အန်-နီဆာ · 137/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ الَّذِينَ آمَنُوا ثُمَّ كَفَرُوا ثُمَّ آمَنُوا ثُمَّ كَفَرُوا ثُمَّ ازْدَادُوا كُفْرًا لَّمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًا ۝١٣٧
Innal lazeena aamanoo summa kafaroo summa aamanoo summa kafaroo summaz daado kufral lam yakunil laahu liyaghfira lahum wa laa liyahdiyahum sabeelaa
📖 မြန်မာဘာသာ
မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြန်၏။ ထို့နောက် တစ်ဖန် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် ၎င်းတို့သည် (အသက်ထက်ဆုံး) သွေဖည် ငြင်းပယ်မှု၌ပင် တိုးတက်နစ်မွန်းလျက် ရှိကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးသနားတော်မူမည်မဟုတ်ပေ။ ထိုသူတို့အား (ဂျန္နတ်) ရောက်ရာရောက်ကြောင်းလမ်းကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • آمَنُوا (အာမနူ): သူတို့သည် အီမာန်ယုံကြည်ခြင်းသို့ ဝင်ရောက်ခဲ့ကြသည်။
  • كَفَرُوا (ကာဖရူ): သူတို့သည် ကုဖ်ရ် (မယုံကြည်ခြင်း) သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
  • ازْدَادُوا (အဇ်ဒါဒူ): သူတို့သည် တိုးပွားလာခဲ့ကြသည်။
  • لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ (လမ် ယကုနိလ္လာဟု လိယဂ်ဖိရ လဟုမ်): အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူမည် မဟုတ်ပါ။
  • وَلَا لِيَهْدِيَهُمْ سَبِيلًا (ဝလာ လိယဟ်ဒိယဟုမ် စဗီလာ): သူတို့အား လမ်းမှန်သို့ ညွှန်ပြတော်မူမည် မဟုတ်ပါ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အီမာန်ယုံကြည်ခြင်းသို့ ဝင်ရောက်ပြီးနောက် ကုဖ်ရ်သို့ ပြန်လည်ရောက်ရှိသူများ၊ ထို့နောက် ထပ်မံ၍ အီမာန်ယုံကြည်ခြင်းသို့ ဝင်ရောက်ပြီး ထပ်မံ၍ ကုဖ်ရ်သို့ ပြန်လည်ရောက်ရှိသူများ၊ ထို့နောက် ကုဖ်ရ်တွင် ဆက်လက်တည်ရှိပြီး ကုဖ်ရ်ကို တိုးပွားစေကာ ကုဖ်ရ်အပေါ်၌ပင် သေဆုံးသွားသူများအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူများသည် သေဆုံးပြီးနောက် တောင်းပန်ခွင့်လွှတ်မှု (တောင်ဗာ) လက်ခံခြင်း မရှိတော့ပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူမည် မဟုတ်သကဲ့သို့ လမ်းမှန်သို့လည်း ညွှန်ပြတော်မူမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် အီမာန်နှင့် ကုဖ်ရ်အကြား အကြိမ်ကြိမ် လှည့်ပတ်ခဲ့ပြီး နောက်ဆုံးတွင် ကုဖ်ရ်ကို အလေးအနက်စွဲကိုင်ကာ သေဆုံးသည်အထိ တည်ရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသို့သောသူများအတွက် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့သည် မရရှိနိုင်တော့ပါ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ:
  • အီမာန်ယုံကြည်ခြင်းသည် အလွန်တန်ဖိုးကြီးသော အရာဖြစ်ပြီး ၎င်းကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။ အီမာန်မှ ထွက်ခွာခြင်းသည် အလွန်အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သည်။
  • အီမာန်နှင့် ကုဖ်ရ်အကြား အကြိမ်ကြိမ် လှည့်ပတ်ခြင်းသည် လူတစ်ဦး၏ နှလုံးသားကို ခိုင်မာစေပြီး နောက်ဆုံးတွင် လမ်းမှန်ရရှိရန် အခွင့်အလမ်း ဆုံးရှုံးနိုင်သည်။
  • ကုဖ်ရ်အပေါ်၌ သေဆုံးသွားသူများအတွ


📜 အာယာသ် 135-139 — စူရာ အန်-နီဆာ

135۞ يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ بِالْقِسْطِ شُهَدَاءَ لِلَّهِ وَلَوْ عَلَىٰ أَنفُسِكُمْ أَوِ الْوَالِدَيْنِ وَالْأَقْرَبِينَ ۚ إِن يَكُنْ غَنِيًّا أَوْ فَقِيرًا فَاللَّهُ أَوْلَىٰ بِهِمَا ۖ فَلَا تَتَّبِعُوا الْهَوَىٰ أَن تَعْدِلُوا ۚ وَإِن تَلْوُوا أَوْ تُعْرِضُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ်တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း) မိမိတို့ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။ အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆိုရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၎င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသောအရှင် ဖြစ်တော်မူပေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်စားကြကုန်လင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက်ပြောဆကြပါလျှင်၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှလုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
136يَا أَيُّهَا الَّذِينَ آمَنُوا آمِنُوا بِاللَّهِ وَرَسُولِهِ وَالْكِتَابِ الَّذِي نَزَّلَ عَلَىٰ رَسُولِهِ وَالْكِتَابِ الَّذِي أَنزَلَ مِن قَبْلُ ۚ وَمَن يَكْفُرْ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ وَالْيَوْمِ الْآخِرِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘မလာအိကဟ်’ အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊
137إِنَّ الَّذِينَ آمَنُوا ثُمَّ كَفَرُوا ثُمَّ آمَنُوا ثُمَّ كَفَرُوا ثُمَّ ازْدَادُوا كُفْرًا لَّمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًا
မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြန်၏။ ထို့နောက် တစ်ဖန် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် ၎င်းတို့သည် (အသက်ထက်ဆုံး) သွေဖည် ငြင်းပယ်မှု၌ပင် တိုးတက်နစ်မွန်းလျက် ရှိကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့အား အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးသနားတော်မူမည်မဟုတ်ပေ။ ထိုသူတို့အား (ဂျန္နတ်) ရောက်ရာရောက်ကြောင်းလမ်းကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။
138بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
(အို- နဗီတမန်တော်) အသင်သည် ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့အဖို့ ပြင်းပြနာကျင်ဖွယ်ရာအပြစ်ဒဏ်သည် (အဆင့်သင့်) ရှိသည်ဟု သတင်းကောင်းပြောကြားပါလေ။
139الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
137အာယာသ်

ဘာသာပြန် — အန်-နီဆာ 137

စူရာ အန်-နီဆာ အာယာသ် 137 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြ၏။ ထို့နောက် မယုံမကြည် သွေဖည်ငြင်းပယ်ကြပြန်၏။ ထို့နောက် တစ်ဖန်ပြန်၍…

စူရာ အာယာသ် 137/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 135–139. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers