فَقَاتِلْ فِي سَبِيلِ اللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ الْمُؤْمِنِينَ ۖ عَسَى اللَّهُ أَن يَكُفَّ بَأْسَ الَّذِينَ كَفَرُوا ۚ وَاللَّهُ أَشَدُّ بَأْسًا وَأَشَدُّ تَنكِيلًا ٨٤
🔤 Transliteration
Faqaatil fee sabeelil laahi laa tukallafu illa nafsaka wa harridil mu`mineena `asallaahu ai yakuffa baasallazeena kafaroo; wallaahu ashaddu baasanw wa ashaaddu tanakeelaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
فَقَاتِلْ (ဖကါတိလ်): သင်တိုက်ခိုက်ပါ။ فِي سَبِيلِ اللَّهِ (ဖီ သဘီလိလ္လာဟ်): အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌။ لَا تُكَلَّفُ (လာ တုကလ္လဖု): သင့်အား တာဝန်ပေးအပ်ခြင်းမခံရ။ إِلَّا نَفْسَكَ (ဣလ္လာ နဖ္သက): သင့်ကိုယ်တိုင်မှတစ်ပါး။ وَحَرِّضِ (ဝဟရ္ရိဒျိ): လှုံ့ဆော်ပါ၊ အားပေးပါ။ الْمُؤْمِنِينَ (အလ္မုအ်မီနီန): ယုံကြည်သူများ။ عَسَى اللَّهُ (အသလ္လာဟု): အလ္လာဟ်အရှင်မြတ်သည် ဖြစ်ကောင်းဖြစ်နိုင်သည်။ أَن يَكُفَّ (အန် ယကူဖ္ဖ): တားဆီးပိတ်ပင်တော်မူမည်။ بَأْسَ (ဗအ်စ): စစ်အင်အား၊ တိုက်ခိုက်နိုင်စွမ်း။ الَّذِينَ كَفَرُوا (အလ္လဇီန ကဖရူ): မယုံကြည်သူများ။ أَشَدُّ بَأْسًا (အရှဒ္ဒု ဗအ်စန်): အင်အားအကြီးဆုံး၊ အပြင်းထန်ဆုံး။ أَشَدُّ تَنكِيلًا (အရှဒ္ဒု တန်ကီလန်): အပြင်းထန်ဆုံး အပြစ်ဒဏ်ပေးတော်မူသူ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အရှင်မြတ်၏ စကားတော်ကို မြှင့်တင်ရန်အတွက် သင်တိုက်ခိုက်ပါ။ သင့်အား သင့်ကိုယ်တိုင်မှတစ်ပါး အခြားသူများ၏ လုပ်ရပ်အတွက် တာဝန်ပေးအပ်ခြင်းမခံရပါ။ ဆိုလိုသည်မှာ သင့်ကိုယ်တိုင်သာ တိုက်ခိုက်ရန် တာဝန်ရှိပြီး အခြားသူများ မလိုက်နာလျှင် သူတို့အတွက် သင်တာဝန်ခံရမည်မဟုတ်ပါ။ ထို့နောက် ယုံကြည်သူများအား ဂျိဟာဒ်တိုက်ခိုက်ရန် လှုံ့ဆော်အားပေးပါ၊ သူတို့၏ စိတ်နှလုံးထဲတွင် တိုက်ခိုက်လိုစိတ် ထက်သန်လာအောင် အားပေးပါ။ အလ္လာဟ်အရှင်မြတ်သည် သင်နှင့် ယုံကြည်သူများ၏ တိုက်ခိုက်မှုဖြင့် မယုံကြည်သူများ၏ စစ်အင်အားကို တားဆီးပိတ်ပင်တော်မူရန် မျှော်လင့်အပ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးဖြစ်တော်မူပြီး အပြစ်ဒဏ်ပေးရာတွင်လည်း အပြင်းထန်ဆုံးဖြစ်တော်မူပါသည်။
ဤအာယသ်တော်သည် အုဟုဒ်စစ်ပွဲအပြီးတွင် တမန်တော်မြတ် (ဆွ) သည် အဗူဆုဖ်ယာန်အား ဗဒ်ရ်စွိုင်ရာ (အသေးစားဗဒ်ရ်စစ်ပွဲ) အတွက် ကတိပြုခဲ့သည့် အခြေအနေနှင့် ဆက်စပ်လျက်ရှိပါသည်။ သတ်မှတ်ရက်ရောက်သောအခါ တမန်တော်မြတ် (ဆွ) သည် လူများအား ထွက်ခွာရန် ဖိတ်ခေါ်ခဲ့ရာ အချို့က မနှစ်သက်ကြပါ။
فَقَٰتِلۡ فِي سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفۡسَكَۚ وَحَرِّضِ ٱلۡمُؤۡمِنِينَۖ عَسَى ٱللَّهُ أَن يَكُفَّ بَأۡسَ ٱلَّذِينَ كَفَرُواْۚ وَٱللَّهُ أَشَدُّ بَأۡسًا وَأَشَدُّ تَنكِيلًا ٨٤
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 82-86 — စူရာ အန်-နီဆာ
82 أَفَلَا يَتَدَبَّرُونَ الْقُرْآنَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ اللَّهِ لَوَجَدُوا فِيهِ اخْتِلَافًا كَثِيرًا
၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။
83 وَإِذَا جَاءَهُمْ أَمْرٌ مِّنَ الْأَمْنِ أَوِ الْخَوْفِ أَذَاعُوا بِهِ ۖ وَلَوْ رَدُّوهُ إِلَى الرَّسُولِ وَإِلَىٰ أُولِي الْأَمْرِ مِنْهُمْ لَعَلِمَهُ الَّذِينَ يَسْتَنبِطُونَهُ مِنْهُمْ ۗ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَاتَّبَعْتُمُ الشَّيْطَانَ إِلَّا قَلِيلًا
ထိုမှတစ်ပါးတုံ ၎င်းတို့ထံ စိတ်အေးဖွယ်ရာသော သတင်းတစ်ရပ်ရပ်၊ သို့မဟုတ် ကြောက်ရွံ့စိုးရိမ်ဖွယ်ရာသော သတင်းတစ်ရပ်ရပ်ရောက်ရှိလတ်သော်၊ ထိုသူတို့သည် ၎င်းသတင်းကို (စဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ ချက်ခြင်းပင်) ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် ဩဇာအာဏာရှိသူများထံသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြပါမူ ထိုသူတို့အနက်မှ နက်နဲစွာ �ဉ်စားဆင်ခြင်တတ်သောသူတို့သည် ထိုသတင်း (၏အခြေအမြစ်) ကို မလွဲဧကန် (ဝေဖန်ပိုင်းခြား၍) သိရှိကြပေမည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော်သည် မရှိခဲ့ပါမူ အနည်းငယ်သောသူတို့မှအပ အသင်တို့ (အားလုံး) သည် ရှိုင်တွာန်၏နောက်သို့ မုချ လိုက်ခဲ့ကြမည်သာတည်း။
84 فَقَاتِلْ فِي سَبِيلِ اللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ الْمُؤْمِنِينَ ۖ عَسَى اللَّهُ أَن يَكُفَّ بَأْسَ الَّذِينَ كَفَرُوا ۚ وَاللَّهُ أَشَدُّ بَأْسًا وَأَشَدُّ تَنكِيلًا
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင် အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဖွယ်ရာရှိ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင် ဖြစ်တော်မူသည့်အပြင် ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
85 مَّن يَشْفَعْ شَفَاعَةً حَسَنَةً يَكُن لَّهُ نَصِيبٌ مِّنْهَا ۖ وَمَن يَشْفَعْ شَفَاعَةً سَيِّئَةً يَكُن لَّهُ كِفْلٌ مِّنْهَا ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ مُّقِيتًا
မည်သူမဆို ကောင်းမြတ်သော (ကိစ္စတွင်) ကြားဝင်တိုက်တွန်းအံ့။ ပါဝင်ဆောင်ရွက်မှုကိုပြုအံ့။ ထိုသူ၏အဖို့ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏ ဝေစုဝေပုံသည် ရှိအံ့။ ထိုနည်းတူစွာ မည်သူမဆို ဆိုးယုတ်သောအမှုကိစ္စဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်မှုကိုပြုအံ့၊ ထိုသူ၏အပေါ်၌ ယင်းသို့ ပါဝင်ဆောင်ရွက်ခြင်း၏တာဝန်သည် ရှိအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
86 وَإِذَا حُيِّيتُم بِتَحِيَّةٍ فَحَيُّوا بِأَحْسَنَ مِنْهَا أَوْ رُدُّوهَا ۗ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ حَسِيبًا
တစ်ဖန် အသင်တို့သည် တနည်းနည်းအားဖြင့် (စလာမ်မေတ္တာပို့သလျက်) နှုတ်ခွန်းဆက်သခြင်းကို ခံကြရသောအခါ၊ အသင်တို့သည် ထိုနှုတ်ခွန်းဆက်သခြင်းခံကြရသည်ထက် ပိုမို၍ ကောင်းမြတ် သောနည်းမျိုးဖြင့် (စလာမ်မေတ္တာပို့၍) နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ်ထို (နှုတ်ခွန်း ဆက်ခြင်းခံကြရသည်) အတိုင်းပင် တုံ့ပြန်ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စစ်ဆေးတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အန်-နီဆာ 84 စူရာ အန်-နီဆာ အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ) ။ သို့ရာတွင်…
စူရာ အာယာသ် 84/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.