အာလ်-အိမရာန် · 95/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ ۝٩٥
Qul sadaqal laah; fattabi`oo Millata Ibraaheema Haneefanw wa maa kaana minal mush rikeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • မိလ္လသ် (مِلَّة): လမ်းစဉ်၊ ဘာသာရေး သွန်သင်ချက်၊ ယုံကြည်မှုစနစ်။
  • ဟနီးဖ် (حَنِيفًا): မှန်ကန်သောလမ်းစဉ်သို့ လွဲမှားသောလမ်းစဉ်များမှ လှည့်ထွက်သွားသူ၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူ။
  • မုရှ်ရိကီးန် (الْمُشْرِكِينَ): အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သင်သည် ထိုသူများအား ပြောကြားလိုက်ပါ — အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သတင်းအချက်အလက်များတွင်လည်းကောင်း၊ မိမိ၏ ပညတ်တော်များတွင်လည်းကောင်း လုံးဝမှန်ကန်တော်မူ၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ချစ်မြတ်နိုးခြင်းခံရသော တမန်တော်အိဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာလိုပါက၊ ထိုလမ်းစဉ်သည် အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်မှတစ်ဆင့် ချမှတ်ပေးအပ်တော်မူသော အစ္စလာမ်ဘာသာတည်းဟူသော လမ်းစဉ်ပင်ဖြစ်သည်။ ထိုလမ်းစဉ်သည် သံသယကင်းသော အမှန်တရားဖြစ်၏။ တမန်တော်အိဗ်ရာဟီမ်သည် အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်း ကိုးကွယ်ရာတွင်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်ရာတွင်လည်းကောင်း အခြားမည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်သူ မဟုတ်ခဲ့ပေ။ သူသည် လွဲမှားသော ဘာသာရေးလမ်းစဉ်အားလုံးမှ လှည့်ထွက်ကာ အစ္စလာမ်သာသနာတော်သို့ ဦးတည်ခဲ့သူဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သတင်းအချက်အလက်များနှင့် ပညတ်တော်များအားလုံးတွင် လုံးဝမှန်ကန်တော်မူကြောင်း ယုံကြည်စိတ်ချနိုင်သည်။
  • အစ္စလာမ်သာသနာသည် တမန်တော်အိဗ်ရာဟီမ်၏ မူလလမ်းစဉ်ဖြစ်ပြီး၊ ထိုလမ်းစဉ်သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်။
  • တမန်တော်အိဗ်ရာဟီမ်သည် ရှိရှိသမျှ လွဲမှားသောဘာသာရေးလမ်းစဉ်များမှ လှည့်ထွက်ခဲ့သူဖြစ်ကြောင်း သိရှိရခြင်းသည် အစ္စလာမ်သာသနာ၏ မူလအမြစ်ကို ပိုမိုနားလည်စေသည်။
  • အစ္စလာမ်သာသနာသည် ရှိရှိသမျှ ဘာသာရေးလမ်းစဉ်များထက် မြင့်မြတ်သော၊ ရှင်းလင်းသော၊ သံသယကင်းသော အမှန်တရားလမ်းစဉ်ဖြစ်ကြောင်း သိရှိရခြင်းသည် ဤသာသနာတော်အပ


📜 အာယာသ် 93-97 — စူရာ အာလ်-အိမရာန်

93۞ كُلُّ الطَّعَامِ كَانَ حِلًّا لِّبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِن قَبْلِ أَن تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِن كُنتُمْ صَادِقِينَ
တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။
94فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِن بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။
95قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။
96إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَالَمِينَ
ဧကန်စင်စစ် (အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုး ကွယ်ရန်အလို့ငှာ) လူသားတို့အဖို့ ဦးစွာပဌမ တည်ဆောက်ထား သော အိမ်တော်သည်ကား မက္ကာမြို့တော်၌တည်ရှိသော အိမ် တော်ပင်တည်း။ ထိုအိမ်တော်သည်ကောင်းခြီးမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံလျက်ရှိသည့်ပြင်စကြာဝဠာခပ်သိမ်းကို တရားလမ်းမှန် သို့လည်း ညွှန်ကြားလျက် ရှိ၏။
97فِيهِ آيَاتٌ بَيِّنَاتٌ مَّقَامُ إِبْرَاهِيمَ ۖ وَمَن دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ
ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
95အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 95

စူရာ အာလ်-အိမရာန် အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။…

စူရာ အာယာသ် 95/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers