စာဒ် · 22/88
ဘာသာပြန် အသံနိုင်ငံ — စူရာ စာဒ်
إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُم بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ ۝٢٢
Iz dakhaloo `alaa Daawooda fafazi`a minhum qaaloo la takhaf khasmaani baghaa ba`dunaa `alaa ba`din fahkum bainanaaa bilhaqqi wa laa tushtit wahdinaaa ilaa Sawaaa`is Siraat
📖 မြန်မာဘာသာ
၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင် မစိုးရိမ်မကြောက်ရွံ့ပါလေနှင့်။ (ကျွန်ုပ်တို့သည်) နှစ်ဖက်သောအမှုသည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့အနက် တစ်ဦးသည်တစ်ဦး၏အပေါ်၌ မတရားကျူးလွန်ခဲ့ပါသည်။ သို့ဖြစ်ပေရာ အသင်သည် ကျွန်ုပ်တို့၏အကြား၌ မတရားပြုလုပ်ခြင်းမရှိဘဲ မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ စာဒ်

20وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)"ဒါဝူဒ်"၏ နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်ပြင် ထိုဒါဝူဒ်အား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ စကားအဆုံးအဖြတ်ပေးနိုင်သော ဉာဏ်စွမ်းကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ပေသတည်း။
21۞ وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ
၎င်းပြင် (အို-နဗီတမန်တော်)အသင့်ထံ ပဋိပက္ခဖြစ်သူများ၏ အကြောင်းသတင်းသည် ရောက်လာလေသလော။ တစ်ရံရောအခါဝယ် ထိုပဋိပက္ခဖြစ်သူတို့သည် နံရံကိုကျော်တက်၍ ဝတ်ပြုဆောင်ထဲသို့ ခုန်ချခဲ့ကြလေ၏။
22إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُم بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ
၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင် မစိုးရိမ်မကြောက်ရွံ့ပါလေနှင့်။ (ကျွန်ုပ်တို့သည်) နှစ်ဖက်သောအမှုသည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့အနက် တစ်ဦးသည်တစ်ဦး၏အပေါ်၌ မတရားကျူးလွန်ခဲ့ပါသည်။ သို့ဖြစ်ပေရာ အသင်သည် ကျွန်ုပ်တို့၏အကြား၌ မတရားပြုလုပ်ခြင်းမရှိဘဲ မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြပါလေ။
23إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ
ဧကန်စင်စစ် ဤသူသည် ကျွန်ုပ်နှင့်ညီအစ်ကိုတော်စပ်သူ ဖြစ်ပါသည်။ ၎င်း၌ သိုးမကိုးဆယ့်ကိုးကောင်ရှိ၍ ကျွန်ုပ်တွင်မူ သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ပါလျက် ဤသူသည် "ယင်းသိုးမကိုလည်း ကျွန်ုပ်အား လွှဲအပ်လော့"ဟုပြောဆိုပါသည်။ ထိုမှတစ်ပါး ၎င်းသည် စကားပြောရာ၌လည်း ကျွန်ုပ်အား နိုင်ပါသည်။
24قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِّنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَّا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩
(ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား မတရားပြုလုပ်ခဲ့လေ၏။ စင်စစ်မှာကား "အီမာန်"သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသောသူတို့မှအပ များစွာသောစီးပွားဘက်တို့မှာ တစ်ဦးအပေါတစ်ဦး အမှန်ပင် မတရားကျူးလွန်လေ့ရှိကြ၏။ သို့ရာတွင် ထို(သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသော) သူတို့မှာမူကား လွန်စွာနည်းပါးလှ၏။ ထို့ပြင် (နဗီတမန်တော်)"ဒါဝူဒ်"သည် ၎င်းအား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ရိပ်မိခဲ့လေ၏။ သို့ဖြစ်ပေရာ ထို"ဒါဝူဒ်" သည် မိမိအရှင်မြတ်အထံတော်တွင် ခွင့်လွှတ်ချမ်းသာပေးတော်မူပါမည့်အကြောင်း တောင်းပန်အသနားခံ၍ ဦးညွှတ်ကျလာခဲ့၏။ ထိုမှတစ်ပါး (မိမိအရှင်မြတ်အထံတော်သို့) စိတ်ထားဖြူစင်စွာ ပြန်လှည့်ခဲ့လေ၏။
စာဒ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — စာဒ် 22

စူရာ စာဒ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင်…

စူရာ အာယာသ် 22/88 — စူရာ စာဒ် ص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စာဒ် နားထောင်, စူရာ စာဒ် ဘာသာပြန်, စူရာ စာဒ် mp3, စူရာ စာဒ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers