အာလ်-အိမရာန် · 73/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلَا تُؤْمِنُوا إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَن يُؤْتَىٰ أَحَدٌ مِّثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ ۝٧٣
Wa laa tu`minooo illaa liman tabi`a deenakum qul innal hudaa hudal laahi ai yu`taaa ahadum misla maaa ooteetum aw yuhaaajjookum `inda Rabbikum, qul innal fadla biyadil laah; yu`teehi mai yashaaa`; wallaahu Waasi`un `Aleem
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်၏ ဝေါဟာရအနက်များ
  • ဝလာ တုအ်မိနူ (وَلَا تُؤْمِنُوا) — သင်တို့သည် မယုံကြည်ကြနှင့်၊ သင်တို့သည် မတည်ကြည်ကြနှင့်။
  • လိမန် တဗိအာ ဒီနကုမ် (لِمَن تَبِعَ دِينَكُمْ) — သင်တို့၏ သာသနာကို လိုက်နာသူအတွက်သာ။
  • အလ်ဟုဒါ (الْهُدَىٰ) — လမ်းညွှန်မှု၊ တရားလမ်းမှန်သို့ ပို့ဆောင်မှု။
  • ဟုဒါလ္လာဟ် (هُدَى اللَّهِ) — အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု။
  • အန် ယုအ်တာ အဟဒ် (أَن يُؤْتَىٰ أَحَدٌ) — မည်သူတစ်ဦးတစ်ယောက်မျှ ပေးအပ်ခြင်းခံရသည်။
  • မိသလာ မာ အూఐတုမ် (مِثْلَ مَا أُوتِيتُمْ) — သင်တို့ပေးအပ်ခြင်းခံရသည့်အရာနှင့် တူညီသောအရာ။
  • ယုဟာဂျ်ဂျူကုမ် (يُحَاجُّوكُمْ) — သူတို့သည် သင်တို့နှင့် အငြင်းအခုံပြုကြသည်။
  • အလ်ဖဒ်လ် (الْفَضْلَ) — ကျေးဇူးတော်၊ ဂုဏ်ကျေးဇူး၊ ကောင်းချီး။
  • ဝါစိအွလ် (وَاسِعٌ) — ကျယ်ဝန်းတော်မူသော၊ အနန္တကျယ်ပြန့်တော်မူသော။
  • အလီမ် (عَلِيمٌ) — အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ယခင်အာယသ်တော်များနှင့် ဆက်စပ်လျက်ရှိသည်။ ရှေးကျမ်းတော်ရရှိသူများထဲမှ လူအချို့က မိမိတို့၏ သာသနာကို လိုက်နာသူများကိုသာ ယုံကြည်အားထားရမည်ဟူသော သွန်သင်ချက်ကို ပြုလုပ်ခဲ့ကြသည်။ သူတို့သည် အခြားသူများ—အထူးသဖြင့် အစ္စလာမ်သာသနာကို လက်ခံသူများ—အား မိမိတို့ရရှိထားသည့် ကျေးဇူးတော်နှင့် တူညီသောအရာကို ပေးအပ်ခြင်းခံရမည်ကို မလိုလားကြပေ။ ထို့အပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်တွင် အငြင်းအခုံပြုနိုင်မည်ကိုလည်း စိုးရိမ်ကြသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွ)အား ဤသို့ မိန့်ကြားတော်မူသည်—အမှန်စင်စစ် လမ်းညွှန်မှုမှာ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုသာဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူသည်။ သူတို့သည် အခြားသူများအား မိမိတို့ရရှိထားသည့် ကျေးဇူးတော်နှင့် တူညီသောအရာ ပေးအပ်ခြင်းခံရမည်ကို မလိုလားကြခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ကန့်သတ်ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ အမှန်မှာ ကျေးဇူးတော်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်သာရှိသည်။ အရှင်မြတ်သည် အလိုရှိတော်မူသူအ



📜 အာယာသ် 71-75 — စူရာ အာလ်-အိမရာန်

71يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنتُمْ تَعْلَمُونَ
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။
72وَقَالَت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
ရှေးအထက် ကျမ်းဂန်ရရှိသောသူများအနက်မှလူတစ်စုက အသင်တို့သည် မုအ်မင်န်တို့အပေါ်၌ ကျရောက်သော(တရားဓမ္မ)ကို နံနက်ပိုင်းတွင် ယုံကြည်၍ ညနေချမ်းတွင်မူ သွေဖည်ငြင်းပယ်ကြကုန်။ သို့မှသာလျှင် ထို(မုအ်မင်န်)များသည် (မိမိတို့၏ တရားဓမ္မမှ) ဆုတ်ခွာ ပြန်လှည့်သွားကြပေမည်ဟု (အချင်းချင်း) ပြောဆိုကြလေသည်။
73وَلَا تُؤْمِنُوا إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَن يُؤْتَىٰ أَحَدٌ مِّثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊
74يَخْتَصُّ بِرَحْمَتِهِ مَن يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။
75۞ وَمِنْ أَهْلِ الْكِتَابِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
73အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 73

စူရာ အာလ်-အိမရာန် အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ်…

စူရာ အာယာသ် 73/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers