بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا ١٣٨
🔤 Transliteration
Bashshiril munaafiqeena bi anna lahum `azaaban aleemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ဗရှ်ရိရ် (بَشِّرِ ): သတင်းကောင်းပေးလိုက်ပါ၊ သတင်းပေးပို့လိုက်ပါဟု အဓိပ္ပာယ်ရသည်။ မူလအားဖြင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ဆိုလိုသော်လည်း ဤနေရာတွင် ရှုတ်ချသောအားဖြင့် သတိပေးသတင်းကို ဆိုလိုသည်။ မုနာဖိကီးန် (الْمُنَافِقِينَ ): အီမာန်ကို အပြင်ပန်းပြသော်လည်း အတွင်းစိတ်တွင် ကုဖ်ရ် (မယုံကြည်မှု) ကို ဖုံးကွယ်ထားသူများ။ အဇာဗန် အလီးမန် (عَذَابًا أَلِيمًا ): အလွန်နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အီမာန်ရှိသည်ဟု အပြင်ပန်းပြသော်လည်း အတွင်းစိတ်တွင် မယုံကြည်မှုကို ဖုံးကွယ်ထားကြသော မုနာဖိကီးန် (အယောင်ဆောင်သူများ) အား သူတို့အတွက် အလွန်နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်သည် အသင့်ရှိနေကြောင်း သတင်းပေးလိုက်ပါ။ ဤနေရာတွင် "သတင်းကောင်းပေးလိုက်ပါ" ဟူသော စကားလုံးကို ရှုတ်ချသည့်သဘောဖြင့် သုံးထားခြင်းဖြစ်သည်။ အကြောင်းမှာ သူတို့သည် လူများကို လှည့်ဖြားကာ အီမာန်ရှိသူများအဖြစ် ဟန်ဆောင်နေကြသော်လည်း အမှန်တကယ်တွင် မယုံကြည်မှုကို ဖုံးကွယ်ထားကြသည်။ ထိုသို့သော လှည့်ဖြားမှုသည် အလွန်ကြီးလေးသော အပြစ်ဖြစ်ပြီး ကိယာမသ်နေ့တွင် သူတို့သည် အလွန်နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်ကို ခံစားကြရမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အီမာန်သည် အပြင်ပန်းပြသမှုမဟုတ်ဘဲ စိတ်နှလုံးအတွင်းမှ အမှန်တကယ် ယုံကြည်မှုဖြစ်ရမည်။ အယောင်ဆောင်ခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်ထားသမျှကို အကြွင်းမဲ့ သိမြင်တော်မူသည်။ မည်သူမျှ အရှင်မြတ်ကို လှည့်ဖြား၍ မရနိုင်ပါ။ အီမာန်နှင့် နိဖာက် (အယောင်ဆောင်မှု) သည် လုံးဝ ကွဲပြားခြားနားသည်။ အီမာန်သည် ကယ်တင်ခြင်း၏ လမ်းဖြစ်ပြီး နိဖာက်သည် ပျက်စီးခြင်း၏ လမ်းဖြစ်သည်။ ဤအာယသ်တော်သည် အီမာန်ရှိသူများအား မိမိတို့၏ အီမာန်ကို စစ်ဆေးရန်၊ အယောင်ဆောင်မှုမှ ကင်းဝေးရန် သတိပေးနှိုးဆော်ထားသည်။ အလ္လာဟ်အရှင်မြတ်သည် တရားမှတ်တော်မူသော အရှင်ဖြစ်ပြီး အပြစ်ပြုသူများကို ပြစ်ဒဏ်ပေးမည်ဖြစ်သည်။ သို့သော် ဝန်ချတောင်းပန်သူများအတွက် အရှင်မြ
بَشِّرِ ٱلۡمُنَٰفِقِينَ بِأَنَّ لَهُمۡ عَذَابًا أَلِيمًا ١٣٨
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 136-140 — စူရာ အန်-နီဆာ
136 يَا أَيُّهَا الَّذِينَ آمَنُوا آمِنُوا بِاللَّهِ وَرَسُولِهِ وَالْكِتَابِ الَّذِي نَزَّلَ عَلَىٰ رَسُولِهِ وَالْكِتَابِ الَّذِي أَنزَلَ مِن قَبْلُ ۚ وَمَن يَكْفُرْ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ وَالْيَوْمِ الْآخِرِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘မလာအိကဟ်’ အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊
137 إِنَّ الَّذِينَ آمَنُوا ثُمَّ كَفَرُوا ثُمَّ آمَنُوا ثُمَّ كَفَرُوا ثُمَّ ازْدَادُوا كُفْرًا لَّمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًا
မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြန်၏။ ထို့နောက် တစ်ဖန် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် ၎င်းတို့သည် (အသက်ထက်ဆုံး) သွေဖည် ငြင်းပယ်မှု၌ပင် တိုးတက်နစ်မွန်းလျက် ရှိကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးသနားတော်မူမည်မဟုတ်ပေ။ ထိုသူတို့အား (ဂျန္နတ်) ရောက်ရာရောက်ကြောင်းလမ်းကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။
138 بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
139 الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
140 وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِّثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ (ကုရ်အာန်) ကျမ်းတော်မြတ်တွင် ဤသို့ (အမိန့်တော်) ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ မည်သည့်အခါမျိုးမဆို အသင်တို့သည် (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က) အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကိုလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြသည်ကိုလည်းကောင်း ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစက�းကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်’မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အန်-နီဆာ 138 စူရာ အန်-နီဆာ အာယာသ် 138 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
စူရာ အာယာသ် 138/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 136–140. မြန်မာဘာသာ: ภาษาไทย.