အဇ်-ဇုခ်ရုဖ် · 22/89
ဘာသာပြန် အသံနိုင်ငံ — အဇ်-ဇုခ်ရုဖ်
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّهْتَدُونَ ۝٢٢
Bal qaalooo innaa wajadnaaa aabaaa`anaa `alaaa ummatinw wa innaa `alaaa aasaarihim muhtadoon
📖 မြန်မာဘာသာ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။

🎧 နားထောင်


📜 အာယာသ် 20-24 — အဇ်-ဇုခ်ရုဖ်

20وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُم ۗ مَّا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုခဲ့ကြကုန်၏။အကယ်၍သာ အနန္တကရုဏာတော်ရှင်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် ထို"မလာအိကဟ်" ကောင်းကင်တမန်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြ မည်မဟုတ်ပေ။ ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ အသိပညာ လုံးဝမရှိပြီ။ (စင်စစ်မှာကား)၎င်းတို့မှာ ရမ်းဆ ပြောဆိုနေကြသည်သာတည်း။
21أَمْ آتَيْنَاهُمْ كِتَابًا مِّن قَبْلِهِ فَهُم بِهِ مُسْتَمْسِكُونَ
ငါအရှင်မြတ်သည် ၎င်းတို့အား ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသလော။ သို့ဖြစ်ရာ ၎င်းတို့သည် ယင်းကျမ်းကို အားကိုးအားထားပြုလျက် ရှိကြသည်(လော)။
22بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّهْتَدُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့လမ်းစဉ် တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ ဧကန်မလွဲ ကျွန်ုပ်တို့သည် ထိုအဘ၊ အဘိုး၊ဘေးတို့၏နောက်သို့ပင် ဖဝါးခြေထပ် လိုက်နာသူများပင် ဖြစ်ကြပါ၏။
23وَكَذَٰلِكَ مَا أَرْسَلْنَا مِن قَبْلِكَ فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِم مُّقْتَدُونَ
၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။
24۞ قَالَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ
ထိုသတိပေးနှိုးဆော်သူ (နဗီတမန်တော်)က"(အချင်းတို့၊) အကယ်၍ ငါသည် အသင်တို့ထံ အသင်တို့ မိမိတို့အဘ၊ ဘိုး၊ ဘေးတို့ (လိုက်ခဲ့ကြသည်)ကို တွေ့ရှိခဲ့ကြလေသောလမ်းစဉ်ထက် ပိုမို (တိကျမှန်ကန်သော)တရားလမ်းမှန်ကို ညွှန်ပြအံ့သော တရားဓမ္မကို အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပါလျက်(အသင်တို့သည် မိမိတို့၏ ရိုးရာဓလေ့များကိုသာ လိုက်စားကြမည်လော)"ဟု ပြောဆို(မေးမြန်းခဲ့)လေ၏။ (ထိုအခါ)၎င်းတို့က "စင်စစ်ဧကန် ကျွန်ုပ်တို့သည် အသင်တို့ယူဆောင်ခဲ့ကြသောတရားဓမ္မကို ယုံကြည် သူများမဟုတ်" ဟု ပြောဆိုခဲ့ကြကုန်၏။
အဇ်-ဇုခ်ရုဖ်ကုရ်အာန် ညွှန်းကိန်း
89အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အဇ်-ဇုခ်ရုဖ် 22

စူရာ အဇ်-ဇုခ်ရုဖ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် (ဤသို့) ပြောဆိုကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊…

စူရာ အာယာသ် 22/89 — အဇ်-ဇုခ်ရုဖ် الزخرف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အဇ်-ဇုခ်ရုဖ် နားထောင်, အဇ်-ဇုခ်ရုဖ် ဘာသာပြန်, အဇ်-ဇုခ်ရုဖ် mp3, အဇ်-ဇုခ်ရုဖ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers