فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ ٥٥
🔤 Transliteration
Fasbir inna wa`dal laahi haqqunw wastaghfir lizambika wa sabbih bihamdi Rabbika bil`ashiyyi wal ibkaar
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကုရ်အာန်ကျမ်းတော်မြတ်၏ အခန်းကြီး (၄၀) ဂါဖိရ်၊ အာယသ်တော် အမှတ် (၅၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အာယသ်တော်၏ အာရဗီစာသား: فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ
အဓိပ္ပာယ်: ထို့ကြောင့် အသင်သည် ဇွဲရှိရှိ သည်းခံပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် အမှန်တရားဖြစ်သည်။ ထို့အပြင် အသင်သည် မိမိ၏ အပြစ်အတွက် ခွင့်လွှတ်မှု တောင်းခံပါ။ ထို့အပြင် အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ ညနေအချိန်နှင့် နံနက်အချိန်တို့တွင် သန့်ရှင်းစင်ကြယ်ကြောင်း ဂုဏ်တင်ပါ။
၁။ ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ: فَاصْبِرْ (ဖဆ်ဗိရ်): ဇွဲရှိရှိ သည်းခံပါ၊ ခန္တီတရားထားပါ။وَعْدَ اللَّهِ (ဝအ်ဒလ္လာဟ်): အလ္လာဟ်အရှင်မြတ်၏ ကတိတော်။حَقٌّ (ဟက္ကွ်): အမှန်တရား၊ ဧကန်အမှန် ဖြစ်သော။وَاسْتَغْفِرْ (ဝဆ်သွန်ဂ်ဖိရ်): ခွင့်လွှတ်မှု တောင်းခံပါ။لِذَنبِكَ (လိဇမ်ဗိက): သင်၏ အပြစ်အတွက်။وَسَبِّحْ (ဝဆဗ်ဗိဟ်): သန့်ရှင်းစင်ကြယ်ကြောင်း ဂုဏ်တင်ပါ၊ စူဘ်ဟာနလ္လာဟ် ရွတ်ဆိုပါ။بِحَمْدِ رَبِّكَ (ဗိဟမ်ဒိရဗ်ဗိက): သင်၏ အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ။بِالْعَشِيِّ (ဗိလ်အရှိုင်ယိ): ညနေအချိန် (အဆ်ရ်နှင့် မဂ်ရိဗ်ဝါချ်တော်များ၏ အချိန်)။وَالْإِبْكَارِ (ဝလ်အိဗ်ကာရိ): နံနက်အချိန် (ဖဂျ်ရ်ဝါချ်တော်၏ အချိန်)။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝဆလ္လမ်) အား နှစ်သိမ့်စေရန် နှင့် လမ်းညွှန်ပေးရန် ထုတ်ဖော်ခဲ့သော အာယသ်တော် ဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်အား မိမိ၏ လူမျိုးများဖြစ်သော မက္ကာမြို့သူများ၏ ငြင်းပယ်မှု၊ နှောင့်ယှက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်ရာတွင် ဇွဲရှိရှိ သည်းခံရန် အမိန့်ပေးတော်မူပါသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်အား အောင်ပွဲနှင့် ကူညီထောက်ပံ့မှု ပေးမည်ဟု ကတိပြုထားတော
فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقٌّ وَٱسۡتَغۡفِرۡ لِذَنۢبِكَ وَسَبِّحۡ بِحَمۡدِ رَبِّكَ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ٥٥
သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 53-57 — စူရာ ဂါဖီရ်
53 وَلَقَدْ آتَيْنَا مُوسَى الْهُدَىٰ وَأَوْرَثْنَا بَنِي إِسْرَائِيلَ الْكِتَابَ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် "မူစာ"အား တရားလမ်းညွှန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပြီး ဖြစ်၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် အီစ်ရာအီလီ အမျိုးသားတို့အား ကျမ်းဂန်ကို အမွေပေးတော်မူခဲ့၏။
54 هُدًى وَذِكْرَىٰ لِأُولِي الْأَلْبَابِ
အသိဉာဏ်ရှိသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ဆုံးမဩဝါဒအဖြစ်လည်းကောင်း၊
55 فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَاسْتَغْفِرْ لِذَنبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِالْعَشِيِّ وَالْإِبْكَارِ
သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။
56 إِنَّ الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۙ إِن فِي صُدُورِهِمْ إِلَّا كِبْرٌ مَّا هُم بِبَالِغِيهِ ۚ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
57 لَخَلْقُ السَّمَاوَاتِ وَالْأَرْضِ أَكْبَرُ مِنْ خَلْقِ النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
အမှန်ပင် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခြင်းသည် လူတို့အား ဖန်ဆင်းခြင်းထက် ပို၍ကြီးကျယ်(ခက်ခဲလှ)ပေသည်။ သို့ရာတွင် အများဆုံးသောသူတို့မှာမူကား သိနားလည်ကြသည် မဟုတ်ပေ။
ဘာသာပြန် — ဂါဖီရ် 55 စူရာ ဂါဖီရ် အာယာသ် 55 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင်…
စူရာ အာယာသ် 55/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 53–57. မြန်မာဘာသာ: ภาษาไทย.