အာလ်-အိမရာန် · 196/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ ۝١٩٦
Laa yaghurrannaka taqal lubul lazeena kafaroo fil bilaad
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 194-198 — စူရာ အာလ်-အိမရာန်

194رَبَّنَا وَآتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။
195فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِن دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ثَوَابًا مِّنْ عِندِ اللَّهِ ۗ وَاللَّهُ عِندَهُ حُسْنُ الثَّوَابِ
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
196لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ
(အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။
197مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။
198لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
196အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 196

စူရာ အာလ်-အိမရာန် အာယာသ် 196 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။

စူရာ အာယာသ် 196/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 194–198. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers