အာလ်-အိမရာန် · 148/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ ۝١٤٨
Fa aataahumul laahu sawaabad dunyaa wa husna sawaabil Aakhirah; wallaahu yuhibbul muhsineen
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 146-150 — စူရာ အာလ်-အိမရာန်

146وَكَأَيِّن مِّن نَّبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ
၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။
147وَمَا كَانَ قَوْلَهُمْ إِلَّا أَن قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
၎င်းပြင် ထိုသူတို့သည် (ယင်းကဲ့သို့ ဘေးအတန်တန်၊ ရန်အဖုံဖုံ၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြသောအခါတစ်စုံတစ်ရာ ငြီးငြူခြင်း မပြုဘဲ) ဤသို့သာလျှင် လျှောက်ထားကြကုန်သည်။အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ
148فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။
149يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنقَلِبُوا خَاسِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။
150بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
148အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 148

စူရာ အာလ်-အိမရာန် အာယာသ် 148 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 148/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 146–150. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers