အာလ်-အိမရာန် · 96/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَالَمِينَ ۝٩٦
Inna awwala Baitinw wudi`a linnaasi lallazee bi Bakkata mubaarakanw wa hudal lil `aalameen
📖 မြန်မာဘာသာ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့ပထမဆုံးသော ဝတ်ပြုရာနေရာ

အနက်အဓိပ္ပာယ် ရှင်းလင်းချက်

  • ဗိုင်သ် (بَيْت) — အိမ်၊ ဝတ်ပြုရာနေရာ၊ ဗလီဝတ်ကျောင်းတော်။
  • ဝုဒိအာ (وُضِعَ) — ချမှတ်ခဲ့သည်၊ တည်ဆောက်ခဲ့သည်၊ သတ်မှတ်ခဲ့သည်။
  • ဗက္ကာ (بَكَّة) — မက္ကာမြို့၏ အခြားအမည်တစ်မျိုး။
  • မုဗာရက် (مُبَارَكًا) — ကောင်းချီးမင်္ဂလာများ ပြည့်စုံသော၊ ကောင်းကျိုးများစွာ ရှိသော။
  • ဟုဒန် (هُدًى) — လမ်းညွှန်မှု၊ လမ်းမှန်သို့ ညွှန်ပြခြင်း။
  • အာလမ်မီန် (لِلْعَالَمِينَ) — လောကီသားအားလုံးအတွက်၊ လူသားအားလုံးအတွက်။

အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် လူသားအားလုံးအတွက် ဝတ်ပြုကိုးကွယ်ရန် ကမ္ဘာပေါ်တွင် ပထမဆုံး တည်ဆောက်ခဲ့သော အိမ်တော်သည် မက္ကာမြို့တွင် ရှိသော ကာအ်ဗာဟ် (ကမ္ဘာ့မွတ်စ်လင်မ်တို့၏ ကိဗ်လာ) ပင်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ဤအိမ်တော်သည် ကောင်းချီးမင်္ဂလာများ ပြည့်စုံသော နေရာဖြစ်ပြီး၊ ဒုန်ယာ (လောကီ) နှင့် အာခိရသ် (တမလွန်) နှစ်ဌာနစလုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေသော နေရာလည်း ဖြစ်သည်။ ထို့အပြင် ဤအိမ်တော်သည် လူသားအားလုံးအတွက် လမ်းညွှန်မှု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွတ်စ်လင်မ်တို့သည် ဆွလာသ်ဝတ်ပြုသည့်အခါ ထိုအိမ်တော်ဘက်သို့ မျက်နှာမူကြရသည်။ ဟဂျ်ျနှင့် အွမ်ရာ ပြုလုပ်ရန် ထိုအိမ်တော်သို့ သွားရောက်ကြရသည်။ ဤအရာများသည် လူသားတို့အတွက် လမ်းမှန်သို့ ညွှန်ပြသော လမ်းညွှန်မှုများ ဖြစ်ကြသည်။

ဤအာယသ်တော် ကျရောက်ရခြင်း၏ အကြောင်းရင်းမှာ ယဟူဒီများက မွတ်စ်လင်မ်တို့အား "ဗိုင်သုလ်မက္ကဒစ် (ဂျေရုဆလင်ရှိ အိမ်တော်) သည် ကျွန်ုပ်တို့၏ ကိဗ်လာ ဖြစ်သည်။ ၎င်းသည် ကာအ်ဗာဟ်ထက် ပိုမိုမြင့်မြတ်ပြီး ပိုမိုရှေးကျသည်" ဟု ပြောဆိုခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်ကို ချမှတ်တော်မူခဲ့ပြီး မက္ကာမြို့ရှိ ကာအ်ဗာဟ်သည် ပထမဆုံးသော ဝတ်ပြုရာနေရာ ဖြစ်ကြောင်း ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။

ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

၁။ အစ္စလာမ်သာသနာ၏ ရှေးကျမှုကို သိရှိခြင်း — ကာအ်ဗာဟ်သည် လူသားအားလုံးအတွက် ပထမဆုံး တည



📜 အာယာသ် 94-98 — စူရာ အာလ်-အိမရာန်

94فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِن بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။
95قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။
96إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَالَمِينَ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။
97فِيهِ آيَاتٌ بَيِّنَاتٌ مَّقَامُ إِبْرَاهِيمَ ۖ وَمَن دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ
ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
98قُلْ يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَاللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ
အသင်သည် (ထိုအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အို-ကျမ်းဂန်ရရှိသူ အပေါင်းတို့အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကိုအဘယ်ကြောင့် ငြင်းပယ်ကြပါသနည်း။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စအဝဝကိုဒိဋ္ဌမျက်မြင် အသိသက်သေပင် ဖြစ်တော်မူသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
96အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 96

စူရာ အာလ်-အိမရာန် အာယာသ် 96 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ်…

စူရာ အာယာသ် 96/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 94–98. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers