အာလ်-အိမရာန် · 74/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
يَخْتَصُّ بِرَحْمَتِهِ مَن يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ ۝٧٤
Yakhtassu birahmatihee mai yashaaa`; wallaahu zulfadil `azeem
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 72-76 — စူရာ အာလ်-အိမရာန်

72وَقَالَت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
ရှေးအထက် ကျမ်းဂန်ရရှိသောသူများအနက်မှလူတစ်စုက အသင်တို့သည် မုအ်မင်န်တို့အပေါ်၌ ကျရောက်သော(တရားဓမ္မ)ကို နံနက်ပိုင်းတွင် ယုံကြည်၍ ညနေချမ်းတွင်မူ သွေဖည်ငြင်းပယ်ကြကုန်။ သို့မှသာလျှင် ထို(မုအ်မင်န်)များသည် (မိမိတို့၏ တရားဓမ္မမှ) ဆုတ်ခွာ ပြန်လှည့်သွားကြပေမည်ဟု (အချင်းချင်း) ပြောဆိုကြလေသည်။
73وَلَا تُؤْمِنُوا إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَن يُؤْتَىٰ أَحَدٌ مِّثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊
74يَخْتَصُّ بِرَحْمَتِهِ مَن يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။
75۞ وَمِنْ أَهْلِ الْكِتَابِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။
76بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
74အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 74

စူရာ အာလ်-အိမရာန် အာယာသ် 74 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင်…

စူရာ အာယာသ် 74/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 72–76. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers