فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِن دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ثَوَابًا مِّنْ عِندِ اللَّهِ ۗ وَاللَّهُ عِندَهُ حُسْنُ الثَّوَابِ ١٩٥
🔤 Transliteration
Fastajaaba lahum Rabbuhum annee laaa Udee`u `amala `aamilim minkum min zakarin aw unsaa ba`dukum mim ba`din fal lazeena haajaroo wa ukhrijoo min diyaarihim wa oozoo fee sabeelee wa qaataloo wa qutiloo la ukaffiranna `anhum saiyi aatihim wa la udkhilanna hum Jannnatin tajree min tahtihal anhaaru sawaabam min `indil laah; wallaahu `indahoo husnus sawaab
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် فَاسْتَجَابَ (ဖဆ်သဂျာဗာ) — ဖြေကြားတော်မူခဲ့သည်။لَا أُضِيعُ (လာ အုဒီအူ) — ငါသည် အလဟဿ မဖျက်ဆီးပါ။عَمَلَ عَامِلٍ (အမာလာ အာမိလ်) — လုပ်ဆောင်သူ၏ လုပ်ဆောင်မှု။هَاجَرُوا (ဟာဂျရူ) — ရွှေ့ပြောင်းခဲ့ကြသည် (အလ္လာဟ်အတွက် ဇာတိမြေကို စွန့်ခွာခဲ့ကြသည်)။أُوذُوا (အూఇဇူ) — နှောင့်ယှက်ညှဉ်းပန်းခံခဲ့ကြရသည်။لَأُكَفِّرَنَّ (လအုကဖ်ဖိရန်နာ) — ငါသည် ဧကန်အမှန် ဖုံးအုပ်ပေးမည် (ခွင့်လွှတ်မည်)။ثَوَابًا (ဆဝါဗန်) — အကျိုးဆုလာဘ်။حُسْنُ الثَّوَابِ (ဟုစ်နုစ်ဆဝါဗ်) — အကောင်းဆုံးသော အကျိုးဆုလာဘ်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တို့၏ ဒုအာကို ဖြေကြားတော်မူခဲ့သည်။ အရှင်မြတ်က မိန့်တော်မူသည်မှာ — ငါသည် သင်တို့အနက်မှ မည်သည့် ကျား သို့မဟုတ် မ ဖြစ်စေ၊ ကောင်းမှုပြုသူ၏ လုပ်ဆောင်မှုကို အလဟဿ မဖျက်ဆီးပါ။ သင်တို့သည် ဒီန် (သာသနာ) အရ တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေကြသည်။ ကျားဖြစ်သောကြောင့် ပိုမပေးသလို၊ မဖြစ်သောကြောင့်လည်း လျှော့မပေးပါ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အောက်ပါဂုဏ်ရည်များဖြင့် ချီးမြှင့်တော်မူသည် —
အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုအတွက် ဇာတိမြေကို စွန့်ခွာ၍ ရွှေ့ပြောင်းခဲ့ကြသူများ၊ ကာဖိရ်တို့က သူတို့၏ နေအိမ်များမှ နှင်ထုတ်ခံခဲ့ရသူများ၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ညှဉ်းပန်းနှောင့်ယှက်ခံခဲ့ကြရသူများ၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်တိုက်ခဲ့ကြသူများ၊ ကျဆုံးခဲ့ကြသူများ — ထိုသူတို့၏ မကောင်းမှုများကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ဖုံးအုပ်ခွင့်လွှတ်တော်မူမည်။ ၎င်းတို့အား အောက်ခြေ၌ မြစ်ချောင်းများ စီးဆင်းနေသော ဂျန္နသ်ဥယျာဉ်များထဲသို့ ဧကန်အမှန် ဝင်ရောက်စေတော်မူမည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဆုလာဘ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင် အကောင်းဆုံးသော အကျိုးဆုလာဘ်ရှိသည်။
**၃။ ဤအာယသ်တော်မှ ရရှိသော သင်ခန်းစာများနှင့် အစ္စလာမ်သာသနာကို
فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٍ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٍۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابًا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ ١٩٥
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 193-197 — စူရာ အာလ်-အိမရာန်
193 رَّبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ
အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူ�ည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ။
194 رَبَّنَا وَآتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။
195 فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِن دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ثَوَابًا مِّنْ عِندِ اللَّهِ ۗ وَاللَّهُ عِندَهُ حُسْنُ الثَّوَابِ
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
196 لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ
(အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။
197 مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။
ဘာသာပြန် — အာလ်-အိမရာန် 195 စူရာ အာလ်-အိမရာန် အာယာသ် 195 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ…
စူရာ အာယာသ် 195/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 193–197. မြန်မာဘာသာ: ภาษาไทย.