အာလ်-အိမရာန် · 174/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَانقَلَبُوا بِنِعْمَةٍ مِّنَ اللَّهِ وَفَضْلٍ لَّمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ ۝١٧٤
Fanqalaboo bini`matim minal laahi wa fadlil lam yamsashum sooo`unw wattaba`oo ridwaanal laah; wallaahu zoo fadlin `azeem
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ �ျားအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 172-176 — စူရာ အာလ်-အိမရာန်

172الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِن بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
အကြင်သူတို့သည်(အုဟုဒ်စစ်မြေပြင်၌) ဒဏ်ရာဒဏ်ချက်များ ရရှိပြီးနောက်တွင် အလ္လာဟ် အရှင်မြတ်နှင့်ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို က်ခံနာယူခဲ့ကြကုန်သည်။ ထိုသူတို့အနက်မှ ကောင်းမြတ်သော အကျင့် အမူတို့ကိုကျင့်မူသည့်အပြင် (ပြစ်မှုဒုစရိုက်တို့မှလည်း) ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့မှာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ထူးမြတ်ကြီးကျယ် လှသောအကျိုးဆုလာဘ်သည် အသင့်ရှိပေသည်။
173الَّذِينَ قَالَ لَهُمُ النَّاسُ إِنَّ النَّاسَ قَدْ جَمَعُوا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ إِيمَانًا وَقَالُوا حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ
ထို(သူတော်စင်)များကား ၎င်းတို့အား အချို့သူများက ဧကန်စင်စစ် ရန်သူတို့သည် အသင်တို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ကြရန်အလို့ငှါ (စစ်မက်ပစ္စည်း အားလုံးတို့ကို)မချွတ်ဧကန် စုဆောင်းထားရှိကြပြီး ဖြစ်လေသည်။ သို့ဖြစ်ရကား အသင်တို့သည် ယင်းသူတို့အား ကြောက်ရွံ့ (တိမ်းရှောင်)ကြလေကုန် ဟု ပြောဆိုလေသည်။ သို့တစေလည်း ၎င်းတို့၏ပြောဆိုမှုသည် (တစုံတရာ စိုးရိမ်ကြောင့်ကြစေခြင်း မရှိစေသည့်အပြင်) ထိုသူ (တော်စင်) တို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်ပွားများ စေခဲ့လေသည်။ ယင်း(သူတော်စင်) တို့ကမူ (ကြောက်ရွံ့စိုးရိမ်ကြမည့်အစား) ပြန်လည် ဖြေကြားကြသည်မှာ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့ (မှီခိုအားထားရန်) အလို့ငှါ လုံလောက်တော်မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် ယုံပုံအားထားရာ အကောင်းဆုံး အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟုတုံ့ပြန်ဖြေကြားခဲ့လေသတည်း။
174فَانقَلَبُوا بِنِعْمَةٍ مِّنَ اللَّهِ وَفَضْلٍ لَّمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ
သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ �ျားအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။
175إِنَّمَا ذَٰلِكُمُ الشَّيْطَانُ يُخَوِّفُ أَوْلِيَاءَهُ فَلَا تَخَافُوهُمْ وَخَافُونِ إِن كُنتُم مُّؤْمِنِينَ
ဤသည် ရှိုင်တွာန်မျှသာတည်း။ ထို ရှိုင်တွာန်သည် (အသင်တို့ထံ ယင်းကဲ့သို့ မဟုတ်မမှန်သောသတင်းများကို ပို့ဆောင်ခြင်းအားဖြင့်) အသင်တို့အား မိမိ အဆွေခင်ပွန်းတို့ကို ကြောက်ရွံ့စေလေသည်။ (တနည်း) မိမိအဆွေခင်ပွန်းတို့ကို ခြိမ်းခြောက်လေသည်။ သို့သော်လည်း အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်ယင်းသူတို့အား မကြောက်မရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။
176وَلَا يَحْزُنكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَن يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှပင် အကျိုးယုတ် နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် (မိမိ၏စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များအနက်မှ) မည်သည့် ဝေစုဝေပုံကိုမျှ ပေးသနားတော်မူရန်ရည်စူးတော် မမူချေ။ ၎င်းပြင် ထိုသူတို့အဘို့ (နောင်တမလွန်ဘဝတွင်) အလွန်ကြီးလေးသော အပြစ်ဒဏ်သည် လည်း(အသင့်)ရှိပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
174အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 174

စူရာ အာလ်-အိမရာန် အာယာသ် 174 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ �ျားအပြင်…

စူရာ အာယာသ် 174/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 172–176. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers