အာလ်-အိမရာန် · 96/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَالَمِينَ ۝٩٦
Inna awwala Baitinw wudi`a linnaasi lallazee bi Bakkata mubaarakanw wa hudal lil `aalameen
📖 မြန်မာဘာသာ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 94-98 — စူရာ အာလ်-အိမရာန်

94فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِن بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။
95قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။
96إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَالَمِينَ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။
97فِيهِ آيَاتٌ بَيِّنَاتٌ مَّقَامُ إِبْرَاهِيمَ ۖ وَمَن دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ
ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
98قُلْ يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَاللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ
အသင်သည် (ထိုအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အို-ကျမ်းဂန်ရရှိသူ အပေါင်းတို့အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကိုအဘယ်ကြောင့် ငြင်းပယ်ကြပါသနည်း။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စအဝဝကိုဒိဋ္ဌမျက်မြင် အသိသက်သေပင် ဖြစ်တော်မူသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
96အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 96

စူရာ အာလ်-အိမရာန် အာယာသ် 96 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ်…

စူရာ အာယာသ် 96/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 94–98. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers