وَكَذَٰلِكَ مَا أَرْسَلْنَا مِن قَبْلِكَ فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّقْتَدُونَ ٢٣
🔤 Transliteration
Wa kazaalika maaa arsalnaa min qablika fee qaryatim min nazeerin illaa qaala mutrafoohaaa innaa wajadnaaa aabaaa`anaa `alaaa ummatinw wa innaa `alaaa aasaarihim muqtadoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
နဇီရ် (نذير ) — သတိပေးနှိုးဆော်သူ၊ အပြစ်ဒဏ်နှင့်ပတ်သက်၍ သတိပေးသူ။ မုသရဖူဟာ (مترفوها ) — ထိုရွာ၏ ချမ်းသာကြွယ်ဝသူများ၊ ဂုဏ်ရှိရာထူးရှိသူများ၊ လောကီသုခချမ်းသာဖြင့် မာန်တက်နေသူများ။ အုမ္မသ် (أمة ) — လမ်းစဉ်၊ ဘာသာတရား၊ ယုံကြည်မှုစနစ်။ အာသာ (آثار ) — ခြေရာများ၊ လမ်းစဉ်များ၊ နောက်လိုက်လျှောက်ရမည့် လမ်း။ မုက္ကသဒူန် (مقتدون ) — နောက်လိုက်လျှောက်သူများ၊ အတုယူသူများ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်၊ သင့်မတိုင်မီကာလများ၌လည်း မြို့ရွာတစ်ခုသို့ ငါအရှင်မြတ်သည် သတိပေးနှိုးဆော်သူတစ်ဦးကို စေလွှတ်တော်မူခဲ့လျှင် ထိုရွာ၏ ချမ်းသာကြွယ်ဝသူများ၊ ရာထူးဂုဏ်ရှင်များက “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ဘာသာတရားတစ်ခုပေါ်တွင် တွေ့ရှိခဲ့ပြီး ကျွန်ုပ်တို့သည် သူတို့၏ ခြေရာများကို နောက်လိုက်လျှောက်သူများဖြစ်ကြသည်” ဟု ဆိုကြသည်သာ။ ဤသည်မှာ သင့်လူမျိုးအတွက် အသစ်အဆန်းမဟုတ်ပေ။ ရှေးကာလများကလည်း ဤသို့သော အခြေအနေမျိုး ဖြစ်ခဲ့ဖူးသည်။
ထိုသူများသည် မိမိတို့၏ ဘိုးဘေးများ၏ လမ်းစဉ်ကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ တမန်တော်များ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် အမှန်တရားကို ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ ဘိုးဘေးများ၏ လမ်းစဉ်ကို မျက်စိကန်း၍ လိုက်နာခြင်းကိုသာ အခြေခံပြုခဲ့ကြသည်။ ဤသို့သော အတုယူလိုက်နာမှုသည် လူသားများကို အမှန်တရားမှ လွဲမှားစေသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ ချမ်းသာကြွယ်ဝမှုနှင့် ရာထူးဂုဏ်သတင်း ပေါများခြင်းသည် သူတို့အား မာန်တက်စေပြီး အမှန်တရားကို လက်ခံရန် ခက်ခဲစေခဲ့သည်။ သို့သော် အမှန်တရားသည် ဘိုးဘေးများ၏ လမ်းစဉ်ဖြင့် တိုင်းတာရမည့်အရာ မဟုတ်ဘဲ အရှင်မြတ်၏ ဗျာဒိတ်တော်နှင့် တမန်တော်များ၏ ဖိတ်ခေါ်မှုဖြင့် တိုင်းတာရမည့်အရာ ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သည် လူသားအားလုံးအတွက် လမ်းညွှန်မှုဖြစ်ပြီး ရှေးကာလများမှ ယနေ့တိုင် တူညီသော အမှန်တရားကို ဖိတ်ခေါ်လ
وَكَذَٰلِكَ مَآ أَرۡسَلۡنَا مِن قَبۡلِكَ فِي قَرۡيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقۡتَدُونَ ٢٣
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 21-25 — စူရာ အဇ်-ဇုခ်ရုဖ်
21 أَمْ آتَيْنَاهُمْ كِتَابًا مِّن قَبْلِهِ فَهُم بِهِ مُسْتَمْسِكُونَ
ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။
22 بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّهْتَدُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။
23 وَكَذَٰلِكَ مَا أَرْسَلْنَا مِن قَبْلِكَ فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّقْتَدُونَ
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။
24 ۞ قَالَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ
ထိုသတိပေးနှိုးဆော်သူ (နဗီတမန်တော်)က"(အချင်းတို့၊) အကယ်၍ ငါသည် အသင်တို့ထံ အသင်တို့ မိမိတို့အဘ၊ ဘိုး၊ ဘေးတို့ (လိုက်ခဲ့ကြသည်)ကို တွေ့ရှိခဲ့ကြလေသောလမ်းစဉ်ထက် ပိုမို (တိကျမှန်ကန်သော)တရားလမ်းမှန်ကို ညွှန်ပြအံ့သော တရားဓမ္မကို အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပါလျက်(အသင်တို့သည် မိမိတို့၏ ရိုးရာဓလေ့များကိုသာ လိုက်စားကြမည်လော)"ဟု ပြောဆို(မေးမြန်းခဲ့)လေ၏။ (ထိုအခါ)၎င်းတို့က "စင်စစ်ဧကန် ကျွန်ုပ်တို့သည် အသင်တို့ယူဆောင်ခဲ့ကြသောတရားဓမ္မကို ယုံကြည် သူများမဟုတ်" ဟု ပြောဆိုခဲ့ကြကုန်၏။
25 فَانتَقَمْنَا مِنْهُمْ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
သို့ဖြစ်သောကြောင့်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား တုံ့ပြန်လက်စားချေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (အိုနဗီတမန်တော်)အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို (လေ့လာ) ကြည့်ရှုပါလေ။
ဘာသာပြန် — အဇ်-ဇုခ်ရုဖ် 23 စူရာ အဇ်-ဇုခ်ရုဖ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊…
စူရာ အာယာသ် 23/89 — စူရာ အဇ်-ဇုခ်ရုဖ် الزخرف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုခ်ရုဖ် နားထောင်, စူရာ အဇ်-ဇုခ်ရုဖ် ဘာသာပြန်, စူရာ အဇ်-ဇုခ်ရုဖ် mp3, စူရာ အဇ်-ဇုခ်ရုဖ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.