အန်-နီဆာ · 79/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
مَّا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ ۖ وَمَا أَصَابَكَ مِن سَيِّئَةٍ فَمِن نَّفْسِكَ ۚ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا ۚ وَكَفَىٰ بِاللَّهِ شَهِيدًا ۝٧٩
Maaa asaabaka min hasanatin faminal laahi wa maaa asaaabaka min saiyi`atin famin nafsik; wa arsalnaaka linnaasi Rasoolaa; wa kafaa billaahi Shaheedaa
📖 မြန်မာဘာသာ
(အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌ ဆိုက်ရောက်သမျှသော ဒုက္ခဟူသရွေ့တို့သည် မိမိ (အပြုအမူတို့) ကြောင့်သာဖြစ်၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့ထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် (အသင် ရစူလ်တမန်တော်မြတ်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍) သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 77-81 — စူရာ အန်-နီဆာ

77أَلَمْ تَرَ إِلَى الَّذِينَ قِيلَ لَهُمْ كُفُّوا أَيْدِيَكُمْ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ إِذَا فَرِيقٌ مِّنْهُمْ يَخْشَوْنَ النَّاسَ كَخَشْيَةِ اللَّهِ أَوْ أَشَدَّ خَشْيَةً ۚ وَقَالُوا رَبَّنَا لِمَ كَتَبْتَ عَلَيْنَا الْقِتَالَ لَوْلَا أَخَّرْتَنَا إِلَىٰ أَجَلٍ قَرِيبٍ ۗ قُلْ مَتَاعُ الدُّنْيَا قَلِيلٌ وَالْآخِرَةُ خَيْرٌ لِّمَنِ اتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا
(အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ (ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် အမိန့်မကျရောက်မီက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန် အလွန် စိတ်အားထက်သန်နေကြသဖြင့်) ၎င်းတို့အား “အသင်တို့သည် မိမိတို့လက်များကို (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားရှိကာ ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်၍နေကြကုန်။ ၎င်းပြင် ‘ဇကာသ်’တရားဝင်ဒါနကြေး ပေးဆောင်နေကြကုန်” ဟု ပြောခဲ့ဖူးလေသည်။ တစ်ဖန် ထိုသူတို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် (အမိန့်တော်သည်) အတည်ဖြစ်လာခဲ့သောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဘိသကဲ့သို့ပင် လူတို့ကို ကြောက်ရွံ့လာကြရုံမျှမက အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို၍ ကြောက်ရွံ့လာကြကုန်၏။ ၎င်းပြင် ထိုသူတို့က ပြောဆိုခဲ့ကြသည်မှာ “အို- ကျွန်တော်မျိုးတို့၏အရှင်၊ အရှင်မြတ်သည် မည်သည့်အတွက်ကြောင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ကျွန်တော်မျိုးတို့အပေါ်၌ သတ်မှတ် အတည်ပြုတော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထပ်မံ၍ ရက်အနည်းငယ် ရွှေ့ဆိုင်းပေးတော်မူခဲ့ပါလျှင် တော်လေစွတကား” ဟု လျှောက်ထားပန်ကြားခဲ့ကြကုန်သည်။ (အို- နဗီတမန်တော်) အသင်သည် (ယင်းတို့အား) လောကီအကျိုးခံစားမှုသည် ခေတ္တခဏမျှအဖို့သာဖြစ်၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူ (တော်စင်) များအဖို့ နောင်တမလွန်ဘဝ (၏အကျိုးကျေးဇူးများ) သည်သာလျှင် အမွန်အမြတ်ဆုံးဖြစ်ပေသည်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ဆံခြည်ခန့်မျှပင် မတော်မတရားနှိပ်စက်မှုကို ခံကြရမည်မဟုတ်ပေ ဟု ပြောကြားပါလေ။
78أَيْنَمَا تَكُونُوا يُدْرِككُّمُ الْمَوْتُ وَلَوْ كُنتُمْ فِي بُرُوجٍ مُّشَيَّدَةٍ ۗ وَإِن تُصِبْهُمْ حَسَنَةٌ يَقُولُوا هَٰذِهِ مِنْ عِندِ اللَّهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَقُولُوا هَٰذِهِ مِنْ عِندِكَ ۚ قُلْ كُلٌّ مِّنْ عِندِ اللَّهِ ۖ فَمَالِ هَٰؤُلَاءِ الْقَوْمِ لَا يَكَادُونَ يَفْقَهُونَ حَدِيثًا
အသင်တို့သည် မည်သည့်နေရာ၌ပင် ရှိစေကာမူ၊ မရဏသေခြင်းတရားသည် အသင်တို့ထံ ရောက်ရှိလာအံ့။ အကယ်၍ အသင်တို့သည် အလွန်ခိုင်ခံ့လုံခြုံသော ခံတပ်ရဲတိုက်များအတွင်း (ပုန်းအောင်းခိုလှုံ၍) ရှိနေကြသော်လည်း (မရဏသေခြင်းတရားမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ချေ။) ၎င်းပြင် အကယ်၍ ယင်း (အယောင်ဆောင် မွတ်စ်လင်မ်) တို့၌ တစ်စုံတရာ က�ာင်းခြင်းမင်္ဂလာ ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့က “ဤကား အလ္လာဟ်အရှင်မြတ်အထံတော်မှဖြစ်သည်” ဟု ပြောဆိုလေ့ရှိကြကုန်၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌ အမင်္ဂလာတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သော် “ဤသည်ကား အသင့်အတွက်ကြောင့်ဖြစ်သည်” ဟု ပြောဆိုလေ့ရှိကြကုန်သည်။ အို- (နဗီတမန်တော်) အသင်သည် (ထိုသူတို့အား မင်္ဂလာ၊ အမင်္ဂလာဟူသမျှ) အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှပင်ဖြစ်သည်ဟု (ပြန်လည်၍) ဖြေကြားပါလေ။ သို့ဖြစ်ပေရာ ဤသူတို့သည် အဘယ်ကဲ့သို့သောအဖြစ်၌ ဆိုက်ရောက်နေကြသနည်း။ ထိုသူများသည် မည်သည့်အတွက်ကြောင့် မည်သည့်စကားကို နားမျှမလည်ဘဲ ရှိကြပါနည်း။
79مَّا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ ۖ وَمَا أَصَابَكَ مِن سَيِّئَةٍ فَمِن نَّفْسِكَ ۚ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
(အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌ ဆိုက်ရောက်သမျှသော ဒုက္ခဟူသရွေ့တို့သည် မိမိ (အပြုအမူတို့) ကြောင့်သာဖြစ်၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့ထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် (အသင် ရစူလ်တမန်တော်မြတ်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍) သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။
80مَّن يُطِعِ الرَّسُولَ فَقَدْ أَطَاعَ اللَّهَ ۖ وَمَن تَوَلَّىٰ فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا
မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသည်မည်၏။ သို့ရာတွင် မည်သူမဆို (အသင်၏ အမိန့်များကို သွေဖည်၍) မျက်နှာလွှဲဖယ်သွားခဲ့ပါမူ (အသင်၏တာဝန်မဟုတ်ချေ) ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ (တာဝန်ခံ) အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခဲ့သည်မဟုတ်ပေ။
81وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُوا مِنْ عِندِكَ بَيَّتَ طَائِفَةٌ مِّنْهُمْ غَيْرَ الَّذِي تَقُولُ ۖ وَاللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်) လိုက်နာရန်သာရှိသည် ဟု ပြောဆိုလေ့ရှိကြကုန်၏။ တစ်ဖန် အသင်၏ထံမှ ထွက်ခွာသွားကြသောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် မိမိတို့ပြောဆိုခဲ့ကြသော အချက်များနှင့် ဆန့်ကျင်သောကိစ္စများကို ညဉ့်အချိန်၌ တိုင်ပင်ဆွေးနွေးကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့ ညဉ့်အချိန်၌ဆွေးနွေးကြသောကိစ္စများကို ရေးသားလျက်ရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်စိတ်ချ အားထား၍နေပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
79အာယာသ်

ဘာသာပြန် — အန်-နီဆာ 79

စူရာ အန်-နီဆာ အာယာသ် 79 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌…

စူရာ အာယာသ် 79/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 77–81. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers