အာလ်-အိမရာန် · 22/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ ۝٢٢
Ulaaa`ikal lazeena habitat a`maaluhum fid dunyaa wal Aaakhirati wa maa lahum min naasireen
📖 မြန်မာဘာသာ
ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ အာလ်-အိမရာန်

20فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
21إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။
22أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ
ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
23أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِّنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنْهُمْ وَهُم مُّعْرِضُونَ
(အို-နဗီ)ကျမ်းဂန်များအနက်မှ တစ်စိတ်တစဒေသ ချီးမြှင့်ခြင်းခံရသော အကြင်သူတို့(၏အဖြစ်)ကိုအသင်စဉ်းစားဆင်ခြင် မမြင်မိပါသလော၊ ထိုသူတို့သည်၎င်းတို့၏စပ်ကြားဝယ် အချင်းချင်း (အငြင်းပွားလျက်ရှိသောပြဿနာကို) စီရင်ဆုံးဖြတ် ပေးရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန် (၏အဆုံးအဖြတ်)ကို ခံယူကြရန်ဘိတ်ခေါ်ခြင်း ခံကြရလေသည်။ (သို့ ဖိတ်ခေါ်ခြင်းခံကြရသည့်) နောက်တွင် ယင်းသူတို့အနက် (အကြီးအကဲဖြစ်သော)လူတစ်စုသည် သွေဖည်ကျောခိုင်း၍ သွားကြလေသည်။အမှန်သော်ကား ထိုသူများသည် (အမြဲတစေ) မျက်နှာလွှဲဖယ်သူများပင် ဖြစ်ကြကုန်သတည်း။
24ذَٰلِكَ بِأَنَّهُمْ قَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِم مَّا كَانُوا يَفْتَرُونَ
ဤ(ကဲ့သို့ တရားဒေသနာတော်များကို သွေ ဖည်ကျောခိုင်းဝံ့ခြင်းအကြောင်း)မှာကား ထိုသူတို့က ငရဲမီးသည်ငါတို့အား ရေတွက်ထားသော နေ့ရက် အနည်းငယ်)မှအပအလျင်းထိရောက်မည်မဟုတ် ဟု (ယုံကြည်) ပြောဆို နေခြင်းကြောင့်ပင်တည်း။ စင်စစ်သော်ကား ၎င်းတို့အား ၎င်းတို့၏သာသနာရေး နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် လီဆယ်လုပ်ကြံ ဖန်တီးထားသော အချက်များကပင် လှည့်ပတ်ဖြားယောင်းထားလေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
22အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 22

စူရာ အာလ်-အိမရာန် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏)…

စူရာ အာယာသ် 22/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers