အလ်-အန်ကာဘူတ် · 45/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ ۗ وَلَذِكْرُ اللَّهِ أَكْبَرُ ۗ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ ۝٤٥
Utlu maaa oohiya ilaika mional Kitaabi wa aqimis Salaata innas Salaata tanhaa `anil fahshaaa`i wal munkar; wa lazikrul laahi akbar; wal laahu ya`lamu maa tasna`oon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်းအပြင် သင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကိုဆောက်တည်ပါလေ။ ဧကန်မလွဲ ဆွလာတ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာသော အမှုကိစ္စများမှလည်းကောင်း၊ မဖွယ်မရာသော အလွန့်အမှုကိစ္စ များမှလည်းကောင်း၊ ပိတ်ပင်တားဆီးလေ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသခြင်းသည် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)ပင်ဖြစ်ပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာသိရှိတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 43-47 — စူရာ အလ်-အန်ကာဘူတ်

43وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ
ငါအရှင်မြတ်သည် ဤဥပမာပုံဆောင်ချက်များကို လူတို့၏အကျိုးငှာ ခိုင်းနှိုင်းတော်မူ၏။ သို့ရာတွင် ‘အာလင်မ်’ပညာရှင်တို့သည်သာလျှင် ယင်းဥပမာ ပုံဆောင်ချက်တို့ကိုသိနားလည်ကြကုန်သတည်း။
44خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِّلْمُؤْمِنِينَ
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ဖန်ဆင်းတော်မူခဲ့ပေသည်။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အဖို့ (ကြီးကျယ်လှစွာသော)သက်သေခံသည် အမှန်ပင် ရှိချေသတည်း။
45اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ ۗ وَلَذِكْرُ اللَّهِ أَكْبَرُ ۗ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ
(အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်းအပြင် သင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကိုဆောက်တည်ပါလေ။ ဧကန်မလွဲ ဆွလာတ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာသော အမှုကိစ္စများမှလည်းကောင်း၊ မဖွယ်မရာသော အလွန့်အမှုကိစ္စ များမှလည်းကောင်း၊ ပိတ်ပင်တားဆီးလေ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသခြင်းသည် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)ပင်ဖြစ်ပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာသိရှိတော်မူပေသတည်း။
46۞ وَلَا تُجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ ۖ وَقُولُوا آمَنَّا بِالَّذِي أُنزِلَ إِلَيْنَا وَأُنزِلَ إِلَيْكُمْ وَإِلَٰهُنَا وَإِلَٰهُكُمْ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ
၎င်းပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသောသူတို့နှင့် ကောင်းမွန်(ယဉ်ကျေးသိမ်မွေ့)လှသော နည်းဖြင့်သာလျှင် အချေအတင် ပြောဆိုကြလေကုန်။ သို့ရာတွင် ၎င်းတို့အနက် တရားလွန်ပြုမူသောသူတို့နှင့်မူကား ပြတ်သားစွာ အချေအတင် ပြောဆိုနိုင်ခွင့်ရှိ၏။ သို့တစေလည်း အသင့်မြတ်ဆုံးမှာ သိမ်မွေ့သောနည်းပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည် (ဤသို့) ပြောကြားကြလေကုန်၊ "ကျွန်ုပ်တို့သည် မိမိတို့ထံ ကျရောက်ခဲ့သော (ကျမ်းမြတ်)ကိုလည်းကောင်း၊အသင်တို့ထံ ကျရောက်ခဲ့ကြသော (ကျမ်းဂန်)တို့ကိုလည်းကောင်း၊ ယုံကြည်ကြကုန်၏။ စင်စစ်သော်ကား ကျွန်ုပ်တို့၏ဆည်းကပ် ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာလျှင် လိုက်နာသူများ ဖြစ်ကြပေသတည်း။
47وَكَذَٰلِكَ أَنزَلْنَا إِلَيْكَ الْكِتَابَ ۚ فَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يُؤْمِنُونَ بِهِ ۖ وَمِنْ هَٰؤُلَاءِ مَن يُؤْمِنُ بِهِ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الْكَافِرُونَ
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ် သည်အသင့်ထံသို့ ကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)ကို ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ် ကျမ်းဂန် ချီးမြှင့် ပေးသနားတော်မူခဲ့သောသူတို့သည် ယင်း(ကုရ်အာန်)ကျမ်းမြတ်ကိုယုံကြည်ကြကုန်၏။ ထိုမှတစ်ပါး ဤ(မက္ကာမြို့သားတို့)အနက်မှလည်း ယင်း(ကုရ်အာန်)ကျမ်းမြတ်ကို ယုံကြည်ကြသူများရှိ ကြ၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ‘အာယတ်’တော်များကို ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့ သည်သာလျှင် ငြင်းပယ်ကြကုန်၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 45

စူရာ အလ်-အန်ကာဘူတ် အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်းအပြင် သင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကိုဆောက်တည်ပါလေ။…

စူရာ အာယာသ် 45/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers