قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ ١٣٧
🔤 Transliteration
Qad khalat min qablikum sunanum faseeroo fil ardi fanzuroo kaifa kaana `aaqiba tul mukazzibeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: စုနနွန် (سُنَنٌ ): ဤနေရာတွင် အလ္လာဟ်အရှင်မြတ်၏ နိယာမတော်များ၊ လမ်းစဉ်တော်များ၊ ရှေးလူမျိုးများအပေါ် ကျင့်သုံးခဲ့သော စည်းမျဉ်းများကို ဆိုလိုသည်။ ခလတ် (خَلَتْ ): ကုန်ဆုံးသွားခဲ့သည်၊ လွန်ခဲ့သည်၊ ကွယ်ပျောက်သွားခဲ့သည်ဟု အဓိပ္ပာယ်ရသည်။ ဖစီးရူး (فَسِيرُوا ): ထို့ကြောင့် သင်တို့သည် ခရီးသွားကြလော့၊ လှည့်လည်ကြလော့ဟု ဆိုလိုသည်။ အာကိဗသ် (عَاقِبَةُ ): အဆုံးသတ်၊ နောက်ဆုံးအကျိုးဆက်၊ ရလဒ်ဟု အဓိပ္ပာယ်ရသည်။ မုကဇ်ဇိဗီးန် (الْمُكَذِّبِينَ ): မဟုတ်မမှန်ဟု ငြင်းပယ်သူများ၊ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်များကို ငြင်းဆန်သူများကို ဆိုလိုသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဤအာယသ်တော်သည် အုဟုဒ်စစ်ပွဲတွင် မုအ်မင်န်များ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီးနောက် အလ္လာဟ်အရှင်မြတ်က သူတို့အား နှစ်သိမ့်စေတော်မူသော မိန့်ခွန်းတော်ဖြစ်သည်။ အရှင်မြတ်က မိန့်တော်မူသည်မှာ သင်တို့အလျင် ရှေးလူမျိုးအပေါင်းတို့တွင် အလ္လာဟ်အရှင်မြတ်၏ နိယာမတော်များ၊ လမ်းစဉ်တော်များ ကျင့်သုံးခဲ့ပြီးဖြစ်သည်။ ထိုနိယာမတော်များမှာ မုအ်မင်န်များသည် စမ်းသပ်ခံရပြီး ကာဖိရ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရသော်လည်း နောက်ဆုံးတွင် မုအ်မင်န်များသာ အောင်မြင်မှုရရှိကြသည်။ ကာဖိရ်များနှင့် ငြင်းပယ်သူများမှာမူ ပျက်စီးဆုံးရှုံးကြရသည်။
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က သင်တို့အား ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာကြည့်ရှုကြလော့ဟု မိန့်တော်မူသည်။ ရှေးခေတ်က ငြင်းပယ်သူများ၏ နေအိမ်များ၊ တိုင်းပြည်များ၊ အာဏာစက်များ မည်သို့ဖြစ်သွားခဲ့သည်ကို သင်ခန်းစာယူရန်၊ ဆင်ခြင်သုံးသပ်ရန် ဖိတ်ခေါ်တော်မူသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်များကို ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့၏ နေအိမ်များ ပျက်သုဉ်းခဲ့ရပြီး သူတို့၏ အာဏာစက်များ ကွယ်ပျောက်သွားခဲ့ရသည်။ ဤအဖြစ်အပျက်များသည် သင်တို့အတွက် သင်ခန်းစာနှင့် သတိပေးချက်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ
قَدۡ خَلَتۡ مِن قَبۡلِكُمۡ سُنَنٌ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ١٣٧
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 135-139 — စူရာ အာလ်-အိမရာန်
135 وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَن يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ
ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။
136 أُولَٰئِكَ جَزَاؤُهُم مَّغْفِرَةٌ مِّن رَّبِّهِمْ وَجَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ الْعَامِلِينَ
ထိုသူတော်စင်တို့၏အကျိုးကား ယင်းသူတို့ အားမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ အပြစ်ချမ်းသာပေးသနားတော်မူခြင်းနှင့် ဥယျာဉ်များ ဖြစ်၏။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်း များစီးဆင်းလျက်ရှိ၏။ (ထိုသူတော်စင်များသည်)ထို ဥယျာဉ်များ၌ ထာဝစဉ် စံမြန်းနေထိုင်လျက်ရှိကြကုန်အံ့။ စင်စစ် ကောင်းမှုပြုလုပ်သောသူတို့၏ကုသိုလ် အကျိုးသည် အလွန်ကောင်းမြတ်လှပေသတည်း။
137 قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
138 هَٰذَا بَيَانٌ لِّلنَّاسِ وَهُدًى وَمَوْعِظَةٌ لِّلْمُتَّقِينَ
ဤသည်ကား လူခပ်သိမ်းတို့ (သိနားလည် နိုင်ရန်) အလို့ငှာ ရှင်းလင်းဖေါ်ပြချက်လည်းဖြစ်၏။ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ တရားဓမ္မ ညွှန်ကြားချက်များလည်းဖြစ်၏။ ဆုံးမဩဝါဒလည်းဖြစ်၏။
139 وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنتُمُ الْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ
ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။
ဘာသာပြန် — အာလ်-အိမရာန် 137 စူရာ အာလ်-အိမရာန် အာယာသ် 137 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍…
စူရာ အာယာသ် 137/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 135–139. မြန်မာဘာသာ: ภาษาไทย.