အလ်-ဟုဂျူရာ့ · 9/18
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟုဂျူရာ့
وَإِن طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا بَيْنَهُمَا ۖ فَإِن بَغَتْ إِحْدَاهُمَا عَلَى الْأُخْرَىٰ فَقَاتِلُوا الَّتِي تَبْغِي حَتَّىٰ تَفِيءَ إِلَىٰ أَمْرِ اللَّهِ ۚ فَإِن فَاءَتْ فَأَصْلِحُوا بَيْنَهُمَا بِالْعَدْلِ وَأَقْسِطُوا ۖ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ ۝٩
Wa in taaa`ifataani minal mu`mineenaq tataloo faaslihoo bainahumaa fa-im baghat ih daahumaa `alal ukhraa faqaatilul latee tabhee hattaa tafeee`a ilaaa amril laah; fa-in faaa`t fa aslihoo bainahumaa bil`adli wa aqsitoo innal laaha yuhibbul muqsiteen
📖 မြန်မာဘာသာ
၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်း ဝေါဟာရများ ရှင်းလင်းချက်။
  • طَائِفَتَانِ (သွာကိဖသာန်) — လူအုပ်စုနှစ်စု၊ အဖွဲ့နှစ်ဖွဲ့။
  • اقْتَتَلُوا (အိက္ကသာလူ) — အချင်းချင်း တိုက်ခိုက်ကြသည်။
  • بَغَتْ (ဗဂတ်) — ကျူးလွန်သည်၊ မတရားပြုသည်၊ အာဏာဖီဆန်သည်။
  • تَفِيءَ (တဖီအာ) — ပြန်လာသည်၊ ပြန်လည်လက်ခံသည်။
  • أَمْرِ اللَّهِ (အမ်ရိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ ရှရီအသ်ဥပဒေ။
  • بِالْعَدْلِ (ဗိလ်အဒ်လ်) — တရားမျှတစွာ။
  • أَقْسِطُوا (အက်က္ကစ်သုဝ်) — တရားမျှတမှုကို တည်ဆောက်ကြပါ။
  • الْمُقْسِطِينَ (အလ်မုက္ကစ်သွီန်) — တရားမျှတသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

မုအ်မင်န်များထဲမှ အုပ်စုနှစ်စု အချင်းချင်း တိုက်ခိုက်ကြလျှင် အို မုအ်မင်န်တို့၊ သင်တို့သည် ထိုနှစ်စုကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်အတိုင်း စီရင်ဆုံးဖြတ်ရန် ဖိတ်ခေါ်ခြင်းဖြင့် ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ကြပါ။ အကယ်၍ ထိုနှစ်စုအနက် တစ်စုက ကျန်တစ်စုအပေါ် ကျူးလွန်မတရားပြုပြီး အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်ကို လက်မခံဘဲ ဆက်လက်ကျူးလွန်နေလျှင် ထိုကျူးလွန်သူအုပ်စုကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ထံ ပြန်လာသည်အထိ သင်တို့သည် တိုက်ခိုက်ကြပါ။ အကယ်၍ သူတို့သည် ကျူးလွန်မှုမှ ပြန်လည်ရုပ်သိမ်းပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ထံ ပြန်လာကြလျှင် ထိုနှစ်စုကြားတွင် တရားမျှတစွာ၊ ဘက်မလိုက်ဘဲ ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ကြပါ။ သင်တို့သည် တရားမျှတမှုကို တည်ဆောက်ကြပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူများကို နှစ်သက်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အစ္စလာမ်သည် မုအ်မင်န်များအချင်းချင်း ညီညွတ်စွာ နေထိုင်ရေးကို အလွန်အလေးထားသည်။ မုအ်မင်န်များအချင်းချင်း ရန်ဖြစ်ခြင်း၊ တိုက်ခိုက်ခြင်းသည် အစ္စလာမ်၏ သွန်သင်ချက်နှင့် ဆန့်ကျင်သည်။
  • မုအ်မင်န်များအကြား ပဋိပက္ခဖြစ်ပွားလျှင် ပြေလည်အောင် ဆောင်ရွက်ရမည်။ ဘက်လိုက်ခြင်းမပြုဘဲ တရားမျှတစွာ ဆောင်ရွက်ရမည်။
  • တရားမျှတမှုသည် အစ္စလာမ်၏ အခြေခံမဏ္ဍိုင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူများကို ချစ်မြတ်နိုးတော်မူ


📜 အာယာသ် 7-11 — စူရာ အလ်-ဟုဂျူရာ့

7وَاعْلَمُوا أَنَّ فِيكُمْ رَسُولَ اللَّهِ ۚ لَوْ يُطِيعُكُمْ فِي كَثِيرٍ مِّنَ الْأَمْرِ لَعَنِتُّمْ وَلَٰكِنَّ اللَّهَ حَبَّبَ إِلَيْكُمُ الْإِيمَانَ وَزَيَّنَهُ فِي قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ الْكُفْرَ وَالْفُسُوقَ وَالْعِصْيَانَ ۚ أُولَٰئِكَ هُمُ الرَّاشِدُونَ
၎င်းပြင် အသင်တို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရှိနေတော်မူသည်ကို (ကောင်းစွာ)သိထားကြလေကုန်။ အကယ်၍ ထိုရစူလ်တမန်တော်မြတ်သည် များစွာသော အရေးကိစ္စတို့၌ အသင်တို့၏ ပြောဆိုချက်ကို လိုက်နာပါလျှင် အမှန်ပင် အသင်တို့သာလျှင် ဒုက္ခတွေ့ကြမည်သာ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား’အီမာန်’ သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူခဲ့၏။ ထို့ပြင် ယင်း ‘အီမာန်’ ယုံကြည်မှုကို အသင်တို့၏ စိတ်နှလုံးများတွင် မြတ်နိုးစေတော်မူခဲ့၏။ လှပ တင့်တယ်စေတော်မူခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ‘ကုဖ်ရ်’ သွေဖည်မှုကိုလည်းကောင်း၊ ပြစ်မှု ကျူးလွန်ခြင်းကို လည်းကောင်း၊အမိန့် မနာခံမှုကိုလည်းကောင်း၊ စက်ဆုပ်စေတော်မူခဲ့၏။ ယင်းကဲ့သို့သော သူတို့သည်သာလျှင် လမ်းမှန်ကိုရရှိသူများ ဖြစ်ကြကုန်၏။
8فَضْلًا مِّنَ اللَّهِ وَنِعْمَةً ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူတော် ကြောင့်လည်းကောင်း၊ ဆုချီးမြှင့်တော်မူခြင်း ကြောင့်လည်းကောင်း၊အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
9وَإِن طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا بَيْنَهُمَا ۖ فَإِن بَغَتْ إِحْدَاهُمَا عَلَى الْأُخْرَىٰ فَقَاتِلُوا الَّتِي تَبْغِي حَتَّىٰ تَفِيءَ إِلَىٰ أَمْرِ اللَّهِ ۚ فَإِن فَاءَتْ فَأَصْلِحُوا بَيْنَهُمَا بِالْعَدْلِ وَأَقْسِطُوا ۖ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။
10إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။
11يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ ۖ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သရော်သမှုမပြုရ။(အကြောင်းသော်ကား) ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျားများသည် ထို(သရော် သောယောက်ျား)တို့ထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော်သမှုမပြုကြရ။ထို (သရော်သမှုပြုခြင်းကိုခံကြရသော)မိန်းမများသည် ထို(သရော်ကြသောမိန်းမ)များထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏။ သို့ပါလျက် မည်သူမဆို ဝန်ချတောင်းပန်ခြင်း မပြုခဲ့သော် ယင်းကဲ့သို့ သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပေသတည်း။
အလ်-ဟုဂျူရာ့ကုရ်အာန် ညွှန်းကိန်း
18အာယာသ်
MedinanRevelation
9အာယာသ်

ဘာသာပြန် — အလ်-ဟုဂျူရာ့ 9

စူရာ အလ်-ဟုဂျူရာ့ အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ်…

စူရာ အာယာသ် 9/18 — စူရာ အလ်-ဟုဂျူရာ့ الحجرات (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟုဂျူရာ့ နားထောင်, စူရာ အလ်-ဟုဂျူရာ့ ဘာသာပြန်, စူရာ အလ်-ဟုဂျူရာ့ mp3, စူရာ အလ်-ဟုဂျူရာ့ pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers