အာလ်-အိမရာန် · 197/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ ۝١٩٧
Mataa`un qaleelun summa maawaahum Jahannam; wa bi`sal mihaad
📖 မြန်မာဘာသာ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးအဓိပ္ပာယ်များ
  • မတာအွန် (مَتَاعٌ) — ခဏတာခံစားခွင့်၊ ရေရှည်မတည်သော ပစ္စည်းဥစ္စာ။
  • ကိုလီလွန် (قَلِيلٌ) — အနည်းငယ်သာ၊ များမကြာမီကုန်ဆုံးသွားမည့်။
  • မඅ်ဝါဟွမ် (مَأْوَاهُمْ) — သူတို့၏ ပြန်လည်ခိုလှုံရာနေရာ၊ နောက်ဆုံးရောက်ရှိမည့်နေရာ။
  • ဂျဟန်နမ် (جَهَنَّمُ) — ငရဲမီး။
  • ဗိအ်စလ် မိဟာဒ် (بِئْسَ الْمِهَادُ) — အလွန်ဆိုးရွားသော အိပ်ရာနေရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤလောကီဘဝတွင် မယုံကြည်သူများ လှည့်လည်သွားလာရင်း ရရှိသော စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနီနှင့် အောင်မြင်မှုများသည် အလွန်တိုတောင်းသော၊ ခဏတာခံစားရသည့် အနည်းငယ်မျှသော အကျိုးခံစားခွင့်များသာ ဖြစ်သည်။ ၎င်းတို့သည် ရေရှည်မတည်တံ့နိုင်၊ မကြာမီ ကုန်ဆုံးသွားမည် ဖြစ်သည်။ ထို့နောက် ကိယာမသ်နေ့တွင် သူတို့အားလုံး ပြန်လည်ရောက်ရှိကြရမည့် နောက်ဆုံးနေရာသည် ဂျဟန်နမ်ငရဲမီးပင် ဖြစ်သည်။ ထိုငရဲမီးသည် သူတို့အတွက် အလွန်ဆိုးရွားလှသော အိပ်ရာနေရာ၊ တည်းခိုရာနေရာ ဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • လောကီဘဝ၏ စည်းစိမ်ဥစ္စာနှင့် ပျော်ရွှင်မှုများသည် ခဏတာသာဖြစ်ကြောင်း သိရှိစေပြီး၊ ထာဝရတည်မြဲသော အာခိရသ်ဘဝအတွက် ကြိုးစားပြင်ဆင်ရန် လှုံ့ဆော်ပေးသည်။
  • မယုံကြည်သူများ၏ လောကီအောင်မြင်မှုကို မြင်ပြီး စိတ်ပျက်အားငယ်ခြင်း မဖြစ်သင့်ကြောင်း၊ ၎င်းတို့၏ အဆုံးသတ်သည် ဆိုးရွားလှကြောင်း သတိပေးထားသည်။
  • အစ္စလာမ်နှင့် ကုရ်အာန်သည် လူသားတို့အား မှန်ကန်သော လမ်းစဉ်ကို ညွှန်ပြပြီး၊ လောကီနှင့် အာခိရသ် နှစ်ဌာနစလုံးအတွက် အမှန်တကယ် အောင်မြင်မှုရရှိစေမည့် လမ်းကို ဖော်ပြပေးသည်။
  • ယုံကြည်သူများအနေဖြင့် လောကီဘဝကို ပန်းတိုင်အဖြစ် မမှတ်ယူဘဲ၊ အာခိရသ်သို့ ရောက်ရှိရန် ခရီးလမ်းအဖြစ်သာ သတ်မှတ်ပြီး၊ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရှာဖွေသင့်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာတော်၏ အမှန်တရားနှင့် ကုရ်အာန်၏ ဉာဏ်ပညာကို ထင်ရှားစေပြီး၊ လူသားတို့အား ကောင်းမှုကုသိုလ်များ ပြုလုပ်ရန်၊ မကောင်းမှုများမှ ရှောင်ကြဉ်ရန်


📜 အာယာသ် 195-199 — စူရာ အာလ်-အိမရာန်

195فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِن دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ثَوَابًا مِّنْ عِندِ اللَّهِ ۗ وَاللَّهُ عِندَهُ حُسْنُ الثَّوَابِ
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
196لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ
(အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။
197مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။
198لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
199وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَن يُؤْمِنُ بِاللَّهِ وَمَا أُنزِلَ إِلَيْكُمْ وَمَا أُنزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
197အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 197

စူရာ အာလ်-အိမရာန် အာယာသ် 197 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။…

စူရာ အာယာသ် 197/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 195–199. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers