဘ်တမန်တော်သည် တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) အား) ဤသို့ဆိုလေသည်။ အကယ်၍ ကျွန်ုပ်၏ ဤသမီးနှစ်ဦးအနက် တစ်ဦးကို သင့်အား ထိမ်းမြားပေးအပ်မည်ဆိုလျှင် သင်သည် ကျွန်ုပ်၏ သိုးအုပ်ကို ရှစ်နှစ်တိတိ ထိန်းကျောင်းပေးရမည်ဟု သတ်မှတ်ချက်ဖြင့် လက်ထပ်ပေးလိုပါသည်။ အကယ်၍ သင်သည် ထိုကာလကို ဆယ်နှစ်အထိ ဖြည့်ဆည်းပေးခဲ့လျှင် ထိုအပိုနှစ်နှစ်သည် သင့်ဘက်မှ စေတနာအလျောက် လုပ်ပေးခြင်းသာ ဖြစ်သည်၊ ကျွန်ုပ်က အတင်းအကြပ် တောင်းဆိုခြင်း မဟုတ်ပေ။ ကျွန်ုပ်သည် သင့်အပေါ် ခက်ခဲကျပ်တည်းစေရန် မရည်ရွယ်ပါ။ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက ကျွန်ုပ်သည် ကတိသစ္စာကို ဖြည့်ဆည်းသူ၊ ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံသူတို့တွင် အပါအဝင် ဖြစ်သည်ကို သင်တွေ့ရမည် ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သည် ထိမ်းမြားလက်ထပ်ခြင်းကို မြင့်မြတ်သော ဆက်ဆံရေးအဖြစ် သတ်မှတ်ပြီး နှစ်ဖက်သဘောတူညီမှုနှင့် ရှင်းလင်းသော သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ရန် သွန်သင်ပေးသည်။ ကတိသစ္စာနှင့် သဘောတူညီချက်များကို တိကျစွာ ဖြည့်ဆည်းခြင်းသည် သူတော်ကောင်းများ၏ လက္ခဏာဖြစ်သည်။ အလုပ်အပေါ် အခကြေးငွေပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင်ကြား ရင်းနှီးမှုရှိခြင်းသည် အစ္စလာမ်၏ လူမှုရေးစံနှုန်းများတွင် ပါဝင်သည်။ ခက်ခဲကျပ်တည်းစေခြင်းကို ရှောင်ကြဉ်ပြီး လွယ်ကူညင်သာစွာ ဆက်ဆံခြင်းသည် အစ္စလာမ်၏ လမ်းညွှန်ချက်ဖြစ်သည်။ "အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက" ဟု ဆိုခြင်းသည် မွတ်စ်လင်မ်တ
قَالَ إِنِّيٓ أُرِيدُ أَنۡ أُنكِحَكَ إِحۡدَى ٱبۡنَتَيَّ هَٰتَيۡنِ عَلَىٰٓ أَن تَأۡجُرَنِي ثَمَٰنِيَ حِجَجٍۖ فَإِنۡ أَتۡمَمۡتَ عَشۡرًا فَمِنۡ عِندِكَۖ وَمَآ أُرِيدُ أَنۡ أَشُقَّ عَلَيۡكَۚ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰلِحِينَ ٢٧
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 25-29 — စူရာ အလ်-ကစာစ်
25 فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။
26 قَالَتْ إِحْدَاهُمَا يَا أَبَتِ اسْتَأْجِرْهُ ۖ إِنَّ خَيْرَ مَنِ اسْتَأْجَرْتَ الْقَوِيُّ الْأَمِينُ
ထို(အမျိုးသမီး)နှစ်ဦးအနက် တစ်ဦးက ‘အို-ဖခင် အသင်ဖခင်သည် ဤသူအား(သူရင်းငှားအဖြစ်) ငှားထားပါ။ ဧကန်မလွဲ အသင်ဖခင်သည်(သူရင်းငှားအဖြစ်)ငှားအံ့သောသူတို့တွင် ခွန်အားရှိသူ၊ ယုံကြည်စိတ်ချအပ်သောသူသည် အကောင်းဆုံးပင်ဖြစ်ပါသည်’ ဟုပြောဆိုလေ၏။
27 قَالَ إِنِّي أُرِيدُ أَنْ أُنكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَن تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِندِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّالِحِينَ
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
28 قَالَ ذَٰلِكَ بَيْنِي وَبَيْنَكَ ۖ أَيَّمَا الْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَانَ عَلَيَّ ۖ وَاللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
ထိုသူ(မူစာ)က ‘ဤစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်၏စပ်ကြား(အတည်)ဖြစ်ခဲ့လေပြီ။ ကန့်သတ်ပြီးဖြစ်သော ကာလအပိုင်းအခြား နှစ်ခုအနက် မည်သည့်ကာလ အပိုင်းအခြားကိုမဆို ကျွန်ုပ်ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါလျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အဓမ္မပြုလုပ်ရန် အကြောင်းမရှိတော့ပြီ။ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ ပြောဆိုကြကုန်သော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ သက်သေဖြစ်တော်မူပါသည်’ ဟု ပြောဆိုခဲ့လေသတည်း။
29 ۞ فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِن جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ
ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် `တွူရ်` မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။
ဘာသာပြန် — အလ်-ကစာစ် 27 စူရာ အလ်-ကစာစ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန်…
စူရာ အာယာသ် 27/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.