အရ်-ရူမ် · 49/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
وَإِن كَانُوا مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِ لَمُبْلِسِينَ ۝٤٩
Wa in kaanoo min qabli any yunazzala `alaihim min qablihee lamubliseen
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 47-51 — စူရာ အရ်-ရူမ်

47وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَانتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ
ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။
48اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَن يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ
အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် (တစ်ခါတစ်ရံ) ယင်းမိုးတိမ်များကို မိမိ အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်၌ ဖြန့်တော်မူ၏။ (တစ်ခါတစ်ရံ) ထိုအရှင်မြတ်သည် ယင်းမိုးတိမ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်တော်မူ၏။ ထို့နောက် အသင်သည် ယင်းမိုးတိမ်များ၏အကြားမှ မိုးရေ (ကျလာသည်)ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးရေကို မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူ၏ထံသို့ သက်ရောက်စေတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်ကြကုန်၏။
49وَإِن كَانُوا مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِ لَمُبْلِسِينَ
အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။
50فَانظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(တည်းဟူသော မိုးရွာသွန်းခြင်း)၏ အမှတ်လက္ခဏာများကို ကြည့်လေ။ ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေ (သွေ့ခြောက်) သေပြီးနောက် မည်သို့ ရှင်စေတော်မူခဲ့ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် သူသေတို့အား ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
51وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَّظَلُّوا مِن بَعْدِهِ يَكْفُرُونَ
သို့ရာတွင် အမှန်ပင် အကယ်၍ ငါအရှင်မြတ်သည် (အခြားသော)လေတစ်မျိုးကို စေလွှတ်တော်မူ၍ ၎င်းတို့သည် ထိုလယ်ယာကို ဝါ၍နေသည်ကို တွေ့မြင်ခဲ့ကြလျှင် ၎င်းတို့သည် ထို(သို့ဝါသွားသည့်) နောက်တွင် အမှန်ပင် ကျေးဇူးကန်းကြကုန်အံ့သတည်း။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
49အာယာသ်

ဘာသာပြန် — အရ်-ရူမ် 49

စူရာ အရ်-ရူမ် အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။

စူရာ အာယာသ် 49/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers