إِنَّ الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۙ إِن فِي صُدُورِهِمْ إِلَّا كِبْرٌ مَّا هُم بِبَالِغِيهِ ۚ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ ٥٦
🔤 Transliteration
Innal lazeena yujaadi loona feee Aayaatil laahi bighairi sultaanin ataahum in fee sudoorihim illaa kibrum maa hum bibaaligheeh; fasta`iz billaahi innahoo Huwas Samee`ul Baseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
ယုဂျာဒိလူန (يُجَادِلُونَ ): ငြင်းခုံကြသည်၊ အချေအတင်ပြုကြသည်။ စုလ္တွာန် (سُلْطَانٍ ): သက်သေအထောက်အထား၊ ခိုင်လုံသော အထောက်အထား။ ကိဗြ (كِبْرٌ ): မာန်မာန၊ ထောင်လွှားခြင်း။ မာ ဟုမ် ဗိဗာလိဂျီဟိ (مَّا هُم بِبَالِغِيهِ ): သူတို့သည် ၎င်းကို ရောက်ရှိမည်မဟုတ်ပေ၊ ရရှိမည်မဟုတ်ပေ။ ဖစ်သာအိဇ် (فَاسْتَعِذْ ): ခိုလှုံပါ၊ အရှင်မြတ်ထံ ခိုလှုံပါ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များနှင့် သက်သေလက္ခဏာများကို ငြင်းပယ်ရန်၊ ဖျက်ဆီးရန် ကြိုးစားသော သူများသည် မိမိတို့ထံ ရောက်ရှိလာသော ခိုင်လုံသော အထောက်အထား၊ သက်သေအပေါ် အခြေမခံဘဲ အချေအတင် ငြင်းခုံကြသည်။ ထိုသူများ၏ စိတ်နှလုံးထဲတွင် မာန်မာနနှင့် ထောင်လွှားခြင်းမှတစ်ပါး အခြားအရာ မရှိကြပေ။ သူတို့သည် ထိုမာန်မာနကို ရောက်ရှိရရှိမည် မဟုတ်ပေ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အရှက်ရစေမည်ဖြစ်သောကြောင့် သူတို့၏ ဆန္ဒသည် အကောင်အထည်ပေါ်မည် မဟုတ်ပေ။ အို တမန်တော်မုဟမ္မဒ်၊ ထိုသူများ၏ မကောင်းမှုများမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စကားများကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ သူတို့၏ လုပ်ရပ်များကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ သူတို့၏ လုပ်ရပ်များအတွက် အရှင်မြတ်သည် အစားပေးတော်မူမည် ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ခြင်း၊ အချေအတင်ပြုခြင်းသည် မာန်မာနနှင့် ထောင်လွှားခြင်း၏ အရင်းအမြစ်ဖြစ်သည်။ မာန်မာနသည် အမှန်တရားကို လက်မခံနိုင်အောင် တားဆီးပေးသည်။ မာန်မာနထောင်လွှားသူများသည် မိမိတို့၏ ဆန္ဒကို မည်သည့်အခါမျှ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အရှက်ရစေမည် ဖြစ်သည်။ အခက်အခဲများ၊ ရန်သူများ၏ မကောင်းမှုများနှင့် ရင်ဆိုင်ရာတွင် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်းသည် မုအ်မင်န်တို့၏ လမ်းစဉ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့
إِنَّ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡ إِن فِي صُدُورِهِمۡ إِلَّا كِبۡرٌ مَّا هُم بِبَٰلِغِيهِۚ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ٥٦
ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 54-58 — စူရာ ဂါဖီရ်
54 هُدًى وَذِكْرَىٰ لِأُولِي الْأَلْبَابِ
အသိဉာဏ်ရှိသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ဆုံးမဩဝါဒအဖြစ်လည်းကောင်း၊
55 فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ
သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။
56 إِنَّ الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۙ إِن فِي صُدُورِهِمْ إِلَّا كِبْرٌ مَّا هُم بِبَالِغِيهِ ۚ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
57 لَخَلْقُ السَّمَاوَاتِ وَالْأَرْضِ أَكْبَرُ مِنْ خَلْقِ النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
အမှန်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခြင်းသည် လူတို့အား ဖန်ဆင်းခြင်းထက် ပို၍ကြီးကျယ်(ခက်ခဲလှ)ပေသည်။ သို့ရာတွင် အများဆုံးသောသူတို့မှာမူကား သိနားလည်ကြသည် မဟုတ်ပေ။
58 وَمَا يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَلَا الْمُسِيءُ ۚ قَلِيلًا مَّا تَتَذَكَّرُونَ
ထို့ပြင် မျက်မမြင်နှင့် စက္ခုအလင်းရသောသူတို့သည် မတူကြပြီ။ ထိုနည်းတူစွာ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့နှင့် မကောင်းမှုကို ကျူးလွန်သောသူတို့သည်လည်း မတူကြပေ။ (စင်စစ်မှာကား) အသင်တို့သည် အနည်းငယ်မျှသာ ဆင်ခြင်ကြပေသည်။
ဘာသာပြန် — ဂါဖီရ် 56 စူရာ ဂါဖီရ် အာယာသ် 56 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏…
စူရာ အာယာသ် 56/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 54–58. မြန်မာဘာသာ: ภาษาไทย.